နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ (၃၀/၅/၂၀၂၂)

အခုတစ်ခါ မှာတော့ မေလ ၃၀ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်လာတဲ့ မာနေး

လစ်ဗာပူးလ် အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှာ ဆာဒီယို မာနေး အနေနဲ့ အသင်း ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ဆက်တိုက် တက်လာပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးမှ အနာဂတ်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက်သွားမယ်လို့ ဆိုထားတဲ့ မာနေး အနေနဲ့ အသင်းပြောင်းဖို့ တရားဝင် ပြောဆိုလာခဲ့ပြီ ဖြစ်ကြောင်း ဂျာမန်နဲ့ အင်္ဂလန် မီဒီယာတွေမှာ အတည်ပြု ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၃၀ အရွယ် ကစားသမားဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁၂ လကျော် ကျန်နေသေးပေမယ့် စာချုပ်သစ် ဆက်လက် ချုပ်ဆိုတော့မှာ မဟုတ်ပဲ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။ ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ဆာဒီယို မာနေးနဲ့ အစားထိုးဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပြီး ကစားသမား ဘက်ကလည်း သဘောတူထားတယ်လို့ ဂျာမန် အခြေစိုက် နာမည်ကြီး Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မာနေးဟာ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန် ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၂၆၉ ပွဲ ကစားပေးကာ ဂိုး ၁၂၀ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မာနေးဟာ လစ်ဗာပူးလ်နဲ့ အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ခရာဘောင်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လစ်ဗာပူးလ်တို့ မာနေး နေရာမှာ အစားထိုးဖို့ ဘာစီလိုနာ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီကို ခေါ်ယူဖို့ အေးဂျင့် ဖြစ်သူနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


ယူနိုက်တက် ရောက်ဖို့ ပိုပိုပြီး နီးစပ်လာတဲ့ ဒါဝင် နူညက်ဇ်

ပေါ်တူဂီ ကလပ် ဘင်ဖီကာရဲ့ တိုက်စစ်ကြယ်ပွင့် ဒါဝင် နူညက်ဇ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန် မီဒီယာတွေမှာ ဖော်ပြနေသလို ပေါ်တူဂီ မီဒီယာတွေ ကတော့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ရေးသားဖော်ပြလျက် ရှိပါတယ်။ ဒါဝင် နူညက်ဇ်ဟာ နည်းပြသစ် တန်ဟက်ဂ် လက်ထက် ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ပြီး အသက် ၂၂ နှစ်အရွယ် ဥရုဂွေး တိုက်စစ်မှူး အတွက် ဘင်ဖီကာ အသင်း ဘက်က ပေါင်သန်း ၈၀ လောက် အလိုရှိနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် တန်ဟက်ဂ် အနေနဲ့ ပရီးမီးယားလိဂ်ကို စွန့်ခွာဖို့ များနေတဲ့  အက်ဒီဆင် ကာဗာနီ နေရာမှာ အစားထိုးဖို့ နူညက်ဇ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မာစီရယ်နဲ့ ဂရင်းဝုဒ် ကလည်း အသင်းနဲ့ အနာဂတ် မသေချာတော့တာကြောင့် ယူနိုက်တက်တို့ ဥရုဂွေး ကြယ်ပွင့်ကို အသည်းအသန် လိုချင်နေတာ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။ ဒါ့အပြင် အသင်းမှာ ကစားသမားတွေ ပိုလျှံနေတာကြောင့် မာစီရယ်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နူညက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၃၄ ဂိုးသွင်းပြီး အချိန်တိုတွင်း တောက်ပလာခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တာကြောင့် ယူနိုက်တက်နဲ့ အပြိုင် လာလီဂါ ထိပ်သီး အက်တလက်တီကို မက်ဒရစ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
မြောက်ပိုင်း အိုင်ယာလန်
ဂရိ
1X2 ဂရိ @ 2.50
ဂိုးပေါ် 2.00 @ 2.01
ဂိုးပေါင်း 2-3 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခုတစ်ပတ် အတွင်း စပါးနဲ့ ဆေးစစ်မှုတွေ ပြုလုပ်တော့မယ့် ပါရီဆစ်

ခရိုးအေးရှား ဝါရင့် တောင်ပံ ကစားသမား အိုင်ဗန် ပါရီဆစ် ဟာ အခု တစ်ပတ် အတွင်းမှာပဲ ပရီးမီးယားလိဂ် မြောက်လန်ဒန်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ ဆေးစစ်မှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ပါရီဆစ်ဟာ စပါး အသင်းနဲ့ ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီထားခဲ့ပြီး မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်တော့မှာ ဖြစ်တယ်လို့ နာမည်ကြီး ဘောလုံး ဂျာနယ်စ် ဖာဘရီစီယို ရိုမာနိုက အတည်ပြုထားပါတယ်။ လာမယ့် ရာသီ အကုန်မှာ အင်တာမီလန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပါရီဆစ်ဟာ ဘယ်ညာ နှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး လိုအပ်ရင် ဂိုးပါသွင်းနိုင်တဲ့ အတွေ့အကြုံ ရှိ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်ပါတယ်။

လက်တလော တော့တင်ဟမ်ဟော့စပါးရဲ့ တောင်ပံမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဆွန်ဟောင်မင် ရှိနေပေမယ့် အကယ်၍ ကိုရီးယား တိုက်စစ်မှူး မကစားနိုင်ရင် အဆင့်သင့် အသုံးပြုဖို့ ပါရီဆစ်ကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါရီဆစ်နဲ့ ကွန်တီဟာ အင်တာမီလန် အတွက် စီးရီးအေ အောင်မြင်မှုကို အတူတကွ ရယူပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။  


ရစ်ချာလီဆင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ပီအက်စ်ဂျီ

ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆင် ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ရီးရဲယ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ရစ်ချာလီဆင်ကို အဲဗာတန် ကလည်း အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေ အရ ရောင်းထုတ်ဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး ရစ်ချာလီဆင်ဟာ အဲဗာတန် အသင်း အတွက် ပြီးခဲ့တဲ့ ရာသီက ပွဲပေါင်း ၃၀ ကစားပေးခဲ့ပြီး ၁၀ ဂိုး သွင်းယူပေးခဲ့သလို တန်းမဆင်းရရေး အတွက်လည်း အဓိကကျခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ အသင်း ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီ နေရာမှာ ရစ်ချာလီဆင်နဲ့ အစားထိုးချင်နေတာ ဖြစ်ပြီး ကစားသမားရဲ့ စာချုပ်သက်တမ်း ကျန်ရှိမှု အရ ပြင်သစ် ကလပ် အနေနဲ့ များပြားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ကိုတော့ ပေးချေရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်