နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၃၀/ ၅/၂၀၂၂)

အခုတစ်ခါ မှာတော့ မေလ ၃၀ ရက်နေ့ မနက်ပိုင်းအထိ ရရှိထားသမျှ စိတ်ဝင်စားစရာ နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ရဲ့ အကြံပေးရာထူးကနေ နှုတ်ထွက်သွားတဲ့ ရန်းညက်ခ်

မန်ချက်စတာယူနိုက်တက် အတွက် ယာယီနည်းပြ အဖြစ် တာဝန်ယူခဲ့သလို အကြံပေး အဖြစ် လုပ်ကိုင်နေတဲ့ ရန်းညက်ခ် ကတော့ ဩစတြီးယား လက်ရွေးစင် အသင်းကို အာရုံစိုက် ကိုင်တွယ်လိုတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ဂျာမန် ဂေါ့ဖားသား လို့ နာမည်တွင်တဲ့ ရန်းညက်ခ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စပြီး ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ယူခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့သလို အသင်းကိုလည်း အဆင့် ၆ နေရာသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်တို့ သမိုင်းတစ်လျှောက် စံချိန်တင် ရမှတ် အနည်းဆုံး ပရီးမီးယားလိဂ် ရာသီ အဖြစ်နဲ့သာ ရာသီသိမ်းခဲ့ရပါတယ်။ ယခင် အစီအစဉ်အရ ဆိုရင် ရန်းညက်ခ်ဟာ ယူနိုက်တက်မှာ အကြံပေး အဖြစ် ဆက်လက် လုပ်ကိုင်ဖို့ ရှိနေပေမယ့်လည်း မထင်မှတ်ပဲ အသင်းကနေ အပြီး နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ရန်းညက်ခ် ဘက်က နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သလို ယူနိုက်တက် ဘက်ကလည်း ရန်းညက်ခ်ကို ကျေးဇူးတင်ကြောင်း၊ ရန်းညက်ခ်ဟာ ဩစတြီးယား လက်ရွေးစင် အသင်းရဲ့ မန်နေဂျာ အဖြစ် အာရုံစိုက်လုပ်ကိုင်တော့မှာ ဖြစ်ကြောင်း ခြေလှမ်းသစ် အတွက် ကံကောင်းပါစေကြောင်း တရားဝင် ထုတ်ပြန်ကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။


ဖောရက်စ် တန်းတက်လာပြီးနောက် ဥရောပဖလား ရဖူးတဲ့ အသင်းစုံသွားတဲ့ ပရီးမီးယားလိဂ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ပွဲစဉ် မှာတော့ နော့တင်ဟမ်ဖောရက်စ်တို့ ဟက်ဒါဖီးလ်တောင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ် ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဖောရက်စ်တို့ ဟက်ဒါဖီးလ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၄၃ မိနစ်မှာ ပြိုင်ဘက် နောက်တန်းက ကိုလ်ဝေလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ရခဲ့တဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့ခဲ့ရသလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ရီးရဲယ်မက်ဒရစ် ကို ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ ရထားတဲ့ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား တွေကို ကိုင်မြှောက်ပြီး မြို့တွင်းမှာ လှည့်လည် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား တို့ကိုင်မြှောက်ပြီး လစ်ဗာပူးလ် မြို့တွင်းမှာ လှည့်လည် အောင်ပွဲခံခဲ့တဲ့ ကလော့ပ်

တစ်ချိန်က ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ကိုင်မြှောက်ခဲ့ဖူးတဲ့ ဖောရက်စ်တို့ နှစ်ပေါင်း ၂၃ နှစ် အကြာမှာ တန်းပြန်တက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် နာမည်နဲ့ စတင်ကျင်းပခဲ့တဲ့ ၁၉၉၂-၉၃ ဘောလုံးရာသီမှာ ပထမဦးဆုံး ပါဝင် ကစားခွင့် ရခဲ့တဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖလား ရရှိဖူးတဲ့ ပရီးမီးယားလိဂ် အသင်းတွေ ကတော့ လစ်ဗာပူးလ် (၆ ကြိမ်)၊ ယူနိုက်တက် (၃ ကြိမ်)၊ ချဲလ်ဆီး (၂ ကြိမ်)၊ နော့တင်ဟမ်ဖောရက်စ် (၂ ကြိမ်)နဲ့ အက်စတွန်ဗီလာ (၁ ကြိမ်) တို့ပဲ ဖြစ်ပါတယ်။


လစ်ဗာပူးလ်ဟာ ကမ္ဘာ့အကောင်းဆုံး ကလပ် ဖြစ်ပြီး ဘယ်သူတွေ ဘာပြောပြော စိတ်မဝင်စားဘူးလို့ ဆိုလိုက်တဲ့ ကလော့ပ်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အီတလီ
ဂျာမနီ
1X2 ဂျာမနီ @ 2.80
ဂိုးပေါ် 2.75 @ 2.25
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ် အသင်းသာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်ပြီး ဘယ်သူတွေ ဘာပဲတွေးနေပါစေ စိတ်မဝင်စားဘူးလို့ ဂျာဂျင် ကလော့ပ်က ဖလား ၂ လုံးနဲ့ လှည့်လည် အောင်ပွဲခံချိန်မှာ ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့ခဲ့ရသလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ရီးရဲယ်မက်ဒရစ် ကို ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ ရထားတဲ့ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား တွေကို ကိုင်မြှောက်ပြီး မြို့တွင်းမှာ လှည့်လည် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ ဖလား ၄ လုံး အိမ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြည်တွင်း ဖလား ၂ လုံးနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကလော့ပ်ရဲ့ အသင်းဟာ အစောပိုင်းမှာ ကတည်းက မြို့ထဲမှာ လှည့်လည် အောင်ပွဲခံမယ်လို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ နောက်နှစ် ဗိုလ်လုပွဲ ထပ်ကစားဖို့ ပြန်လာခဲ့ဦးမယ်လို့ ဆိုထားခဲ့ပါသေးတယ်။

ဆက်လက်ပြီး ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ လစ်ဗာပူးလ် ပရိသတ်တွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်လို့ ပြောကြားသွားခဲ့ပြီး အားပေးမှုနဲ့ ပတ်သတ်လို့ မယုံကြည်နိုင်လောက်အောင် ဂုဏ်ယူမိတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ သူ့အနေနဲ့ အားလုံးကို ချစ်ကြောင်း၊ အခုလို ပြောတာဟာ အရက်နည်းနည်းလေးတောင် သောက်ထားလို့ မဟုတ်ပဲ၊ တကယ်ကို ခံစားရလို့ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်