နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၈/၇/၂၀၂၂)

ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


စပို့တင်းကွင်းရဲ့ ပါကင်မှာ သူစီးတဲ့ ကားတွေ့တာကို အတုအယောင်လို့ ငြင်းလိုက်တဲ့ ရော်နယ်ဒို

စပို့တင်းလစ္စဘွန်း အသင်းရဲ့ ကားပါကင်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကားကို မြင်တွေ့ခဲ့ပြီးနောက် ယူနိုက်တက် တိုက်စစ်မှူး အနေနဲ့ သူ့ရဲ့ ငယ်ဘ၀ ကလပ်ဟောင်းကို အငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ ပေါ်တူဂီ အခြေစိုက် သတင်းဌာန တစ်ခုက ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်မှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ စပို့တင်းနဲ့ ညှိနှိုင်းဖို့ အတွက် ရောက်ရှိလာတာ ဖြစ်ကြောင်း အဲ့ဒီ သတင်းဌာနက အကျယ်တဝင့်ကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် ပရိသတ်တွေလည်း အံ့အားသင့်နေခဲ့ကြပြီး အမှန်တကယ်ပဲ ရော်နယ်ဒို အနေနဲ့ စပို့တင်းလစ္စဘွန်းကို ပြန်လည် ပြောင်းရွှေ့တော့မှာလား ဆိုပြီး စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ကားကို စပို့တင်းကွင်းမှာ အမှန်တကယ် မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့ပေမယ့် ရော်နယ်ဒို ကတော့ သတင်းဌာနရဲ့ အင်စတာဂရမ် ပို့စ်အောက်မှာ “ အတုအယောင်” လို့ ဝင်ရောက် ရေးသားပြီး ငြင်းဆိုထားပါတယ်။

ပေါ်တူဂီလိဂ်ရဲ့အင်အားကြီး ကလပ်တစ်ခု ဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဟာ ရော်နယ်ဒိုကို မွေးထုတ်ပေးခဲ့တဲ့ ကလပ် ဖြစ်ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်က ကစားသမားဘ၀ အနားမယူခင် အသင်းဟောင်းမှာ ပြန်ကစားချင်တယ်လို့ ပြောခဲ့ဘူးပေမယ့် အခုလို သူ့ရဲ့ ငြင်းဆန်မှုကြောင့်တော့ လက်တလော မဖြစ်နိုင်သေးဘူး လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။


ကစားသမားတွေကို တိုက်ပွဲဝင် စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတဲ့ ကွန်တီ

အန်တိုနီယို ကွန်တီ ကတော့ သူကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကစားသမားတွေကို အကြောက်တရား မရှိအောင်၊ အမြဲတမ်း တက်ကြွနေအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်သွင်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဆီဗီလာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆွန်ဟောင်မင်က အစပြုပြီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အသင်းကြား ရုန်းရင်းဆန်ခတ် ဖြစ်စဉ်မှာ စပါး ကစားသမားတွေကို အရင်နဲ့ မတူတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး အောင်မြင်မှုနဲ့ အမြဲတမ်း အလှမ်းဝေးနေတတ်တဲ့ စပါးမှာ အောင်ပွဲရယူလို စိတ်၊ တိုက်ပွဲဝင်လို စိတ်တွေ နည်းပါးနေတာကို သတိထားမိတဲ့ ကွန်တီက အဲဒီ အားနည်းချက်ကို လုံးဝ ပျောက်သွားအောင် ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။ စပါးရဲ့ ဝါရင့် ကစားသမား တစ်ဦး ဖြစ်တဲ့ လူးကပ်စ် မော်ရာ ကိုယ်တိုင်ကလည်း ကွဲပြားခြားနားတဲ့ စပါးကို မြင်တွေ့နေရတယ်လို့ ဝန်ခံခဲ့ပြီး ကွန်တီရဲ့ ပြောင်းလဲပေးမှုကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဓိက, ကတော့ ပြိုင်ဘက်ကို ရန်လို ရန်မင်း ပြုလုပ်ခြင်း မဟုတ်ဘဲ အမြဲတမ်း စိတ်အား တက်ကြွနေအောင်၊ အသင်းသား အချင်းချင်း စည်းလုံး ညီညွှတ်အောင်၊ အနိုင်ရလိုစိတ် အပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်တတ်အောင် ကွန်တီက တဖြည်းဖြည်းချင်း ပြောင်းလဲပေးနေတာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ ကြီး စာရင်းဝင် အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ဆုဖလား အောင်မြင်မှုတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတာကြောင့် ပြိုင်ဘက် အသင်းတွေ ကြားမှာ အမြဲတမ်း ခေါင်းတစ်လုံး နိမ့်နေရတဲ့ အသင်းလို့လည်း ပြောလို့ ရပါတယ်။


မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာလိုက်တဲ့ ယူနိုက်တက်

နယ်သာလန် ထိပ်သီး အသင်း အေဂျက်ဇ်ရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
လီဆန်ဒရို မာတီနက်ဇ်ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

နယ်သာလန် ထိပ်သီး အသင်း အေဂျက်ဇ်ရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က အတည်ပြု ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် အာဂျင်တီးနား နောက်ခံလူ အတွက် ယူနိုက်တက်တို့ ယူရို ၅၅ သန်း ပေးချေရမှာဖြစ်ပြီး ကစားသမား အနေနဲ့ တစ်ပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ အထိ ရရှိမယ်လို့လည်း သိရပါတယ်။

မာတီနက်ဇ်ဟာ တန်ဟက်ဂ် အေဂျက်ဇ် နည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်က အားထားရတဲ့ တပည့် တစ်ဦး ဖြစ်ပြီး ခံစစ်မှူး တစ်ဦးမှာ ရှိရမယ့် အရည်အသွေးတွေ သာမက အသင်းရဲ့ ကစားကွက် အတိုင်း လိုက်ပါ စီးမြော ကစားနိုင်သူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်က သူ့ရဲ့ နည်းစနစ်ပိုင်း အတွက် မာတီနက်ဇ်ဟာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာဦးမယ်လို့ ယုံကြည်တာကြောင့် အိုးထရက်ဖို့ဒ်ဆီ အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ပရီးမီးယားလိဂ် မန်ချက်စတာမြို့ခံ အသင်း အနေနဲ့ မာလာစီယာ၊ အဲရစ်ခ်ဆင်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ ၃ ဦး အထိကို ခေါ်ယူထားနိုင်ခဲ့ပြီး ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ အတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားနေဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်