နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေကို ပြန်လည် မြင်တွေ့ရဖွယ် ရှိနေတဲ့ အယ်ကလက်ဆီကို ဒါဘီ | ရီးရဲယ်မက်ဒရစ် – ဘာစီလိုနာ (လာလီဂါ ပွဲကြိုသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် – ဘာစီလိုနာ 

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၉ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး လက်ရှိမှာ အကောင်းဆုံး ပုံစံ ပြန်ရနေခဲ့တာကြောင့် အချိန်တစ်ခု အကြာ ပျောက်ဆုံးနေခဲ့တဲ့ အယ်ကလက်ဆီကို ဒါဘီရဲ့ အနှစ်သာရနဲ့ အငွေ့အသက်တွေကို ပြန်လည် ခံစားရဖွယ် ရှိနေပြီး ၂၄၉ ကြိမ်မြောက် တွေ့ဆုံမှုမှာ ဘယ်အသင်း အသာရသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၁၀ မှတ် ဖြတ် ဦးဆောင်နေခဲ့တဲ့ ရီးရဲယ်မက်ဒရစ် အတွက် အခု ပွဲရလဒ်က သိပ်ပြီး အရေးမကြီးပေမယ့် ဂုဏ်သိက္ခာအရတော့ အရေးပါနေလို့ ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။ အန်ဆယ်လော့တီရဲ့ အသင်းက ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ လက်ရှိမှာ ချန်ပီယံလိဂ်နဲ့ လာလီဂါ ဖလား နှစ်လုံး လမ်ကြောင်း ပေါ်မှာ အကောင်းဆုံး လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက ကစားသမားတွေ ပွဲပန်းမှုကြောင့် ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရအောင် ပြန်လည် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လက်တလော လာလီဂါမှာ အဆင့် ၂ နေရာက ဆီဗီလာကို ၁၀ မှတ်ထိ ဖြတ်ထားနိုင်သလို အဆင့် ၃နဲ့ ၄ နေရာက ဘာစီလိုနာနဲ့ အက်တလက်တီကို မက်ဒရစ်ကို ၁၅ မှတ် အထိ ဖြတ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ရီးရဲယ်တို့ ဒီနှစ် လာလီဂါမှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးပဲ ၁၀ ပွဲနိုင်၊ ၄ ပွဲသရေကျထားပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ခြေစွမ်းပြနေတဲ့ အဓိက တိုက်စစ်မှူး ကာရင်မ် ဘင်ဇီမာ ခြေသလုံး ဒဏ်ရာကြောင့် လွဲချော်မယ်လို့ ဖော်ပြထားပြီး ပြင်သစ် တိုက်စစ်မှူး ပါဝင်နိုင်ချေက ၄၀% သာ ရှိတယ်လို့ သိရပါတယ်။ ဘင်ဇီမာရဲ့ ဒဏ်ရာနဲ့ ပတ်သတ်လို့ အသင်းရဲ့ ဆရာဝန်တွေ ကိုယ်တိုင်က စိုးရိမ်စရာ မရှိကြောင်း အာမခံထားခဲ့ပေမယ့် အန်ဆယ်လော့တီ ကတော့ ရလဒ်ပိုင်း အတွက် သိပ်ပြီး အရေးမပါတဲ့ ပွဲစဉ်မှာ ဘင်ဇီမာကို အနားပေးချင်နေပုံ ရပါတယ်။ ဒါကြောင့် ရီးရဲယ် တိုက်စစ်မှာ အဆန်စီရို၊ ရိုဒရီဂိုနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့ကိုပဲ မြင်တွေ့ရဖို့ ရှိနေပြီး ကွင်းလယ်မှာ ကက်ဆီမီရို၊ မိုဒရစ်နဲ့ ခရူးစ်၊ ခံစစ်မှာ နာချို၊ အလာဘာ၊ မီလီတောင်နဲ့ ကာဗာဟယ်၊ ဂိုးမှာတော့ ကော့တွိုက်စ်ပဲ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ကလည်း ရာသီ အစမှာ ရုန်းကန်ခဲ့ရသမျှ လက်ရှိမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတာကြောင့် လာလီဂါ အဆင့် ၃ နေရာ အထိကို ပြန်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ကလည်း ရာသီ အစမှာ ရုန်းကန်ခဲ့ရသမျှ လက်ရှိမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတာကြောင့် လာလီဂါ အဆင့် ၃ နေရာ အထိကို ပြန်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ်၊ ထရာအိုရေး တို့နဲ့ တိုက်စစ်ပိုင်းက တော်တော်လေး အလုပ်ဖြစ်နေပြီး ပွဲတိုင်းလိုလို ဂိုးမြူးနေခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၄ ဂိုးရခဲ့တဲ့ ပွဲက ၅ ပွဲ အထိ ရှိခဲ့ပြီး  အော်ဘာမီယန်း ကလည်း ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၇ ပွဲနိုင်၊ ၃ ပွဲ သရေကျအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာတို့ သူတို့ မနိုင်တာ ကြာပြီဖြစ်တဲ့ အယ်ကလက်ဆီကို ဒါဘီမှာ ရလဒ်ကောင်းဖို့ မျှော်လင့်နေမှာ သေချာပါတယ်။ ကစားသမားတွေ ကိုယ်တိုင် အယ်ကလက်ဆီကိုမှာ အပီကိုင်မယ်လို့ ကြွေးကြော်နေတဲ့ အထိကို ဘာစီလိုနာတို့ နိုင်လို စိတ်တွေ ပြင်းပြနေခဲ့တာပါ။ တစ်ခု ရှိတာက ဘာစီလိုနာ အနေနဲ့ သူ့အောက်က အသင်းတွေကို တတ်နိုင်သမျှ အမှတ်ဖြတ်ထားဖို့ လိုအပ်နေသေးလို့ ရီးရဲယ် ထက်တော့ ဖိအားတော့ အနည်းငယ် ပိုနေမှာ သေချာပါတယ်။ အခုပွဲ ကိုတော့ နီကို ဂွန်ဇာလက်ဇ်နဲ့ ဆာဂျီနို ဒက်စ်တို့ လွဲချော်မှာ ဖြစ်ပေမယ့် ကျန်ကစားသမားတွေ အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေလို့ ဇာဗီ အတွက်တော့ ကြိုက်တဲ့ ကစားသမား ရွေးချယ် ပွဲထုတ်ရုံပါပဲ။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဂိုးမှာ တာစတီဂန်၊ ဒန်နီအဲလ်ဗက်စ်၊ ပီကေး၊ အဲရစ် ဂါစီယာ၊ ဂျော်ဒီ အဲလ်ဘာ၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဖရန်ကီ ဒီယောင်၊ တိုက်စစ်မှာ ဒမ်ဘီလီ၊ အော်ဘာမီယန်း၊ ဖာရန်းတောရက်စ် တို့နဲ့ ပွဲထွက်လာနိုင်ချေ များနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဝက်ဖို့ဒ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် ၂၄၈ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ပြီး ရီးရဲယ်မက်ဒရစ်က အကြိမ် ၁၀၀ နိုင်ပြီး ဘာစီလိုနာက ၉၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ ၅၂ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ရီးရဲယ်တို့ ၅ ကြိမ်စလုံး အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1×2 မှာတော့ ရီးရဲယ်မက်ဒရစ် အတွက် ၂.၂၉ ဆ၊ သရေ အတွက် ၃.၃၀ ဆ၊ ဘာစီလိုနာ အတွက် ၃.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ရီးရဲယ်တို့ လာလီဂါ အိမ်ကွင်း ရှုံးပွဲ မရှိခဲ့တာ ၂၄ ပွဲဆက် ရှိခဲ့ပါပြီ ဖြစ်သလို ဘာစီလိုနာ ကလည်း အဝေးကွင်း နောက်ဆုံး ၆ ပွဲဆက် မရှုံးအောင် ကစားထားပါတယ်။ အယ်ကလက်ဆီကို ထုံးစံ အတိုင်း နှစ်သင်းလုံး အခွင့်အရေး ဆတူ ရှိနေကြလို့ ခန့်မှန်းရတော့ ခက်ပါတယ်။ သရေ ရလဒ် က နှစ်သင်းလုံး အတွက် မျှတတဲ့ အဖြေ ဖြစ်ပေမယ့် မစွန့်စားရဲတာကြောင့် သေချာနိုင်မယ့် ဂိုးပေါ် ၂.၅၀ ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်