နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာ၊ ဂျိုတာ၊ အာနိုးလ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၆ ပွဲဆက် အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၃-၁ နယူးကာဆယ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် ကလော့ပ်ရဲ့ အသင်းက ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၆ ပွဲဆက် အနိုင်ရရှိမှုနဲ့ အတူ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ် အကွာ ဒုတိယနေရာ ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး နယူးကာဆယ် ကတော့ ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းဇုန် ထဲမှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။

 

ပွဲစဉ်အကျဉ်း

နယူးကာဆယ်ကတော့ပရီးမီးယားလိဂ်၂ပွဲဆက်ပြန်လည်ရှုံးနိမ့်ခဲ့ပြီးအမှတ်ပေးဇယားအဆင့်၁၉နေရာမှာဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ ၄-၃-၃ ကစားကွက်နဲ့ ကိုမှ ခံစစ်မှာ မက်တစ်ပ်နဲ့ ကိုနာတေးကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာ သီယာဂို၊ ဟန်ဒါဆင်၊ ချိန်ဘာလိန်၊ တိုက်စစ် မှာတော့ မာနေး၊ မိုဟာမက်ဆာလာနဲ့ ဒီယိုဂို ဂျိုတာတို့ ပါဝင်လာခဲ့ပါတယ်။ အက်ဒီဟောင်ဝီရဲ့ အသင်း ကတော့ ၄-၄-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး စိန့်မက်ဆီမင်၊ ဂျိုးလင်တန်၊ ဟေဒန်၊ ရှဲလ်ဗီ၊ လက်စ်ဆဲလက်စ်၊ ရှား၊ ဒူဗရက်ဗ်ကာ တို့နဲ့ လူစုံခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်မှာ သီယာဂိုရဲ့ လူပေးမှားမှု ကနေ နယူးကာဆယ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ရှဲလ်ဗီက ဘီးကုပ် စက်ဝိုင်း ထိပ်ကနေ အမှတ်မထင် ကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မာနေးရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် လစ်ဗာပူးလ်တို့ ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး ပွဲချိန် ၂၁ မိနစ် မှာတော့ ဒီယိုဂို ဂျော့တာရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ရသွားခဲ့ပါတယ်။ ဂိုးရသွားတဲ့နောက် လစ်ဗာပူးလ်တို့ ကစားအား ပိုကောင်းလာခဲ့ပြီး ၄ မိနစ် အကြာမှာပဲ ဦးဆောင်ဂိုး ထပ်မံ ရရှိသွားခဲ့ပါတယ်။ မာနေးရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကို ဂိုးသမား ဒူဗရက်ဗ်ကာ ကာကွယ်ရင်း ကနေ ပြန်ထွက်လာတာကို မိုဟာမက် ဆာလာ က အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နာဘီ ကီတာ၊ ဖေမီနိုတို့ ထည့်ပြီး တိုက်စစ် ဆက်မြှင့်ခဲ့လို့ လစ်ဗာပူးလ်တို့ ပွဲကို ပိုပြီး ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ် အရောက် မှာတော့ ဖေမီနို ဖန်တီးပေးတဲ့ ဘောလုံးကို အလက်ဇန္တား အာနိုးလ်က ဧရိယာထိပ်ကနေ အပြင်းကန်ချက်နဲ့ ကန်သွင်းပေးခဲ့လို့ လစ်ဗာပူးလ်တို့ တတိယဂိုး ရရှိသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ကလော့ပ်ရဲ့ အသင်းက ပွဲကို ထိန်းကစားသွားတာကြောင့် သွင်းဂိုးတွေ ထပ်မံ မမြင်တွေ့ရတော့ပဲ ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

စီးရီးအေ
အတ္တလန်တာ
ရိုးမား
1X2 သရေ @ 3.85
ရိုးမား အာရှ အကျောပေး +0.75 @ 2.06
ဂိုး‌အောက် 3.00 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ ပထမပိုင်းမှာ ကတည်းက သွင်းဂိုးတွေ ရရှိခဲ့ပေမယ့် ဒုတိယပိုင်း မှာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာနေး၊ ဂျိုတာ တို့ရဲ့ ကန်ချက်တွေကို နယူးကာဆယ် နောက်တန်းနဲ့ ဂိုးသမား ဒူဗရက်ဗ်ကာတို့ ကာကွယ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာ အနေနဲ့ ဂျေမီဗာဒီရဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို လိုက်မှီခဲ့ပြီး လစ်ဗာပူးလ် ကတော့ လိဂ်ပွဲစဉ် ၆ ပွဲဆက် အနိုင်ရရှိသွားခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်လည် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီးနဲ့ ကစားဖို့ ရှိနေပါတယ်။

 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်