နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်ဖို့ဒ် – မန်ချက်စတာစီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ (ပွဲကြိုသုံးသပ်ချက်)

ဝက်ဖို့ဒ် – မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာစီးတီးတို့ ဒီတစ်ပတ် မှာတော့ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို အီတီဟတ်မှာ ရင်ဆိုင်ရမှာ ဖြစ်လို့ တော်တော်လေး ပွဲချောင်နေတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် ဝက်ဖို့ဒ်နဲ့ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၁၄ ကြိမ်စလုံး ဂိုးပြတ်တွေချည်း အနိုင်ရထားတဲ့ မန်စီးတီးတို့ ဒီတစ်ကြိမ် မှာရော ဂိုးမြူးနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အက်စတန် ဗီလာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

မန်ချက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ပွဲအပြီး မှာတော့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ၃ မှတ် အပြည့် ရအောင်ယူထားနိုင်ခဲ့ပါတယ်။ ၆ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ အဆင့် ၂ နေရာက လစ်ဗာပူးလ်ကို ၁ မှတ် အကွာနဲ့ အမှားအယွင်း မရှိ ဦးဆောင်ထားနိုင်တဲ့ မန်စီးတီးတို့ လက်ကျန် ပွဲစဉ်တွေ တော်တော်လေး ချောင်နေတာကြောင့် ရာသီကုန်မှာ ချန်ပီယံဆု ကိုင်မြောက်ဖို့ အားသာနေခဲ့တာ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက ဒီပွဲပြီးလို့ ၃ ရက် အကြာမှာ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် ကစားဖို့ ရှိနေလို့ မန်စီးတီးတို့ ကစားသမား‌ အပြောင်းအလဲတွေ အများကြီး လုပ်လာနိုင်ပါတယ်။ ပပ်ဂွာဒီယိုလာ အနေနဲ့ ရိုဒရီ၊ မာရက်ဇ်၊ ဖိုဒန်၊ ဆေးလ်ဗား တို့လို အဓိက ကစားသမားတွေကို အနားပေးသွားဖွယ် ရှိနေပြီး အနိုင်သေချာရုံလောက်ပဲ ကစားမယ့် သဘော ရှိပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကိုင်လီ ဝေါလ်ကာ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး ဂျွန်စတုန်းစ်နဲ့ နေသန် အာခီ တို့ကလည်း ဘရိုက်တန်နဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – အီဒါဆင်၊ လာပေါ့တ်၊ ဒီးရာ့စ်၊ ကန်ဆယ်လို၊ ဇင်ချန်ကို၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်းနား၊ ဂွန်ဒိုအန်၊ ဂရီးလစ်ရှ်၊ ဂျီဆုစ်၊ စတာလင်

ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး အတွက် အရေးကြီးနေချိန်မှာ မန်စီးတီးလို ဇယား ထိပ်ဆုံးက အသင်းနဲ့ ကစားရမှာက ဝက်ဖို့ဒ် အတွက်တော့ မဟာ ကံဆိုးမှုကြီး ပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး အတွက် အရေးကြီးနေချိန်မှာ မန်စီးတီးလို ဇယား ထိပ်ဆုံးက အသင်းနဲ့ ကစားရမှာက ဝက်ဖို့ဒ် အတွက်တော့ မဟာ ကံဆိုးမှုကြီး ပါပဲ။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရှိနေတဲ့ ဝက်ဖို့ဒ်တို့ တန်းဆင်းဇုန် အထက် အဲဗာတန်နဲ့ ၇ မှတ်အထိ ကွာဟနေလို့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ မျှော်လင့်ချက် မရှိသလောက် နည်းနေပေမယ့် နည်းပြ ရိုင်းဟော့ဆန် ကတော့ လက်ကျန် ပွဲတွေ ကနေ ရသလောက် အမှတ်ယူဖို့ ကြိုးစားမယ်လို့ ပြောကြားထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ ဝက်ဖို့ဒ်ဟာ တန်းဆင်းဇုန်ထဲက အသင်း ၃ သင်းထဲမှာ ကစားအား အကောင်းဆုံး အသင်း ဖြစ်ပြီး ပြိုင်ဘက်ကို ပွဲချိန်ပြည့် ကစားအား အပြည့်နဲ့ ရင်ဆိုင်နိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ် ပြသနာ၊ တိုက်စစ် အဆုံးသတ် ပြသနာတွေက အသင်းကို နှိပ်စက်နေတာ ဖြစ်ပြီး ဒီအားနည်းချက်တွေကြောင့်ပဲ ဝက်ဖို့ဒ်တို့ တန်းဆင်းရဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တလော အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ချူချို ဟာနန်ဒက်ဇ်၊ ထရော့စ် အက်ကောင်၊ အန်ကူလူ၊ ဘာ့ရ် တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေလို့ မန်စီးတီးတို့ အရန်တွေနဲ့ ပွဲထွက်လာသည့် တိုင်အောင် ယှဉ်ကစားဖို့ တော်တော်လေး ခက်ခဲနေဦးမှာပါ။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ဆာမီရာ၊ ကာဘာဆီလီ၊ ဖီမီနီယာ၊ ကာမာရာ၊ ဆစ်ဆိုခို၊ လူဇာ၊ ကွတ်ချ်ကာ၊ ဒန်းနစ်၊ ပက်ဒရို၊ ဆား


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၁၄ ကြိမ်စလုံး မန်ချက်စတာစီးတီးတို့ ဝက်ဖို့ဒ်ကို အနိုင်ရထားပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အီတီဟတ် မှာ ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ မန်စီးတီးတို့ ၃-၁၊ ၆-၀၊ ၈-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး အတွက် ၁.၁၁ ဆ၊ ဝက်ဖို့ဒ် အတွက် ၂၁ ဆ၊ သရေ အတွက် ၈.၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဝက်ဖို့ဒ်ရဲ့ တန်းဆင်းဇုန် ရုန်းအားက မန်စီးတီး အတွက် အခက်အခဲ ရှိနိုင်မှာ မဟုတ်ပါဘူး။ နှစ်သင်းစာ ကစားသမား စုဖွဲ့မှုကို ပိုင်ဆိုင်ထားလို့ မန်စီးတီးတို့ အရန်တွေနဲ့ ကန်ရင်တောင် ဂိုးပြတ် အနိုင်ရဖို့ မခက်နိုင်ပါဘူး။ မန်စီးတီး အနိုင်သေချာပေမယ့် ၁.၁၁ ဆ ဆိုတဲ့ ကြေးဖွင့်မှုက မက်မောစရာ လုံးဝ မရှိလို့ ဂိုးပေါ်ပဲ မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၄-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်