နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အပြောင်းအရွှေ့ ကာလမှာ နှစ်သင်းကြား အလုပ်ဖြစ်နေတဲ့ အာဆင်နယ်နဲ့ မန်စီးတီး

လက်ရှိ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ စျေးကွက် အတွင်း မန်စီးတီးနဲ့ အာဆင်နယ်တို့ အကြား အပြောင်းအရွှေ့ ကိစ္စတွေ တော်တော်လေး အလုပ်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ လကပဲ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုကို ပေါင် ၄၅ သန်း+ အပိုဆုကြေး (၅) သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာလည်း လန်ဒန် မြို့ခံ ကလပ် အနေနဲ့ မန်စီးတီး အသင်းရဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကို,ကို ထပ်မံ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ သာမက ကွင်းလယ် မှာပါ ကစားနိုင်တဲ့ ယူကရိန်း လက်ရွေးစင် အတွက် မန်စီးတီး ဘက်က ပေါင် ၃၅ သန်း အလိုရှိနေပြီး အာဆင်နယ် ကလည်း ပေးချေဖို့ အသင့် ရှိနေတယ်လို့ အင်္ဂလန် မီဒီယာတွေမှာ တောက်လျောက် ဖော်ပြနေပါတယ်။

ဒါ့အပြင် ကစားသမား ကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး မန်စီးတီး ကတော့ ဇင်ချန်ကို အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် အသင်း ပြောင်းခွင့်ပေးဖို့ အစောပိုင်းထဲက ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့တဲ့ မီခယ် အာတေးတား အနေနဲ့ မန်စီးတီး ကစားသမားတွေနဲ့ သူ့ရဲ့ အကြား ရှိထားတဲ့ ရင်းနှီးမှုတွေကို အသုံးချပြီး အခုလိုပဲ ဇင်ချန်ကို,ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ (Draw) @ 3.70
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီး ပစ်မှတ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ပီအက်စ်ဂျီ

ချဲလ်ဆီးက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နောက်ခံလူ ပရက်စ်နဲလ် ကင်မ်ပမ်ဘီ အတွက် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ နာပိုလီ နောက်ခံလူ ကူလီဘာကို ခေါ်ယူပြီးနောက် အခုလိုပဲ ကင်မ်ပမ်ဘီ ကိုပါ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ အပြင် မန်စီးတီးက နေသန် အေခီ ကိုလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။ 

လန်ဒန် အခြေစိုက် ကလပ်ဟာ ခရစ္စတန်ဆန်နဲ့ ရူဒီဂါ တို့ကို အလွတ်နဲ့ အသင်းပြောင်းခွင့် ပေးခဲ့ရပြီးနောက် ခံစစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် လီဂူးဝမ်း ချန်ပီယံတို့ ပီအက်စ်ဂျီ ဘက်ကတော့ ကင်မ်ပမ်ဘီ အတွက် သူတို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး အတိုင်း ပေးချေမယ် ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် ချဲလ်ဆီးရဲ့ နောက်ဆုံး အကြိမ် ကမ်းလှမ်းမှုဟာ ပီအက်စ်ဂျီ တောင်းဆိုနေတဲ့ ပမာဏနဲ့ ပေါင် ၁၇ သန်း ကွာဟနေသလို စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ပဲရစ်မြို့ကို စွန့်ခွာဖြစ်ခဲ့ရင် ဂျူဗင်တပ်စ် ထက် ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။


ဆေးစစ်မှု ခံယူဖို့ မန်ချက်စတာကို ရောက်ရှိနေတဲ့ လီဆန်ဒရို မာတီနaက်ဇ်

သရဲနီ ကစားသမားသစ် ဖြစ်လာတော့မယ့် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကတော့ ဆေးစစ်မှုတွေ ခံယူဖို့ အတွက် မန်ချက်စတာမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ သူ့ရဲ့ အေးဂျင့် ဖြစ်သူနဲ့ လေယာဉ်ပေါ်မှာ ရှိနေတဲ့ ဓာတ်ပုံတွေ အပြင် မန်ချက်စတာကို ဆိုက်ရောက်လာတဲ့ ဓာတ်ပုံတွေ ကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၄ နှစ် အရွယ် မာတီနက်ဇ်ဟာ နယ်သာလန် ထိပ်သီး ကလပ် အေဂျက်ဇ်ရဲ့ အားထားရတဲ့ နောက်ခံလူ ဖြစ်ပြီး ဗဟိုခံစစ်နဲ့ ဘယ်အစွန် ခံစစ် မှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့အကြောင်း ကောင်းကောင်း သိထားတဲ့ တန်ဟက်ဂ်က အိုးထရက်ဖို့ဒ်ဆီ အရ ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။လက်ရှိ ယူနိုက်တက်ရဲ့ နောက်တန်းမှာ ဗာရန်း၊ မက်ဂွိုင်းယား၊ ဘိုင်ယီ၊ လင်ဒီလော့ဖ် တို့ ရှိနေတာကြောင့် လီဆန်ဒရို မာတီနက်ဇ်ဟာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ကြိုးစားရမှာ ဖြစ်ပေမယ့် တန်ဟက်ဂ် အနေနဲ့ သူ့ရဲ့ တပည့်ဟောင်းကို ဦးစားပေးနိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ တန်ဟက်ဂ် ကတော့ အာဂျင်တီးနား လက်ရွေးစင်ကို ဗဟိုခံစစ် ဘယ်ခြမ်းမှာ ထားကစားဖို့ ရှိပြီး ၃ ယောက်တန်း ခံစစ်ကို အသုံးပြုချိန်မှာ မာတီနက်ဇ် အနေနဲ့ ပွဲထွက်ခွင့်ရဖို့ သေချာသလောက် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်