နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဆက်လက် ဖော်ပြပေးချင်ပါတယ်။


ယူနိုက်တက် အသင်းဖော်ဟောင်းကို ကယ်တင်ဖို့ စဉ်းစားနေတဲ့ ရွန်နီ

မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဝိန်းရွန်နီ အနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က အသင်းဖော်ဟောင်း ဖီးလ်ဂျုံးစ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်မှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပွဲထွက် ကစားခွင့် မရသလောက် ရှိခဲ့ပြီး အသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်နေရုံမျှထက် မပိုဘူးလို့တောင် ပြောလို့ ရပါတယ်။

ရွန်နီနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ ယူနိုက်တက်မှာ အသင်းဖော်တွေ အဖြစ်နဲ့ တွဲကစားခဲ့ဖူးသူတွေ ဖြစ်တာကြောင့်လည်း ပြန်လည် ပူးပေါင်းဖို့ လွယ်ကူဖွယ် ရှိနေပါတယ်။ အင်္ဂလန် နောက်ခံလူဟာ ထိုင်းနဲ့ ဩစတြေးလျကို သွားတဲ့ ခြေစမ်းပွဲ ခရီးစဉ်ကိုလည်း လိုက်ပါခွင့် မရခဲ့သလို မန်ချက်စတာမှာပဲ ကြံ့ခိုင်မှု တိုးတက်လာစေဖို့ လေ့ကျင့်ရင်း ကျန်ရစ်နေခဲ့ရသူ ဖြစ်ပါတယ်။

မေဂျာလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးနား ရောက်နေတဲ့ ဒီစီယူနိုက်တက်ကို ကယ်တင်ဖို့ အတွက် ရွန်နီက ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ ကုစားချင်နေတာ ဖြစ်ပါတယ်။ ရွန်နီဟာ ဖီးလ်ဂျုံးစ် အပြင် ယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဂျက်ဆီ လင်ဂတ်နဲ့ မော်ရစ်ဆင် တို့ကိုပါ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေရဲ့ လုပ်ခလစာက မြင့်မားမှုက ရူနီရဲ့ အကြံအစည် အတွက် အဟန့်အတား ဖြစ်နေတယ်လို့ သိရပါတယ်။


ရော်နယ်ဒိုကို ငြင်းလို့ ကောင်းတိုင်း အသည်းအသန် ငြင်းပြနေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ နောက်ထပ် တစ်ကြိမ် ထပ်ပြီး ငြင်းဆန်လိုက်ပါတယ်။
ဘေယန်မြူးနစ်ရဲ့ အသားလွတ် ထပ်ငြင်းဆန်ခြင်း ခံလိုက်ရပြန်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ နောက်ထပ် တစ်ကြိမ် ထပ်ပြီး ငြင်းဆန်လိုက်ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ ရောင်းချခဲ့ရပြီးနောက် ရော်နယ်ဒိုကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာတဲ့ အတွက် ဘေယန်မြူးနစ်တို့ နောက်ထပ် တစ်ကြိမ် ငြင်းဆန်လိုက်တာလည်း ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အားကစား ဒါရိုက်တာ ဆာလီ ဟာမစ်ဇစ်က “ကျနော် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ကစားသမားဘဝ ဖြတ်သန်းခဲ့ရာ လမ်းကြောင်းကို အများကြီး လေးစားပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်တကြိမ် ထပ်ပြောပါရစေ။ ရော်နယ်ဒိုကို ခေါ်ယူဖို့ဆို တာ အရင် ကရော၊ အခုရော ကျနော်တို့ အတွက် လုပ်ဆောင်ရမယ့် ကိစ္စတခု မဟုတ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာလိုကြောင်း တရားဝင် ဖွင့်ဟထားတဲ့ ရော်နယ်ဒိုကို လက်ရှိ အချိန်ထိ ကမ်းလှမ်းထားတဲ့ အသင်း မရှိသေးတာကြောင့် အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူးကြီး အနေနဲ့ ဘာဆက်လုပ်ရမယ် မသိပဲ လမ်းပျောက်နေတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
1X2 ဆောက်သမ်တမ် @ 6.80
ဂိုးပေါ် 3.00 @ 2.11
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂန်းနား ဖြစ်ဖို့ တဖြည်းဖြည်း နီးစပ်လာတဲ့ ဇင်ချန်ကို

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ မန်စီးတီး အသင်းရဲ့ နောက်ခံလူ ဇင်ချန်ကိုကို ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေမှာ ဆက်တိုက် ဖော်ပြနေပါတယ်။ ယူကရိန်း နောက်ခံလူ အတွက် အာဆင်နယ်တို့ ပေါင်သန်း ၃၀ ခန့် ပေးချေဖို့ ရှိပြီး လက်ရှိမှာတော့ စာချုပ် လက်မှတ်ရေးထိုးဖို့ အတွက် ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ကို ခေါ်ယူ အပြီးမှာ နောက်ထပ် မန်စီးတီး ကစားသမားတစ်ဦးကို အာဆင်နယ်တို့ ထပ်မံ ခေါ်ယူနိုင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။  ဇင်ချန်ကိုဟာ အသက် ၂၅ နှစ် အရွယ်သာ ရှိသေးသလို ဘယ်အစွန် နောက်ခံလူ နေရာ အတွက် သာမက ကွင်းလယ် မှာလည်း ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တာကြောင့် အာဆင်နယ် နည်းပြ မီခယ်အာတေးတား အတွက် ရွေးချယ်ရ ပိုပြီး လွယ်ကူစေနိုင်သူလည်း ဖြစ်ပါတယ်။ ဇင်ချန်ကို ကိုယ်တိုင် ကလည်း အသင်းပြောင်းရွှေ့ခွင့်ပေးဖို့ အတွက် စီးတီးဘက်ကို တောင်းဆိုခဲ့တယ်လို့ သိရပြီး နောက်ဆုံးမှာတော့ မန်စီးတီး ဘက်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက်တော့ ဇင်ချန်ကိုဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူတဲ့ ၅ ဦးမြောက် ကစားသမား ဖြစ်ပြီး စပိန်လူမျိုး နည်းပြရဲ့ အဓိကကစားသမားတွေ ထဲက တစ်ဦး အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်