နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၇/၇/၂၀၂၂)

ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်း တချို့ကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံဆုတွေ ယူဖို့ အမှန်တကယ် တွန်းအားပေးရမယ့် အချိန်ရောက်ပြီလို့ ဟယ်ရီကိန်း ကြုံးဝါး

အသင်းနဲ့ အတူ အောင်မြင်မှု ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ အတွက် အမှန်တကယ် တွန်းအားပေးရတော့မယ့် အချိန် ရောက်ပြီလို့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက ကြုံးဝါးလိုက်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတို့ ၁၉၅၁ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ဆုဖလားကို မမြင်ဖူးတော့သလို အက်ဖ်အေဖလား မှာလည်း ၁၉၉၁ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ဥရောပရဲ့ အဓိက ပြိုင်ပွဲကြီး တစ်ခု ဖြစ်တဲ့ ယူရိုပါလိဂ် မှာတော့ ၂ ကြိမ် ဗိုလ်စွဲထားပေမယ့် ၁၉၈၄ ခုနှစ် တုန်းက ဖြစ်လို့ စပါးကို အောင်မြင်မှုတွေနဲ့ ကာလရှည်ကြာ ဝေးကွာနေတဲ့ အသင်း အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

မြောက်လန်ဒန် ကလပ် အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကွန်တီရဲ့ လမ်းညွှန်မှုနဲ့ အတူ ခပ်သွက်သွက် လှုပ်ရှားနေပြီး လိုအပ်တဲ့ ကစားသမားတွေ ကိုလည်း ရအောင် ခေါ်ယူထားပြီး ဖြစ်ပါတယ်။ စပါးတို့ ပါရီဆစ်၊ ဖော်စတာ၊ ဘစ်ဆူးမား၊ ရစ်ချာလီဆင်၊ လန်းဂ်လတ်နဲ့ စပန့်စ် တို့ကို ခေါ်ယူထားခဲ့ပြီး ကွန်တီရဲ့ အနေနဲ့ အမှန်တကယ် လိုအပ်တဲ့ နေရာတွေ အတွက် မှန်ကန်တဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကလည်း လက်ရှိ အခြေအနေ အပေါ် အားရ ကျေနပ်နေပြီး အသင်းဟာ ဆုဖလား မရတာ ကြာမြင့်လာပြီ ဖြစ်ကြောင်း၊ နောက်ပိုင်း ၂ နှစ်၊ ၃ နှစ် အတွင်း ဆုဖလား ရယူနိုင်စွမ်း ရှိခဲ့ပေမယ့် အထမမြောက်ခဲ့ကြောင်း၊ အကောင်းဆုံး ခေါ်ယူမှုတွေကြောင့် လာမယ့် ရာသီသစ်ဟာ ကြီးမားတဲ့ ရာသီတစ်ခု ဖြစ်လာနိုင်ကြောင်း၊ အဲ့ဒီ အတွက်လည်း ရာသီသစ် မစခင် လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


အမှတ်ပေးဖလား လိ ရော်နယ်ဒိုကို ခေါ်သင့်တယ်လို့ ဆိုလိုက်တဲ့ ပေါလ်မာဆွန်

ချဲလ်ဆီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူချင်ရင် ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူသင့်တယ်လို့ အာဆင်နယ်နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ပေါလ်မာဆွန်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
တစ်ရာသီ ဂိုး ၂၀ ပုံမှန် သွင်းပေးနိုင်တာ ရော်နယ်ဒိုပဲ ရှိတယ်လို့ မှတ်ချက်ပြုထားတဲ့ ပေါလ်မာဆွန်

ချဲလ်ဆီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူချင်ရင် ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူသင့်တယ်လို့ အာဆင်နယ်နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ပေါလ်မာဆွန်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ အဓိက, ကတော့ ချဲလ်ဆီးတို့ မန်စီးတီးနဲ့ လစ်ဗာပူးလ်ကို ကျော်ပြီး အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အတွက် ဆိုရင် ရော်နယ်ဒို သာလျှင် အကောင်းဆုံး ကူညီပေးနိုင်သူ ဖြစ်တယ်လို့ ဆိုလိုခဲ့တာပါ။

ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး မခေါ်ပဲနဲ့တော့ သူတို့တွေ လာမယ့်ရာသီမှာ အဆင့် ၃ ထက် ပိုပြီးတော့ ရမှာ မဟုတ်ပါဘူး၊ ဒီအတွက် သင့်တော်တဲ့သူ စျေးကွက်ထဲမှာ ရှိနေပါတယ်၊ ခရစ္စတီယာနို ရော်နယ်ဒိုပါ၊ စတာလင်၊ ကူလီဘာလီနဲ့ နေသန် အေခီတို့ အားလုံးက ကစားသမားကောင်းတွေ ဖြစ်ပြီး ချယ်လ်ဆီးကို ကူညီနိုင်ပါလိမ့်မယ်။” လို့ ပေါလ်မာဆွန်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပေါလ်မာဆွန်က “ ဒါပေမယ့် သူတို့ အနေနဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက် ရှိနေပါသေးတယ်၊ ဘာကြောင့်လဲ ဆိုရင် ကိုင်ဟာဗက်ဇ်က တိုက်စစ်မှူး အစစ် မဟုတ်ပါဘူး၊ သူ့ အနေနဲ့ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် အာမခံနိုင်သူ မဟုတ်ပါဘူး။ ဒီအရာဟာ ရော်နယ်ဒို အတွက်တော့ သေချာတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်၊ သူတို့က ပွဲတိုင်းကို လွှမ်းမိုးပြီး ကစားနိုင်ပါတယ်၊ ပြိုင်ဘက်ရဲ့ ဧရိယာထဲ အထိ ဝင်ရောက်ပြီး ကောင်းကောင်း ကစားနိုင်ပါတယ်၊ ဘန်ချေးဝဲလ်နဲ့ ရိစ်ဂျိမ်းစ် တို့ဆီက အရမ်းကောင်းတဲ့ ဖြတ်တင်ဘောတွေကို အကောင်းဆုံး အဆုံးသတ်နိုင်တဲ့ အရည်အသွေးမျိုး ရှိတဲ့ သူဟာ ရော်နယ်ဒို ပါပဲ” လို့ ရေးသား တိုက်တွန်း သွားခဲ့တာ ဖြစ်ပါတယ်။


အမြဲတမ်း အကောင်းဆုံး တွေးပေးတတ်တဲ့ ကွန်တီကြောင့် ပျော်ရွှင်နေရတဲ့ ဆွန်

ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးတို့ တောင်ကိုရီးယား ကေလိဂ် ကလပ်နဲ့ ရာသီကြို ခြေစမ်းပွဲ ကစားခဲ့ပြီး ၃-၆နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲ မှာတော့ တောင်ကိုရီးယား ကြယ်ပွင့် ဆွန်ဟောင်မင်က ဒုတိယပိုင်း ၄၇ မိနစ် ရောက်မှ လူစားဝင်ခဲ့ပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကို ကျေနပ် ပျော်ရွှင်စေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
1X2 ဆောက်သမ်တမ် @ 6.80
ဂိုးပေါ် 3.00 @ 2.11
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲချိန် ၄၇ မိနစ်မှ လူစားဝင်ခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီးလည်း ဆွန်ဟောင်မင်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ “ ကေလိဂ်ရဲ့ အကောင်းဆုံး အသင်းနဲ့ ခြေစမ်းပွဲ မတိုင်ခင်မှာ ကွန်တီ ကျနော့်ကို ပြောခဲ့တာ ရှိတယ်။ တကယ်လို့ ကျနော်သာ ဒုတိယပိုင်း စစချင်း ဝင်ပြီး ကစားခဲ့မယ် ဆိုရင် ပရိသတ်တွေ ဆီက အသိအမှတ်ပြုတာကို ရနိုင်မှာ မဟုတ်ဘူးတဲ့။ အဲဒါနဲ့ပဲ သူက ကျွန်တော့်ကို ပွဲချိန် ၄၇ မိနစ် ရောက်မှ ကွင်းထဲ ထည့်ပေးခဲ့တာပါ၊ ဒီအတွက် ကျွန်တော် တကယ်ကို ကျေနပ် သဘောကျမိပါတယ်” ဆွန်ဟောင်မင်က ပြောကြားသွားခဲ့ပါတယ်။

ကွန်တီဟာ သူအားထားရတဲ့ တပည့် ဆွန်ဟောင်မင် အတွက် အမြဲတမ်းလိုလို ဘယ်အရာက အကောင်းဆုံး ဖြစ်နိုင်မလဲ ဆိုတာကို တွေးတော ပေးတတ်သူ ဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက် ကလည်း မှန်ကန်ခဲ့ပါတယ်။ ဆွန်ဟောင်မင် လူစားဝင်ချိန်မှာတော့ ကွင်းလုံးပြည့် ပရိသတ် အားလုံး နီးပါးက မတ်တပ်ရပ်ပြီး လက်ခုပ်တီး အားပေး ကြိုဆိုခဲ့ကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်