နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဩစတြီးယားနဲ့ တာထွက်လှခဲ့တဲ့ ရန်းညက်ခ် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ခရိုအေးရှား ၀-၃ ဩစတြီးယား

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၁ က ခရိုအေးရှားနဲ့ ဩစတြီးယားတို့ရဲ့ ပွဲမှာတော့ ဩစတြီးယားက အိမ်ရှင် ခရိုအေးရှားကို တိုက်စစ် ခြေစွမ်းပြပြီး ၀-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရန်းညက်ခ်ရဲ့ လက်ရွေးစင် အသင်း နည်းပြဘဝ ပွဲဦးထွက် ကတော့ လှပခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ဒီရလဒ်ကြောင့် ဩစတြီးယားတို့ နေးရှင်းလိဂ် A အုပ်စု ၁ ကို ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဇလက်ကို ဒါးလစ်ရဲ့ ခရိုအေးရှား အသင်း အနေနဲ့ ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကရာမာရစ်၊ မာရှား၊ ဘရီကာလို၊ ကွင်းလယ်မှာ ဘရိုဇိုဗစ်၊ ပါဆာလစ်၊ ကိုဗာချစ်၊ နောက်တန်းမှာ ကယ်လက်တာကား၊ ပွန်ဂရက်ချစ်၊ ဆိုဆာ၊ ဂျူရန်နိုဗစ်၊ ဂိုးမှာတော့ အီဗူဆစ် တို့နဲ့ ပါဝင်လာခဲ့ပါတယ်။ ဩစတြီးယား ကတော့ ၃-၁-၄-၂ ဆိုတဲ့ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး အိုနီဆီဝို၊ အာနူတိုဗစ်၊ လိုင်မာ၊ လိုင်နာ၊ ဆဘစ်ဇာ၊ ထရောင်နာ၊ လင်နာ တို့ကို ပွဲထွက်စေခဲ့ပါတယ်။

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၇ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ ပွဲစဉ် ၂ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ခရိုအေးရှားက ပြင်သစ်၊ ဩစတြီးယားက ဒိန်းမတ်နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်သွားခဲ့တဲ့ ခရိုအေးရှား

ဒီနေ့ပွဲမှာ ခရိုအေးရှားတို့ တစ်ပွဲလုံး ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဩစတြီးယား ကတော့ နည်းပြသစ် ရက်ဖ် ရန်းညက်ခ်ရဲ့ နည်းစနစ် အောက်မှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး တန်ပြန် တိုက်စစ် ကစားပုံလည်း လျင်မြန် ကောင်းမွန်ခဲ့ပါတယ်။ ဩစတြီးယား အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၄၁ မိနစ်မှာ အိုနီဆီဝိုရဲ့ ပေးပို့မှု ကတစ်ဆင့် အာနူတိုဗစ်က ဂိုးဧရိယာ ပြင်ပကနေ အပြင်းကန်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ခရိုအေးရှားတို့ ဂိုးရဖို့ အားစိုက် ရုန်းလာတာကြောင့် ဩစတြီးယား ကွင်းလယ်နဲ့ နောက်တန်းက သတိထား ထိန်းချုပ်ခဲ့ရပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာကလည်း ဧည့်သည်တို့ပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာ ဝိုဘာရဲ့ ပေးပို့မှု ကနေ လူစားဝင် တိုက်စစ်မှူး ဂရီဂေါရစ်ချ်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး နောက်ထပ် ၃ မိနစ် အကြာမှာတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဆဘစ်ဇာက ဝိုဘာရဲ့ ပေးပို့မှု ကနေပဲ တတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ နှစ်သင်းလုံး ဂိုးရဖို့ ထပ်မံ ကြိုးစားခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေကြောင့် ၀-၃ ရလဒ်နဲ့ပဲ ပြီးဆုံးပြီး ဩစတြီးယားတို့ နေးရှင်းလိဂ် ကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ခရိုအေးရှားတို့ အိမ်ကွင်း အားသာချက် ရှိခဲ့ပေမယ့် အားရစရာ ခြေစွမ်းမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ဆဘစ်ဇာ ဦးဆောင်တဲ့ ဩစတြီးယား ကွင်းလယ်က ခရိုအေးရှား တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့ပြီး ရန်းညက်ခ်ရဲ့ နောက်ခံလူ ၃ ဦးထားတဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ နောက်ပြီး ခရိုအေးရှားတို့ ဩစတြီးယားရဲ့ အမှတ်မထင် အဝေးကန်ချက်တွေကို တားဆီးနိုင်ခြင်း မရှိခဲ့လို့ ဒီလောက်အထိ ဂိုးပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြီးကတည်းက ပုံမှန် ခြေစွမ်းပြန်ရနေတဲ့ ခရိုအေးရှားတို့ ၂၀၂၂ ခုနှစ် အတွင်း ပထမဦးဆုံး ရှုံးပွဲနဲ့ ကြုံသွားခဲ့ရတာ ဖြစ်ပါတယ်။ ရန်းညက်ခ် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကျရှုံးခဲ့သမျှ ဩစတြီးယား အသင်း ကိုတော့ ပွဲဦးထွက်မှာတင်ပဲ အကောင်းဆုံး လမ်းပြပေးထားနိုင်ပြီး သူ့ရဲ့ နည်းဗျူဟာတွေ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲ။ ဒိန်းမတ်နဲ့ ပြင်သစ်တို့ ပါဝင်နေတဲ့ နေးရှင်းလိဂ် အုပ်စုကြပ် ကနေ ဩစတြီးယားကို နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး အတွက် စွမ်းဆောင်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
သြစတြီးယား
ဒိန်းမတ်
1X2 သြစတြီးယား @ 2.93
ဒိန်းမတ် အာရှ အကျောပေး -0.25 @ 2.13
ဂိုး‌ပေါ်် 2.50 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၇ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ ပွဲစဉ် ၂ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ခရိုအေးရှားက ပြင်သစ်၊ ဩစတြီးယားက ဒိန်းမတ်နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်