နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကော့တွာစ်ရဲ့ လက်စွမ်းပြမှု၊ ဗင်နီးဆီးယပ်စ်ရဲ့ သွင်းဂိုးနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ၁၄ ကြိမ်မြောက် ရရှိခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

လစ်ဗာပူးလ် ၀-၁ ရီးရဲယ်မက်ဒရစ်

ယနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ အများစု မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုနဲ့ ရီးရဲယ်မက်ဒရစ် တို့ပဲ နောက်ထပ် တစ်ကြိမ် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ တစ်ပွဲလုံး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေး အသုံးချနိုင်မှု အပိုင်းမှာ ရီးရဲယ်မက်ဒရစ်ကို မယှဉ်နိုင်ခဲ့သလို ဂိုးသမား တီဘိုကော့တွာစ်ရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း ၂၀၁၈ ရှုံးကြွေးကို မဆပ်နိုင်ခဲ့အပြင် ၂၀၂၂ မှာပါ ထပ်တင်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပွဲမစခင် ပရိသတ်တွေ လက်မှတ် ပြသနာ ရှိခဲ့တာကြောင့် ပွဲကစားချိန်ကို နာရီဝက်ကျော်ကျော် နောက်ဆုတ်ခဲ့ရပါတယ်။ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး လစ်ဗာပူးလ် ကွင်းလယ်မှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ သီယာဂို ပါဝင်လာခဲ့သလို ရီးရဲယ်မက်ဒရစ် နောက်တန်းမှာလည်း အလာဘာ ပွဲထွက်နိုင်ခဲ့ပါတယ်။

ကြိုတင် ခန့်မှန်းထားတဲ့ အတိုင်းပဲ လစ်ဗာပူးလ်တို့ ပွဲချိန်ပြည့် ဖိအားပေး ကစားခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကတော့ တန်ပြန် တိုက်စစ်နဲ့ အတူ အပိုင်အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ရီးရဲယ်မက်ဒရစ်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေတဲ့ ကြားကပဲ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ဆာလာ၊ မာနေး၊ သီယာဂို တို့ရဲ့ ကန်ချက်တွေကို ကော့တွာစ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၄၅ မိနစ် မှာတော့ ဘန်ဇီမာ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ်သာ သတ်မှတ်ပေးခဲ့လို့ ၀-၀ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ပိုလန်
‌ဝေးလ်စ်
1X2 သရေ @ 3.45
ဂိုးအောက် 2.00 @ 2.28
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.23
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာလည်း လစ်ဗာပူးလ် တို့ပဲ ပွဲကို ဆက်လက် စိုးမိုးပြီး တိုက်စစ် ဖွင့်ကစားနိုင်ခဲ့ပါတယ်။ ရော်ဘတ်ဆန် ဘက်က ဘောလုံး သိပ်မထွက်ပေမယ့် အာနိုးလ် ကတော့ ကွင်းလယ်လောက် အထိ တက်ပြီး တိုက်စစ်ကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်း ဂိုးရသွားတာက ရီးရဲယ်မက်ဒရစ်ပဲ ဖြစ်ပြီး လစ်ဗာပူးလ် နောက်တန်းရဲ့ တဒင်္ဂ ပေါ့လျော့မှု၊ ဗယ်ဗာဒီနဲ့ ဗင်နီးဆီးယပ်စ် ဂျူနီယာ တို့ရဲ့ နားလည်မှုက တစ်ဆင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မဖြစ်မနေ ဂိုးပြန် သွင်းနိုင်ဖို့ လိုအပ်သွားတဲ့ လစ်ဗာပူးလ်တို့ ရီးရဲယ် နောက်တန်းကို တရစပ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ် နောက်တန်းက အမှားအယွင်းမရှိ ကျစ်ကျစ်လျစ်လျစ် ကစားနိုင်မှု၊ တီဘို ကော့တွာစ်ရဲ့ အံ့အားသင့်စရာ ကောင်းတဲ့ ကာကွယ်မှုတွေကြောင့် လစ်ဗာပူးလ်တို့ ချေပဂိုး ပြန်မသွင်းနိုင်ပဲ ၀-၁ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။

တီဘို ကော့တွာစ် အနေနဲ့ ဒီနေ့ပွဲမှာ အပိုင်အခွင့်အရေး ၅ ကြိမ်ထက် မနည်း ကာကွယ်နိုင်ခဲ့ပြီး ရီးရဲယ်မက်ဒရစ်ရဲ့ နိုင်ပွဲ အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ အားလုံး ကြိုတင် မျှော်လင့်ထားတဲ့ အတိုင်း ရီးရဲယ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၄ ကြိမ်မှာ ဂိုးပေါက် တည့်မှု ကလည်း ၉ ကြိမ် အထိ ရှိခဲ့ပေမယ့် အပိုင် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ တစ်ပွဲလုံးမှ ဂိုးပေါက် ခြိမ်းခြောက်မှု ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက် တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပေမယ့် ဗင်နီးဆီးယပ်စ်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းကပဲ ချန်ပီယံ ဖြစ်ဖို့ လုံလောက်ခဲ့ပါတယ်။


ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

ဥရောပဖလား ကနေ ချန်ပီယံလိဂ်လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ချိန်က စပြီး ရီးယဲလ်မက်ဒရစ် အသင်း အနေနဲ့ ဗိုလ်လုပွဲ အဆင့်ကို ၇ ကြိမ် အထိ တတ်လှမ်းနိုင်ခဲ့ပြီး အဲ့ဒီ ၇ ကြိမ်စလုံး မှာလည်း နိုင်ပွဲနဲ့ အတူ ချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဖလားကို ၁၄ ကြိမ် အထိ စံချိန်တင် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ် အတွက် ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို အရယူပေးခဲ့တဲ့ အီတလီ လူမျိုး နည်းပြကြီး ကားလို့စ် အန်ဆယ်လော့တီ ကတော့ ပြိုင်ပွဲ သမိုင်းတလျှောက် ချန်ပီယံလိဂ် ဖလားကို ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တဲ့ ပထမဦးဆုံး နည်းပြ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ဆုဖလားကို အေစီမီလန် အတွက် ၂ ကြိမ်၊ ရီးရဲယ်မက်ဒရစ် အတွက် ၂ ကြိမ် ရယူပေးခဲ့သလို ကစားသမားဘဝ အေစီမီလန်မှာ ပါဝင်ကစားခဲ့ချိန်တုန်းကလည်း ချန်ပီယံလိဂ် ဆုဖလား ၂ ကြိမ် ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် တီဘို ကော့တွာစ်ဟာ ဗိုလ်လုပွဲ တစ်ပွဲထဲ မှာတင်ပဲ ဂိုးပေါက် ကာကွယ်မှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး ဂိုးသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဥရောပဖလား ကနေ ချန်ပီယံလိဂ်လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ချိန်က စပြီး ရီးယဲလ်မက်ဒရစ် အသင်း အနေနဲ့ ဗိုလ်လုပွဲ အဆင့်ကို ၇ ကြိမ် အထိ တတ်လှမ်းနိုင်ခဲ့ပြီး အဲ့ဒီ ၇ ကြိမ်စလုံး မှာလည်း နိုင်ပွဲနဲ့ အတူ ချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ရီးရဲယ်မက်ဒရစ်ကို ကလဲ့စားမချေနိုင်ခဲ့တဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ဒီရာသီမှာ အီဂျစ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဝင်ခွင့် လွဲချော်ခဲ့သလို အာဖရိကဖလားမှာ ဒုတိယနေရာသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆာလာ အနေနဲ့ လီဗာပူးလ် အသင်းနဲ့လည်း အဓိက ပြိုင်ပွဲ နှစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ် မှာရော ပရီးမီးယားလိဂ် မှာပါ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်