နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် ကစားသမားတွေ အများဆုံး ပါဝင်ခဲ့ကြတဲ့ PFA ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း

အမှတ်ပေးချန်ပီယံဆုကို ၁ မှတ် အကွာနဲ့ ကပ်လွဲခဲ့ပေမယ့် လစ်ဗာပူးလ် ကစားသမားတွေ ကတော့ PFA က ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ၁၁ စာရင်းမှာ အများဆုံး ပါဝင်ခဲ့ကြပါတယ်။

မနေ့က ရွေးချယ် ထုတ်ပြန်လိုက်တဲ့ PFA ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း မှာတော့ လစ်ဗာပူးလ် ကစားသမား ၆ ဦး အထိ ပါဝင်နေခဲ့ပြီး မန်ချက်စတာစီးတီး အသင်းက ၃ ဦး၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း တို့က ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။


ဂိုးသမား – အလီဆွန် (လစ်ဗာပူးလ်)

လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ပွဲ ဝင်ရောက် ကစားပေးပြီး ပွဲ ၂၀ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလီဆွန် ကတော့ ရွှေလက်အိတ်ဆုလည်း ရရှိထားခဲ့သလို အခုလိုပဲ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်တန်း – ဂျာအို ကန်ဆယ်လို (မန်စီးတီး)၊ အန်တိုနီယို ရူဒီဂါ (ချဲလ်ဆီး)၊ ဗာဂရယ် ဗန်ဒိုက်ခ် (လစ်ဗာပူးလ်)၊ ထရန့် အလက်ဇန္တား အာနိုးလ် (လစ်ဗာပူးလ်)

ခံစစ် ညာအစွန် နေရာ အတွက် ကိုတော့ မန်ချက်စတာစီးတီးက ပေါ်တူဂီ ကစားသမား ဂျာအို ကန်ဆယ်လို ရွေးချယ်ခံခဲ့ရပြီး ကန်ဆယ်လို အနေနဲ့ ဒီနှစ် ပရီးမီးယားလိဂ် မှာ ၃ ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်နိုင်ရေး အတွက် အဓိက ကစားသမား ဖြစ်ခဲ့ပြီး နောက်ခံလူ ဖြစ်ပေမယ့် သူ့ရဲ့ နံပါတ် ၁၀ ဆန်ဆန် ကစားပုံကြောင့် တမျိုး ထူးခြားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဗဟိုခံစစ် မှာတော့ ချဲလ်ဆီးက အန်တိုနီယို ရူဒီဂါ ရွေးချယ်ခံခဲ့ရပြီး ဂျာမန် ခံစစ်မှူး အနေနဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ရေးနဲ့ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား တို့မှာ ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး အတွက် အဓိက ကျခဲ့ပါတယ်။ ရူဒီဂါ ကတော့ လာမယ့် ရာသီ လာလီဂါမှာ ကစားဖို့ ရီးရဲယ်မက်ဒရစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ရူဒီဂါနဲ့ အတူ တွဲဖက် ရွေးချယ်ခံခဲ့ရသူ ကတော့ လစ်ဗာပူးလ်က ဗာဂရယ် ဗန်ဒိုက်ခ် ဖြစ်ပြီး လစ်ဗာပူးလ်တို့ နိုင်ပွဲတွေ ရရှိနေချိန်မှာရော အခက်အခဲတွေ ကြုံနေချိန်မှာပါ အသင်းကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ညာအစွန် မှာတော့ လစ်ဗာပူးလ်က ထရန့် အလက်ဇန္တား အာနိုးလ် ရွေးချယ်ခံရပြီး အသက် ၂၃ နှစ် အရွယ် အင်္ဂလန် နောက်ခံလူဟာ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၉ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။


အလယ်တန်း – ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)၊ သီယာဂို အဲလ်ကန်တာရာ (လစ်ဗာပူးလ်)၊ ဘာနာဒို ဆေးလ်ဗား (မန်ချက်စတာစီးတီး)

ကွင်းလယ် မှာတော့ မန်ချက်စတာစီးတီး အသင်း အတွက် ၁၅ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးခဲ့တဲ့ ဘယ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားနဲ့ အတူ ဘာနာဒို ဆေးလ်ဗား၊ လစ်ဗာပူးလ် အတွက် အရေးပါလွန်းခဲ့တဲ့ သီယာဂို အဲလ်ကန်တာရာတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောဖို့ လိုမယ် မထင်ပါဘူး။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဟန်ဂေရီ
ဂျာမနီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ရှေ့တန်း – ဆာဒီယို မာနေး (လစ်ဗာပူးလ်)၊ ခရစ္စတီယာနို ရော်နယ်ဒို (မန်ချက်စတာယူနိုက်တက်)၊ မိုဟာမက် ဆာလာ (လစ်ဗာပူးလ်)

တိုက်စစ်မှာတော့ လစ်ဗာပူးလ်နဲ့ အတူ တစ်ရာသီလုံး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ဆာဒီယို မားနေး၊ မိုဟာမက် ဆာလာတို့နဲ့ အတူ ယူနိုက်တက် တိုက်စစ်မှူးကြီး ရော်နယ်ဒိုလည်း အရွေးခံခဲ့ရပါတယ်။ ဆာဒီယို မာနေးဟာ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ်မှာ ၁၆ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို မိုဟာမက် ဆာလာ ကတော့ ၂၃ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ယူနိုက်တက်တို့ အဆိုးရွားဆုံး ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူးကြီး အနေနဲ့ လိဂ် သွင်းဂိုး ၁၈ ဂိုး ဖန်တီးမှု ၃ ကြိမ်နဲ့ အတူ ယူနိုက်တက်ကို အတတ်နိုင်ဆုံး ဆွဲတင်ပေးခဲ့သူ ဖြစ်တာကြောင့် ဒီလို ရွေးချယ်ခံရတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ စပါး တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ရွှေဖိနပ်ဆုရှင် ဆွန်ဟောင်မင်တို့ ပါဝင်ခဲ့ခြင်း မရှိလို့ ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေပါတယ်။ ဟယ်ရီကိန်းထက် ဆွန်ဟောင်မင် မပါလာတာကို အံ့အားသင့်ခဲ့ကြရပြီး အာရှသား အနေနဲ့ ပင်နယ်တီ သွင်းဂိုး မပါဝင်ပဲ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရရှိထားသူ ဖြစ်တာကြောင့် အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ မဖြစ်မနေ ပါဝင်သင့်တယ် ဆိုပြီး ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေမှာ အပြင်းအထန် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ စပါး အတွက် ၂၃ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးပေးခဲ့ပြီး ဟယ်ရီကိန်း ဟာလည်း ၁၇ ဂိုးသွင်းက ၉ ဂိုး ဖန်တီးပေးထားခဲ့သူ ဖြစ်ပါတယ်။

အခြား အဓိက ဆုတွေ ဖြစ်တဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ကိုတော့ လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာက ဒီဘရိုင်းနား၊ မာနေး၊ ဗန်ဒိုက်ခ်၊ ရော်နယ်ဒို၊ ဟယ်ရီကိန်း တို့ကို ကျော်ဖြတ်ကာ ရရှိသွားခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် မန်စီးတီး တိုက်စစ်မှူး ဖေးလ် ဖိုဒန် ကတော့ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ရရှိခဲ့ပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ၆ ဦးမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့လို့ နှစ်နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သူတွေ ကတော့ ရွိုင်ယန်ဂစ်၊ ဖောင်လာ၊ ရွန်နီ၊ ဒယ်လီ အယ်လီနဲ့ လော်ရန် ဟမ့် တို့ ဖြစ်ပါတယ်။ ဖိုဒန်ဟာ ၉ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့သလို မန်စီးတီးတို့ ၅ နှစ် အတွင်း စတုတ္ထအကြိမ်မြောက် ပရီးမီးယားလိဂ် အမှတ်ပေးဖလား ရရှိရေး အတွက် အဓိက နေရာက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်