နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာရာဘီရာရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲစရတဲ့ စပိန် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဆွစ်ဇာလန် ၀-၁ စပိန်

နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ စပိန်တို့ ပါဘလို ဆာရာဘီရာရဲ့ အစောပိုင်း သွင်းဂိုး တစ်ဂိုးတည်းနဲ့ ဆွစ်ဇာလန်ကို ဂျနီဗာမှာ အနိုင်ရသွားခဲ့ပါတယ်။ စပိန် အတွက် ၂၀၂၂ နေးရှင်းလိဂ် အတွက် ပထမဦးဆုံး နိုင်ပွဲ ဖြစ်ခဲ့ပြီး ဆွစ်ဇာလန် ကတော့ ၃ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းစလုံး နိုင်ပွဲမရကြသေးလို့ အခုပွဲကို အားစိုက်လာခဲ့ကြပြီး အတောင့်တင်းဆုံး လူစာရင်းကိုယ်စီနဲ့ ရင်ဆိုင်လာခဲ့ကြပါတယ်။ ၄-၃-၃ အခင်းအကျင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး ဆွစ်ဇာလန်ရဲ့ လူစာရင်း မှာတော့ အမ်ဘိုလို၊ ရှက်ကီရီ၊ ဇူးဘား၊ ချာကာ၊ ဖရီအူလာ၊ အာကန်ဂျီ၊ ရိုဒရီဂတ်ဇ်၊ ဝစ်ဒ်မာ၊ ဆွမ်မားတို့ ပါဝင်ခဲ့ပါတယ်။ စပိန် ကတော့ မိုရာတာ၊ ဆာရာဘီရာ၊ ဖာရန်း တောရက်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ဘူးစကွက်စ်၊ ဂါဗီ၊ မားကို့စ် ယော်ရန်းတေး၊ ခံစစ်မှာ ဒီယေဂို ယော်ရန်းတေး၊ ပါအူ တောရက်စ်၊ အလာဘာ၊ အက်ဇ်ပီလီကွယ်တာ၊ ဆီမွန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲ အပြီးမှာတော့ စပိန်တို့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ အုပ်စု ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ၃ ပွဲဆက် ရှုံးထားတဲ့ ဆွစ်ဇာလန် ကတော့ နေးရှင်းလိဂ် B ကို ဆင်းရဖို့ ရာခိုင်နှုန်း များလာခဲ့ပြီလည်း ဖြစ်ပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ဇယား အောက်ဆုံးကို ရောက်ရှိနေပြီး တန်းဆင်းရဖို့ များလာတဲ့ ဆွစ်ဇာလန်

ပွဲစကတည်းက စပိန်တို့ အသင်းလိုက် ဟန်ချက်ညီညီ၊ လူပေးမှန်မှန်နဲ့ ဆွစ်ဇာလန်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ကွင်းလယ်က ယော်ရန်းတေး ချိုးပေးလိုက်တဲ့ ဘောလုံးကို အသင့် ပါလာတဲ့ ဆာရာဘီရာက အမိအရ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ခဲ့ရသေးပေမယ့် လူကျွံနေခြင်း မရှိတာကြောင့် သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဆွစ်ဇာလန် ဘက်က အမ်ဘိုလိုနဲ့ ကော်မတ်တို့ အပိုင် ခေါင်းတိုက်ခွင့်တွေ ရခဲ့ပေမယ့် သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သလို စပိန် ဘက်က ဆာရာဘီရာ လည်း အပိုင် ကန်ခွင့် ရပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ဆွစ်ဇာလန်တို့ ကစားအားတင်လာခဲ့တာကြောင့် စပိန်တို့ ရုန်းကန်ခဲ့ရပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် သွင်းဂိုးတွေ မမြင်ခဲ့ရပါဘူး။ စပိန် တို့ အခွင့်အရေး ရချိန်မှာ ဖြတ်တင်ဘောတွေနဲ့ ပြိုုင်ဘက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပြီး ဆာရာဘီရာရဲ့ အဆုံးသတ် ညံ့မှုတွေကြောင့် သွင်းဂိုးတွေ ထပ်မရပဲ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၃ ပွဲ ကန်ပြီးသည့်တိုင်အောင် စပိန်ရဲ့ ကစားပုံက တိုးတက်လာတဲ့ အရိပ်အယောင်မျိုး မမြင်ရသေးပါဘူး။ ပြောရမယ် ဆိုရင် ခံစစ်နဲ့ ကွင်းလယ် အားကောင်းသလောက် တိုက်စစ်ပိုင်း ကတော့ လုံလောက်တဲ့ စွမ်းဆောင်မှုတွေ ပြသနိုင်ခြင်း မရှိသေးသလို ပွဲချိန် တချို့မှာ ပြိုင်ဘက်ရဲ့ လွှမ်းမိုးမှု အောက်မှာ ကစားကွက် ပျက်မသွားဖို့ ရုန်းကန်နေရဆဲပါပဲ။ စပိန် အနေနဲ့ နေးရှင်းလိဂ်မှာ ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန် တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်နေရတာ မှန်ပေမယ့် လူးဝစ် အင်းနရစ်ခ်တို့ အုပ်စု အနေနဲ့ အခုထက် ပိုကောင်းတဲ့ ပုံစံ တစ်ခုကို ပြသနိုင်ဖို့ လိုအပ်နေတာတော့ အသေအချာပါပဲ။ နောက်ပြီး ကမ္ဘာ့ဖလား ကစားရဖို့ နီးကပ်လာချိန်မှာ အခုလို အားရစရာ မရှိတဲ့ အခြေအနေကို ဘယ်လိုမျိုး ပြောင်းလဲရမယ် ဆိုတာ အင်းနရစ်ခ် အနေနဲ့ အဖြေရှာသင့်ပြီလို့ပဲ ထင်ပါတယ်။

ဆွစ်ဇာလန်နဲ့ ပတ်သတ်လို့တော့ ထူးထူးခြားခြား ပြောစရာ မရှိပေမယ့် အရင်လို မာကျောပြီး ပြိုင်ဘက် အားလုံး သတိထား ကစားရတဲ့ အသင်းမျိုး ဖြစ်မနေတော့တာ ကတော့ စိတ်ပျက်စရာ အခြေအနေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာတော့ စပိန်တို့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ အုပ်စု ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ၃ ပွဲဆက် ရှုံးထားတဲ့ ဆွစ်ဇာလန် ကတော့ နေးရှင်းလိဂ် B ကို ဆင်းရဖို့ ရာခိုင်နှုန်း များလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဒိန်းမတ်
ခရိုအေးရှား
1X2 ခရိုအေးရှား @ 3.35
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.47
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၃ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၄ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဆွစ်ဇာလန်က ပေါ်တူဂီ၊ စပိန်က ချက်ကို အိမ်ကွင်းတွေမှာ ဧည့်ခံ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်