နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရိသတ်တွေကို ရင်ခုန်အောင် လုပ်ပြီးမှ ဖလား ယူသွားတဲ့ မန်စီးတီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၃-၂ အက်စတွန်ဗီလာ

မန်ချက်စတာစီးတီး အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး မိနစ် ၇၀ ကျော် အထိ ပရိသတ်တွေကို ရင်ခုန်အောင် လုပ်ပြီးမှ ပြဇာတ်ဆန်ဆန် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ဆုံး ၅ ရာသီ အတွင်း ၄ ကြိမ်မြောက် ရရှိခဲ့ခြင်းနဲ့ အတူ အဓိက ပြိုင်ဘက် လစ်ဗာပူးလ်ရဲ့ ဖလား ၄ လုံး အိမ်မက် ကိုလည်း ရိုက်ချိုး ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

မန်စီးတီးတို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တာကြောင့် အတောင့်တင်းဆုံး လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ဖိုဒန်၊ ဂျီဆုစ်၊ မာရက်ဇ်၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဒီဘိုရိုင်းနား၊ ဖာနန်ဒင်ဟို၊ လာပေါ့တ်၊ ကန်ဆယ်လို၊ စတုန်းစ်၊ အီဒါဆင်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဂျရတ် ကတော့ ၄-၃-၂-၁ ကစားကွက်ကို ခင်းကျင်းလာခဲ့ပြီး ဝက်ကင်န်၊ ကော်တင်ဟို၊ ဘူအန်ဒီရာ၊ လူးဝစ်ဇ်၊ မက်ဂင်းန်၊ ရမ်ဆေး၊ မင်းဂ်၊ ချမ်ဘာစ်၊ ကတ်ရှ်၊ ဒစ်ဂ်နီး တို့ပါတဲ့ အစုအဖွဲ့နဲ့ မန်စီးတီးကို ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။

ဂျေလိဂ်
ဆီရီဇို အိုဆာကာ
ယူရားဝါး ရဒ် ဒိုင်းမွန်း
1X2 သရေ @ 3.10
ပထမပိုင်း ဂိုးအောက် 0.75 @ 2.17
ဂိုးပေါင်း 0-1 @ 2.62
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစကတည်းက မန်စီးတီးတို့ ဗီလာကို တစ်ဖက်သတ် ဖိအာပေးနိုင်ခဲ့ပြီး ဗီလာ ကတော့ ခံစစ်ကိုပဲ အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ပဲ ချောင်းကစားခဲ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာ မန်စီးတီးတို့ အပြည့်အဝ လွှမ်းမိုးထားနိုင်ပေမယ့် တိုက်စစ် ချိတ်ဆက်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့လို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါ့အပြင် ဗီလာရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး ဂျီဆုစ်နဲ့ ဖိုဒန်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေ ကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၃၇ မိနစ် မှာတော့ ဗီလာတို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရခဲ့ပြီး ရှားရှားပါးပါး တစ်ကြိမ်သာ ရတဲ့ အခွင့်အရေး ကနေ ကတ်ရှ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း မှာလည်း မန်စီးတီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်း အပြီးမှာတော့ ဗီလာက ၀-၁ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဇင်ချန်ကို၊ စတာလင် တို့ကို ထည့်ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဗီလာရဲ့ အထပ်ထပ် ပိတ်ဆို့နေတဲ့ မန်စီးတီးတို့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဂိုးရဖို့ ကြိုးစားနေတာ မန်စီးတီး ဖြစ်ပေမယ့် ဂိုးထပ်ရသွားတာ ကတော့ ဗီလာပဲ ဖြစ်ပြီး ဂိုးသမား အိုလ်ဆင် တိုက်ရိုက် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဝက်ကင်န် ပြန်ချပေးရာ ကနေ ကော်တင်ဟိုက ၁၈ ကိုက်စည်း ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုင်ကေး ဂွန်ဒိုအန် ဝင်ရောက်လာချိန်မှာတော့ ပွဲက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီး မန်စီးတီးတို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုမို ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ၇၆ မိနစ်မှာ ဂွန်ဒိုအန်က မန်စီးတီး အတွက် ပထမချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို ၂ မိနစ် အကြာမှာပဲ ရိုဒရီက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ဒုတိယ ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ချန်ပီယံ ခြေစွမ်း ပြန်ရသွားတဲ့ မန်စီးတီးကို ဗီလာတို့ ဘယ်လိုမှ တားဆီးလို့ မနိုင်တော့လို့ ၈၁ မိနစ်မှာ ဂွန်ဒိုအန်ရဲ့ အနိုင်ဂိုးကို ထပ်မံခွင့်ပြုပေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၃-၂ ရလဒ်နဲ့ မန်စီးတီး တို့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လို့ အပျော်လွန်ခဲ့တဲ့ မန်စီးတီး ပရိသတ်တချို့ ကွင်းထဲ ပြေးဝင်လာခဲ့ပြီး အက်စတွန်ဗီလာ ဂိုးသမား အိုလ်ဆင်ကို ဝိုင်းပြီး ရမ်းကား တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဂျရတ် ကတော့ တော်တော်လေး စိတ်ဆိုးသွားပုံရပြီး နောက်ဆက်တွဲ သတင်းတွေ အရတော့ ရမ်းကားခဲ့တဲ့ ပရိသတ်ကို ရာသက်ပန် ပွဲကြည့်ခွင့် ပိတ်ပင်သွားမယ်လို့ သိရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရှုံးနိမ့်ခဲ့တဲ့ အက်စတွန်ဗီလာ ကတော့ ရမှတ် ၄၅ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်ရဲ့ ထုံးစံ အတိုင်း ပရိသတ်တွေကို နောက်ဆုံးပွဲ၊ နောက်ဆုံး မိနစ် အထိ ဆွဲခေါ်သွားနိုင်ခဲ့ပြီး ရင်ခုန်မှု အပြည့်၊ ရသ အပြည့် ပေးစွမ်းနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ လစ်ဗာပူးလ် ဂန္တဝင်ဟောင်း စတီဗင် ဂျရတ် အနေနဲ့ အတတ်နိုင်ဆုံး မန်စီးတီးကို ဒုက္ခပေးသွားခဲ့ပေမယ့် လက်ရှိ ချန်ပီယံ အသင်းရဲ့ ရုန်းအားနဲ့ တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်လိုက်ရချိန် မှာတော့ ဘာလိုမှ မတတ်နိုင်ပဲ ခဲလေသမျှ သဲရေကျခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးတို့ ဗီလာကို အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရခဲ့ခြင်းရဲ့ အဓိက သော့ချက် တစ်ခုက မိနစ် ၇၀ ကျော်မှာ ဂွန်ဒိုအန်ကို လူစားလဲခဲ့တာ ဖြစ်ပြီး ပပ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်လွန်းခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဂွာဒီယိုလာ အနေနဲ့ မန်စီးတီးကို သူစတင် ကိုင်တွယ်ခဲ့ချိန်က စလို့ ၆ ရာသီ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ ကြိမ် အထိ ရယူထားနိုင်ခဲ့ပြီး မန်စီးတီး အသင်း ဟာလည်း ပရီးမီးယားလိဂ် နာမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့တဲ့ နောက်ပိုင်း ၆ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ၁၃ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက် ပြီးရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အများဆုံး ရရှိထားတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ချန်ပီယံ ၃ ကြိမ် ဖြစ်ထားတဲ့ အာဆင်နယ် ကတော့ တတိယ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ အက်စတွန်ဗီလာ ကတော့ ရမှတ် ၄၅ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် မေလ ၂၂ ရက်နေ့မှာ တန်းဆင်းသွားတဲ့ နော့ဝှစ်ချ်စီးတီးနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘန်လေ ကတော့ ၁၉ ရက်နေ့မှာ အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်