နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ဂိုးပြတ် အရှုံးကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြန်တဲ့ ရီးရဲယ် | လာလီဂါ ပွဲပြီးသုံးသပ်ချက်

ဆီဗီလာ ၂-၃ ရီးရဲယ်မက်ဒရစ်

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၃၂ ရဲ့ နောက်အကျဆုံးနဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် ဆီဗီလာနဲ့ ရီးရဲယ်မက်ဒရစ်တို့ ဆန်းချက်ဇ် ပစ်ဇ်ဟွမ် မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အိမ်ရှင် ဆီဗီလာတို့ အစောပိုင်းမှာ ၂ ဂိုးပြတ် ဦးဆောင်ထားခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ်က ဒုတိယပိုင်း ရောက်မှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့လို့ ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် ဆီဗီလာတို့ အန်တိုနီ မာစီရယ် အထောင် တိုက်စစ်နေရာမှာ ထားပြီး လာမယ်လာ၊ ကိုရိုနာ တို့နဲ့ ရံကစားစေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ကိုမက်ဇ်၊ အီဗန် ရာကီတစ်၊ ဂျော်ဒန်တို့ ပါဝင်လာခဲ့ပြီး ခံစစ်နဲ့ ဂိုး မှာတော့ ကားလို့စ်၊ ကွန်ဒေး၊ အကူနာ၊ နာဗက်စ်နဲ့ ဘွန်နူ တို့ ပွဲထွက်လာခဲ့ပါတယ်။ အန်ဆယ်လော့တီ ကတော့ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ ကိုမှ ကာရင်ဘန်ဇီမာ၊ ဗင်နီးစီးယပ်စ်၊ ဗယ်ဗာဒီ၊ မိုဒရစ်၊ ကာမာဗင်ဂါ၊ ခရူးစ်၊ မီလီတောင်၊ အလာဘာ၊ ကာဗာဂျယ်၊ ဗက်ဇ်ကွက်ဇ်၊ ကော့တွာ တို့ကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

ဒီပွဲမှာလည်း တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ တစ်ယောက် ရီးရဲယ်မက်ဒရစ် အတွက် ဟီးရိုး ဖြစ်ခဲ့ပြန်ပြီး ဒီရာသီ အတွက် ၂၅ ဂိုးမြောက် လာလီဂါ သွင်းဂိုးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၃၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ကာရင်မ် ဘန်ဇီမာ

ဇယား ထိပ်ပိုင်းက အသင်းတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲအစပိုင်းမှာ ဆီဗီလာ တို့ ရီးရဲယ်မက်ဒရစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာပဲ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ကွင်းလယ် ကစားသမား ရာကီတစ်က ဖရီးကစ် ကနေ တိုက်ရိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၄ မိနစ် အကြာမှာ ဆီဗီလာတို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး မာစီရယ်ရဲ့ တစ်ကိုယ်တော် အားထုတ်မှု ကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို တိုက်စစ် အသင့်ပါလာတဲ့ အဲရစ်ခ် လာမယ်လာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဧည့်သည် ရီးရဲယ်တို့ ချေပဂိုးရဖို့ ပြန်လည် အာရုံစိုက်ခဲ့ပေမယ့် ဆီဗီလာ ခံစစ်ကို မကျော်နိုင်လို့ ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်က စလို့ ရီးရဲယ်မက်ဒရစ်တို့ အခွင့်အရေးတွေ ဆက်တိုက် ရလာခဲ့ပြီး ကွင်းလယ်က ကာမာဗင်ဂါနဲ့ ရိုဒရီဂို ကို လူစားလဲလှယ်လိုက်တာက အန်ဆယ်လော့တီ အတွက် မှန်ကန်တဲ့ နည်းဗျူဟာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ရိုဒရီဂို အနေနဲ့ ကွင်းထဲ ဝင်လာပြီး ၅ မိနစ် မပြည့်ခင် မှာတင်ပဲ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂-၁ ဖြစ်သွားချိန် မှာတော့ ရီးရဲယ်တို့ ဆီဗီလာ ခံစစ်ကို စိတ်ကြိုက် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၂ မိနစ် ရောက်မှ ဒုတိယ ချေပဂိုး ရခဲ့ပြီး ကာဗာဟယ်ရဲ့ ဖန်တီးပေးမှုကနေ နာချိုက ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး မတိုင်ခင် ဗင်နီးစီးယပ်စ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR က လက်ထိဘော အဖြစ်သာ အတည်ပြုပေးခဲ့လို့ ရီးရဲယ်တို့ နစ်နာခဲ့ရပါသေးတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၂ မိနစ် မှာတော့ ဇာတ်လိုက်ကျော် ကာရင်မ် ဘန်ဇီမာက အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ ၂-၃ ရလဒ်နဲ့ ပွဲပြီးဆုံးပြီး ရီးရဲယ်မက်ဒရစ်တို့ အဖိုးတန် အနိုင် ၃ မှတ် ရခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အာဆင်နယ်
1X2 အာဆင်နယ် @ 3.80
ဂိုးပေါ် 2.50 @ 2.03
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အသင်းကြီးတွေကို အမြဲတမ်း ခက်ခဲစေလေ့ ရှိတဲ့ ဆီဗီလာရဲ့ ဆန်းချက်ဇ် ပစ်ဇ်ဟွမ် ကွင်းဟာ ဒီတစ်ကြိမ် မှာလည်း ရီးရဲယ်မက်ဒရစ်ကို ခက်ခဲစေခဲ့ပြန်ပါတယ်။ ကတ်ဆီမီရို မပါတဲ့ ဒီနေ့ပွဲ ရီးရဲယ် ကွင်းလယ်က ရာကီတစ် ဦးဆောင်လာတဲ့ ဆီဗီလာ ကွင်းလယ်ကို အစောပိုင်း ပွဲချိန်တွေမှာ ယှဉ်ကစားဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီ အနေနဲ့ မှန်ကန်တဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲ လုပ်နိုင်ခဲ့တာကြောင့် အစောပိုင်းမှာ အငိုက်မိပြီး ပေးခဲ့ရတဲ့ ဂိုးတွေကို အချိန်မီ လိုက်လံ ချေပနိုင်ခဲ့သလို အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ တစ်ယောက် ရီးရဲယ်မက်ဒရစ် အတွက် ဟီးရိုး ဖြစ်ခဲ့ပြန်ပြီး ဒီရာသီ အတွက် ၂၅ ဂိုးမြောက် လာလီဂါ သွင်းဂိုးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ ဆီဗီလာတို့ ရမှတ် ၆၀နဲ့ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကတော့ ဘာစီလိုနာ၊ ဆီဗီလာ၊ အက်တလက်တီကို မက်ဒရစ် ၃ သင်းစလုံးကို ၁၅ မှတ် အထိ ဖြတ်ပြီး လာလီဂါ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး ဧပြီ ၂၁ ရက်နေ့မှာ လာလီဂါ ပွဲစဉ်တွေ ဆက်လက် ကစားရှိပြီး ဆီဗီလာ က လီဗန်တေး၊ ရီးရဲယ်မက်ဒရစ် က အိုဆာဆူနာနဲ့ အသီးသီး ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်