နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် အရှုံး ဝေဒနာတွေကို ဂိုးပြတ် နိုင်ပွဲနဲ့ ပြန်လည် ကုစားခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၀-၆ ချဲလ်ဆီး

ချဲလ်ဆီးတို့ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ ဆောက်သမ်တန်ကို စိန့်မေရီမှာ ၆ ဂိုးပြတ် ရလဒ်နဲ့ အပြတ်အသတ် ချေမှုန်းပြီး ပြိုင်ပွဲစုံ အိမ်ကွင်း ၂ ပွဲ ဆက်တိုက် ဂိုးပြတ် ရှုံးနိမ့်မှု ဝေဒနာတွေကို ပြန်လည် ကုစားသွားခဲ့ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ စိတ်ပျက်စရာ ကစားပုံနဲ့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့တဲ့ ဆောက်သမ်တန်တို့ ချဲလ်ဆီးကို တောင့်တင်းတဲ့ လူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပေမယ့် မထင်မှတ်ပဲ ဂိုးဒါဇင်ဝက် ပေးပြီး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ထုံးစံ အတိုင်း ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာတဲ့ ဆောက်သမ်တန်ရဲ့ လူစာရင်းမှာ ချီ အက်ဒမ်၊ အက်ဒမ် အမ်းစတောင်း၊ ဝက်ဒ်ပရောက်စ်၊ ရိုမီယူ၊ စတူးဝပ် အမ်းစတောင်း၊ အဲလ်ယွန်နူဆီ၊ ဝေါလ်ကာ ပီတာ၊ ဆယ်လီဆူ၊ လစ်ဗရာမန်တို၊ ဘက်ဒ်နာရက်ခ်၊ ဖော်စတာ တို့ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်ခဲ့ပြီး ရူဒီဂါ၊ ဆေးလ်ဗား၊ ခရစ္စတန်ဆန်ပဲ ပါဝင်လာခဲ့ပါတယ်။ ကိုဗာချစ်၊ ကန်တေ ဗဟို ကွင်းလယ် အတွဲနဲ့ အတူ တောင်ပံတွေမှာ အလွန်ဆိုနဲ့ လော့ဖ်တပ်စ်ချိခ်တို့ ပွဲထွက်ခဲ့ပြီး တိုက်စစ် မှာတော့ တီမိုဗာနာ၊ မေဆန်မောင့်နဲ့ ကိုင်ဟာဗက်ဇ် တို့ ဦးဆောင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အက်တလက်တီကို
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.86
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင်း 2-3 @1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ အရှုံးတွေကို ပေါက်ကွဲချင်နေတဲ့ ချဲလ်ဆီးတို့ ပွဲစကတည်းက ဆောက်သမ်တန် ဂိုးပေါက်ကို တဒိုင်းဒိုင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ တီမိုဗာနာရဲ့ ပထမတစ်ကြိမ် ကန်ချက် တိုင်ထိထွက်ခဲ့သလို ဒုတိယအကြိမ် ခေါင်းတိုက်ချက် ဘားတန်းထိ ထွက်ခဲ့လို့ စိန့်တို့ ကံကောင်းနေခဲ့ပါတယ်။ ပွဲချိန် ကြာလာလေ ဆောက်သမ်တန်ရဲ့ ကစားပုံ ယို့ယွင်းလာလေ ဖြစ်တာကြောင့် ချဲလ်ဆီးတို့ ပွဲချိန် ၁၀ မိနစ် မပြည့်ခင်မှာပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ လော့ဖ်တပ်စ်ချိခ် မတင်ပေးလိုက်တဲ့ ဘောလုံးကို မေဆန်မောင့် တစ်ချက် ထိန်းပြီး ပြန်ချပေးရာ ကနေ တိုက်စစ် လိုက်ပါလာတဲ့ မားကို့စ် အလွန်ဆိုက ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၁၆ မိနစ်မှာ မေဆန်မောင့်က ဂိုးဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာကြောင့် ဒုတိယဂိုး ရခဲ့ပြီး ၂၁ မိနစ်နဲ့ ၃၁ မိနစ် တွေမှာ တီမိုဗာနာနဲ့ ကိုင်ဟာဗက်ဇ် တို့က ၂ ဂိုးဆက် ထပ်သွင်းနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာတင်ပဲ ချဲလ်ဆီးတို့ ၄ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီး ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံး၊ ၁ ပွဲသရေကျထားတဲ့ ဆောက်သမ်တန် ကတော့ အဆင့် ၁၃ နေရာ အထိ ဆင်းသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ပြန်ဆင်းသွားခဲ့ရတဲ့ ဆောက်သမ်တန်

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း ဆောက်သမ်တန်တို့ ယို့ယွင်းနေတဲ့ ခံစစ်ကြောင်းကို ဖာထေးနိုင်ခဲ့ခြင်း မရှိလို့ ချဲလ်ဆီးရဲ့ စိတ်ကြိုက် တိုက်စစ်ဆင်မှု အောက်မှာပဲ ဆက်လက် ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့် ပွဲပြန်စပြီး ၅ မိနစ် အကြာမှာ တီမိုဗာနာက ပဉ္စမဂိုး၊ ၅၄ မိနစ်မှာ မေဆန်မောင့်က ဆဌမဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း ချဲလ်ဆီးတို့ အခွင့်အရေး တချို့ ထပ်ရခဲ့သေးပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ၀-၆ ရလဒ်နဲ့ပဲ ပြီးဆုံးပြီး ပရီးမီးယားလိဂ် အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီးတို့ ဒီပွဲပြီးရင် မက်ဒရစ်မှာ ရီးရဲယ်နဲ့ ဒုတိယအကျော့ ကစားဖို့ ရှိပေမယ့် လူစုံ တက်စုံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ပွဲချိန်ပြည့် အားစိုက် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ရှုံးပွဲတွေဆက်လို့ စိတ်ဓာတ်ပျက်နေတဲ့ ဆောက်သမ်တန် ကတော့ ချဲလ်ဆီးကို လျော့တိလျော့ရဲ ကစားပုံနဲ့ ရင်ဆိုင်သွားခဲ့ပြီး အဓိက ကတော့ နောက်ခံလူ ၄ ဦးစလုံး အမှားများလွန်းခဲ့ပါတယ်။ တူချယ်ရဲ့ အသင်းက တောင်ပံတွေကို အားပြုပြီး လျင်မြန်မှုနဲ့ ထိုးဖောက်နေတယ် ဆိုတာ သိပေမယ့် စိန့်တို့ ဘယ်လိုမှ တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့လို့ မလိုလားအပ်တဲ့ ဂိုးတွေကို ဆက်တိုက် ခွင့်ပြုပေးခဲ့ရတာပါ။ ချဲလ်ဆီး တိုက်စစ်မှူး ၃ ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ အတွက် အဓိကကျခဲ့သူတွေက တောင်ပံ ကစားသမားတွေ ဖြစ်ပါတယ်။ 

ပွဲအပြီး ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ လွတ်လွတ်ကျွတ်ကျွတ် ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံး၊ ၁ ပွဲသရေကျထားတဲ့ ဆောက်သမ်တန် ကတော့ အဆင့် ၁၃ နေရာ အထိ ဆင်းသွားခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်တို့ ဧပြီ ၁၆ ရက်နေ့မှာ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ ကြားရက်မှာ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့၊ ၁၇ ရက်နေ့ မှာတော့ ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်