နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုကယ်ဖလား အရှုံးကို အနိုင် ၃ မှတ်နဲ့ ပြန်လည် ကုစားနိုင်ခဲ့တဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဟော့ဖန်ဟိမ်း ၂ – ၃ ဒေါ့မန်

ဘွန်ဒက်စ်လီဂါရဲ့ အစဉ်အလာ ပြိုင်ဘက် ကောင်းတွေပီပီ အပြန်အလှန် သွင်းဂိုးတွေ နဲ့အတူ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ၊ တိုက်စစ်မှူးတွေရဲ့ အတိကျဆုံးအဆုံးသတ် သွင်းဂိုးတွေ နဲ့အတူ စွဲဆောင်မှု အပြည့်ရှိခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ဗျူဟာပိုင်း ဆိုတာထက် ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်နိုင်မှု ပုံစံကောင်းက ဒီပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးခဲ့တာပါ။ ဟာလန်းပြန် ကစားနိုင်ခြင်း နဲ့အတူ ဒေါ့မန်တိုက်စစ် တော်တော်လေး ထက်မြတ်ခဲ့သလို ဟော့ဖန်ဟိမ်းရဲ့ ကစားပုံကလည်း အိမ်ကွင်းမှာ အနိုင်ရဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

တိုက်စစ် အသားပေး ကစားတတ်တဲ့ အသင်း နှစ်သင်း အားပြိုင်မှုနဲ့အတူ ပရိသတ်အကြိုက် သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ထိပ်တိုက်တွေ့ဆုံတိုင်း အပြန်အလှန် သွင်းဂိုးတွေ ရလေ့ရှိတဲ့ အစဉ်အလာကို ဆက်ပြီး ပုံသွင်းနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ မေလန်၊ ဟာလန်း၊ မာကိုရွိုက်စ်၊ ဘင်လင်ဟမ်၊ ဟမ်းမဲလ် တို့နဲ့အတူ ဒေါ့မန်တို့ လူစုံခဲ့ပါတယ်။ ၃-၅-၂ အခြေပြုခဲ့တဲ့ ဟော့ဖန်ဟိမ်း မှာတော့ ဒက်ဘာ၊ ခရာမာရစ်၊ ဒီဘူအာ၊ ရစ်ချတ်တို့က ဦးဆောင်ပါဝင်လာခဲ့တာပါ။ ပွဲအစကတည်းက တိုက်စစ်ပိုင်းကို အသားပေးကစားခဲ့တဲ့ ဒေါ့မန်ရဲ့ ကစားပုံကြောင့် အိမ်ရှင်အသင်း ဖိအားများခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ပွဲအစ ၆ မိနစ်မှာကတည်းက ဟာလန်းရဲ့ သွင်းဂိုးကြောင့် ဒေါ့မန်တို့ အသာရခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် ဟော့ဖန်ဟိမ်းရဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲခြင်းမရှိပေမယ့် ဒေါ့မန်ရဲ့ တိုက်စစ်ပိုင်းက တည်ငြိမ်မှု ရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် တကယ်တမ်း ဂိုးရသွားတာ ကတော့ ဟော့ဖန်ဟိမ်း ဖြစ်နေခဲ့ပါတယ်။ ဒေါ့မန်နောက်တန်းရဲ့ အမှားကို အကောင်းဆုံး အသုံးချပြီး ၁၈ ကိုက် စည်းအတွင်း အတိကျဆုံး ပိတ်သွင်းခဲ့တဲ့ ခရာမာရစ်ရဲ့ ဂိုးက တော်တော်လေး သေသပ်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဒေါ့မန်တို့ ကစားပုံပြောင်းလဲခဲ့ပြီး တိုက်စစ်ပိုင်း ပိုပြီး ပီပြင်အောင် ကစားလာခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ ဟော့ဖန်ဟိမ်း နောက်တန်းအမှားကို အခွင့်ကောင်း ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားကနေ မာကိုရွိုက်စ်က ဒေါ့မန်အတွက် ဒုတိယ ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဖိအားပေးနေတဲ့ ဒေါ့မန်ရဲ့ ကစားပုံကောင်းကြောင့် ဟော့ဖန်ဟိမ်းတို့ ခံစစ်မှာပဲ အလုပ်ရှုပ်နေခဲ့ပါတယ် ပွဲချိန် ၆၆ မိနစ်မှာ ဒေးဗစ်ရမ်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့လို့ ဒေါ့မန်တို့ တတိယမြောက် ဂိုးထပ်ရခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ ဒေါ့မန်တို့ ပွဲကို ထိန်းကစားခဲ့ခြင်း နဲ့အတူ ဟော့ဖန်ဟိမ်းတို့ အခွင့်အရေးအချို့ ပြန်ရခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ ရူတာက ဟော့ဖန်ဟိမ်း အတွက် ချေပဂိုးတစ်ဂိုး ပြန်ယူပေးခဲ့လို့ ပွဲပြီးခါနီးမှာ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲပြီးတဲ့ အထိ ဂိုးထပ်မရခဲ့လို့ ဒေါ့မန်ကပဲ ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ တိုက်စစ် အားသန်တဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက တော်တော်လေး ကြည့်ကောင်းခဲ့တာပါ။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဟော့ဖန်ဟိမ်း

ပွဲပြီးသုံးသပ်ချက်

ဘွန်ဒက်စ်လီဂါရဲ့ တိုက်စစ် အားသန်တဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက တော်တော်လေး ကြည့်ကောင်းခဲ့တာပါ။ အထူးသဖြင့် နှစ်သင်းလုံးရဲ့ တောင်ပံတိုက်စစ် ထက်မြတ်မှုတွေက မေးခွန်းထုတ်စရာ မရှိအောင်ကို သေသပ်ခဲ့ပါတယ်။ မေလန်၊ မာကိုရွိုက်စ်တို့ နှစ်ဦးရဲ့ တောင်ပံတိုက်စစ်တွေက ထိရောက်ခဲ့သလို ဟော့ဖန်ဟိမ်း တိုက်စစ်ကလည်း ဒေါ့မန်ကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါဘာ၊ ခရာမာရစ်တို့ ဦးဆောင်လာတဲ့ ဟော့ဖန်ဟိမ်း တိုက်စစ်က တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ အကန်ဂျီ၊ ဟမ်းမဲလ် ဦးဆောင်တဲ့ ဒေါ့မန်ခံစစ် ဖိအားကြားကနေ ရုန်းကန်ခဲ့ရပေ မယ့် အနိုင်ရလဒ်ကို ထိန်းနိုင်ခဲ့တယ်လို့ပဲဆိုရမှာပါ။ ကွင်းလယ်နဲ့ ခံစစ်ကို ဦးစားပေးပြီး ၅ ယောက်အထိ အသုံးပြုခဲ့တဲ့ ဟော့ဖန်ဟိမ်းတို့ ထင်သလောက် အလုပ်မဖြစ်ခဲ့လို့လည်း ဒေါ့မန်တို့ အဝေးကွင်းနိုင်ပွဲ နဲ့အတူ မျက်နှာပန်းလှခဲ့တာလည်း ဖြစ်ပါတယ်။

စီးရီးအေ
ဖီအိုရင်တီးနား
လာဇီယို
1X2 သရေ @ 3.35
လာဇီယို အာရှ ဟန်းဒီးကပ် +0.25 @ 1.90
ဂိုးပေါ် 2.75 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

ဟော့ဖန်ဟိမ်း အနေနဲ့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ မိန့်ဇ်နဲ့ရင်ဆိုင်ကစားရဖို့ရှိနေပြီး ဒေါ့မန်ကတော့ အိမ်ကွင်း မှာ လေဗာကူဆင်ကို ဧည့်ခံယှဉ်ပြိုင်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်