နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟော့ဖန်ဟိမ်း – ဘိုချမ် | ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ (ပွဲကြိုသုံးသပ်ချက်)

ဟော့ဖန်ဟိမ်း – ဘိုချမ်

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဟော့ဖန်ဟိမ်းတို့ ဘိုချမ်ကို ပရီဇီးရိုး အရီနာမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး အားစိုက်နေတဲ့ ဟော့ဖန်ဟိမ်းတို့ အဝေးကွင်း ခြေစွမ်းညံ့တဲ့ ဘိုချမ် ဆီက အနိုင် ၃ မှတ် အလွယ်တကူ ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ၅ ပွဲဆက်တိုက် ရလဒ်တွေ ကောင်းခဲ့ပြီးမှ နောက်ဆုံး ပွဲမှာ မထင်မှတ်ပဲ တန်းဆင်းဇုန်ထဲက ဟာသာဘာလင်ကို ရှုံးနိမ့်ခဲ့တဲ့ ဟော့ဖန်ဟိမ်းတို့ နိုင်ပွဲ ပြန်ရှာဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၆ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် အဆင့် ၄ နေရာက လိုက်ပ်ဇစ်နဲ့ ၁ မှတ်သာ ကွာဟနေသလို အဆင့် ၃ နေရာက လေဗာကူဆင် နဲ့တောင် ၄ မှတ်ပဲ ကွာဟနေလို့ ဟော့ဖန်ဟိမ်းတို့ မျှော်လင့်ချက် ကြီးကြီး ထားခွင့်ရှိနေဆဲ ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းရဲ့ အဓိက ပြသနာက တစ်ပွဲ ရှုံးပြီးရင် နောက်ပွဲတွေပါ ဆက်တိုက် လိုက်ရှုံးတတ်တာ ဖြစ်ပြီး အခုပွဲ မှာလည်း ပထမအကျော့တုန်းက ၂ ဂိုးပြတ် အရေးနိမ့်ထားတဲ့ ဘိုချမ်နဲ့ တွေ့ဆုံနေလို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဟော့ဖန်ဟိမ်းရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ တော်တော်လေး ကောင်းနေခဲ့ပြီး ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားပါတယ်။ နောက်ပြီး ဟော့ဖန်ဟိမ်းဟာ ရှုံးနိမ့်နိုင်တဲ့ အနေအထား ကနေ ရမှတ် အများဆုံး ၂၁ မှတ် အထိ ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ပွဲစဉ် နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲ ရှုံးပွဲ မရှိခဲ့တဲ့ ဟော့ဖန်ဟိမ်းမှာ လက်တလော အဓိက ကစားသမား တချို့ ဒဏ်ရာ ပြသနာ ရှိနေတာက စိတ်ပျက်စရာ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ ဗဟိုခံစစ်မှူး အာမင် ဘချာချစ်ခ်နဲ့ ရောဘတ် စကော့ဗ် တို့လွဲချော်ဖို့ ရှိနေပြီး ရူဒီ၊ နော့ဒ်ဗီးရတ်၊ ခရစ္စ ရစ်ချက် တို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ရက်တာ၊ အန်ဒရီ ကရာမာရစ်၊ ဘီဘူ၊ ဘမ်ဂတ်နာ၊ ဂိုင်ဂါ၊ ရမ်း၊ ကတ်ဒရာဘက်ခ်၊ ဟဘ်နာ၊ ဂရီလစ်ရှ်၊ ဗော့ဂ်၊ ဘိုမန်း တို့ ပါဝင်လာဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ်ကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ အနိုင်ယူပြီးနောက် ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားခဲ့ပြီး ဂရူသာဖက်လို ဇယား အောက်ဆုံးက အသင်းကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရထားတာ ဖြစ်လို့ အထင်ကြီးစရာတော့ မရှိပါဘူး။
အခုနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ရှုံးပွဲ ၉ ပွဲ အထိ ရှိထားတဲ့ ဘိုချမ်

ဘိုချမ်တို့ တန်းဆင်းဇုန်နဲ့ ၆ မှတ် အကွာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာကို ပြန်လည် တက်လှမ်းထားနိုင်ပေမယ့် စိတ်မချရသေးတဲ့ အခြေအနေပါ။ ဘေယန်မြူးနစ်ကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ အနိုင်ယူပြီးနောက် ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားခဲ့ပြီး ဂရူသာဖက်လို ဇယား အောက်ဆုံးက အသင်းကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရထားတာ ဖြစ်လို့ အထင်ကြီးစရာတော့ မရှိပါဘူး။ ဘိုချမ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်က တော်တော်လေး ညံနေတဲ့ အထဲမှာပါပြီး ကစားထားတဲ့ ၁၃ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပြီး ၂ ပွဲသရေ၊ ၉ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်တလော အသင်းမှာ ကစားသမား အများစု ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်လို့ ပွဲပယ် ပြစ်ဒဏ် ထိထားတဲ့ ကော့တ်ချက်ပ်က လွဲလို့ လူစုံ ပွဲထွက်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဟော့ဖန်ဟိမ်းက ၂ ကြိမ်နိုင်ပြီး ဘိုချမ်က ၃ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ အခုနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ဘိုချမ်က နိုဗိုနီ၊ ပန်တိုဗစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဟော့ဖန်ဟိမ်း အတွက် ၁.၅၁ ဆ၊ ဘိုချမ် အတွက် ၅.၆၀ ဆ၊ သရေ အတွက် ၄.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အစဉ်အလာအရ ဟော့ဖန်ဟိမ်းတို့ ဘိုချမ်နဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ ရုန်းကန်ရလေ့ ရှိပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ရှုံးဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ နောက်ပြီး ဟော့ဖန်ဟိမ်းရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်က တော်တော်လေး အားရစရာ ကောင်းနေပြီး ဘိုချမ် ကတော့ အဝေးကွင်း ရလဒ်တွေ ဆိုးရွားနေပါတယ်။ ဟော့ဖန်ဟိမ်းတို့ အိမ်ကွင်းမှာ ၃ မှတ် အပြည့် ရသွားဖို့ များပြီး အခန့်မသင့်ရင် ဂိုးတောင် ပြတ်သွားနိုင်ပါတယ်။


ခန့်မှန်းရလဒ် (၃-၁

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်