နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂန္တဝင်ဟောင်း ဂျရတ်ရဲ့ ဗီလာကို အန်ဖီးလ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနေတဲ့ လစ်ဗာပူးလ်| လစ်ဗာပူးလ် – အက်စတွန်ဗီလာ (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အက်စတွန်ဗီလာ

ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပုံစံကောင်း ရနေတဲ့ လစ်ဗာပူးလ်တို့ ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ အသင်းရဲ့ ကစားသမားဟောင်း စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဂျရတ် ကိုင်တွယ်ချိန်ကစလို့ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်း မှာပါ တိုးတက်လာခဲ့တဲ့ ဗီလာရဲ့ လက်ရှိ အခြေအနေကြောင့် လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားရဖို့ များနေပါတယ်။

လာလီဂါ

အလာဗတ်ဇ်

ဂီတာဖေး

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ကလော့ပ်ရဲ့ အသင်း ကတော့ မနှစ်က လက်လျှော့ခဲ့ရတဲ့ ဆုဖလားတွေကို ဒီနှစ်မှာ ပြန်ပြီး ယူနိုင်ဖို့ တာဆူနေပြီလို့တောင် ပြောရပါမယ်။ လက်ရှိ ရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြည်တွင်း ပြိုင်ပွဲ အားလုံးမှာ ရှုံးပွဲ ၁ ပွဲပဲ ရှိထားတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် မှာလည်း အုပ်စု ပွဲစဉ် ရာနှုန်းပြည့် အနိုင်နဲ့ အတူ ရှုံးထွက် တက်ရောက်ထားခဲ့ပါတယ်။ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပေမယ့် ထိပ်ဆုံးက မန်စီးတီးနဲ့ ၁ မှတ်သာ ကွာဟနေတာကြောင့် အမှားမခံစတမ်း ကစားလာဦးမှာ သေချာပါတယ်။ မနှစ်က ဆုဖလားတွေ လက်လွှတ်ခဲ့ရခြင်းရဲ့ အဓိက အားနည်းချက် ဖြစ်တဲ့ ဒဏ်ရာရ ကစားသမား များပြားခဲ့ခြင်းကို ဒီနှစ် မှာတော့ အလှည့်ကျ ပွဲထွက်ခွင့်ပေးတဲ့ ပုံစံနဲ့ ဖြေရှင်းထားခဲ့တဲ့ ကလော့ပ် အနေနဲ့ ဘယ်ကစားသမားကို မဆို စိတ်ချလက်ချ အသုံးပြုလို့ ရနေတာ တွေ့ရပါတယ်။ အေစီမီလန်ကို အနိုင်ယူခဲ့တဲ ပွဲမှာ ဆိုရင် လစ်ဗာပူးလ်တို့ မီနာမီနို၊ မော်တန်၊ ဆီမီကတ်စ်၊ နေသန်နီရယ် ဖီးလစ်၊ နီကို ဝီလီယမ်စ် တို့လို့ အရန် ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ နိုင်ပွဲ ဆက်နေခြင်းရဲ့ နောက်ထပ် အကြောင်းရင်း တစ်ခု ကတော့ တိုက်စစ်က ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာ၊ ဒီယိုဂို ဂျိုတာ တို့ အကောင်းဆုံး ပုံစံရနေတာ အပြင် နောက်ပိုင်း ပွဲတွေမှာ ဆိုရင် အိုရီဂီ လည်း ဂိုးတွေ သွင်းပြနေတာကြောင့်လို့ ဆိုနိုင်ပါတယ်။ တစ်ပွဲထက် တစ်ပွဲ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် မျှတအောင် ကစားလာနိုင်တဲ့ လစ်ဗာပူးလ်တို့ လက်ရှိမှာ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်း ရှိနေလို့ ဗီလာတို့ ဘယ်လောက်ပဲခြေတက်နေပါစေ စိတ်ပူစရာတော့ မရှိပါဘူး။ ဒါ့အပြင် ဖေမီနို၊ ဟာဗေး အဲလီယော့တ်၊ ကာတစ် ဂျုံးစ် တို့ကလွဲရင် လူစုံနေပြီး ကလော့ပ် အနေနဲ့ ဘယ်သူတွေကို ပွဲထွက်ခွင့်ပေးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

လက်ရှိရာသီပရီးမီးယားလိဂ်အပါအဝင်ပြည်တွင်းပြိုင်ပွဲအားလုံးမှာရှုံးပွဲ၁ပွဲပဲရှိထားတဲ့လစ်ဗာပူးလ်တို့ချန်ပီယံလိဂ်မှာလည်းအုပ်စုပွဲစဉ်ရာနှုန်းပြည့်အနိုင်နဲ့အတူရှုံးထွက်တက်ရောက်ထားခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

အက်စတွန်ဗီလာ ကတော့ နည်းပြသစ် ဂျရတ်ရဲ့ လက်အောက်မှာ ပုံစံကောင်း ပြန်ရနေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ မန်စီးတီး တစ်သင်းထဲကို ရှုံးပြီး ကျန် ၃ ပွဲလုံး အနိုင် ကစားထားခဲ့ပါတယ်။ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ လက်စတာစီးတီးတို့ အခြေအနေ တစ်ခု အထိ တောင့်တင်းတဲ့ အသင်းတွေကို အနိုင်ရထားတာကြောင့်လည်း စတီဗင် ဂျရတ်ရဲ့ စွမ်းဆောင်ရည်က စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။ နည်းပြ ဒင်းန်စမစ် တည်ဆောက်ခဲ့တဲ့ Form အတိုင်း ဆက်သွားနေပေမယ့် ခက်ခက်ခဲခဲ ကစားနေရချိန်မှာတောင် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရအောင် ယူနိုင်ခဲ့တာ ကတော့ ဂျရတ် လက်အောက်မှာ ဗီလာရဲ့ အသိသာဆုံး ပြောင်းလဲမှု ဖြစ်ပါတယ်။ အဓိက ကတော့ တစ်ပွဲထက် တစ်ပွဲ စိတ်ဓာတ်ပိုင်း မြင့်တက်လာတာကြောင့် ဖြစ်ပြီး အခုပွဲမှာလည်း တိုက်ပွဲဝင်စိတ် အပြည့်နဲ့ လစ်ဗာပူးလ်ကို တုန့်ပြန်လာမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား ပိုင်ဆိုင်မှုအရ အိမ်ရှင် အသင်းကို မယှဉ်နိုင်တာကြောင့် ဗီလာတို့ မျှော်လင့်ထားသလို ဖြစ်လာဖို့တော့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။ ဒါ့အပြင် လီယွန် ဘိုင်လီ၊ ထရက်ဇီဂတ်၊ ဘာထရန် ထရာအိုအေးတို့ လွဲချော်ဖို့ များနေတာကြောင့် ဂျရတ်ရဲ့ အသင်းကအသင်းလိုက် စုဖွဲ့မှု မှာလည်း အားနည်းချက်တွေ ရှိနေမှာ သေချာပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ်မှာ ၅၂ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ကြပြီး လစ်ဗာပူးလ်က ၂၉ ကြိမ် နိုင်ပြီး ဗီလာ ကတော့ ၁၃ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ တွေ့ဆုံချိန် တချို့မှာ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ဖူးပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ လစ်ဗာပူးလ်က ၆ ဂိုးပြတ်နဲ့ အနိုင်ရဖူးသလို အက်စတွန်ဗီလာက ၇-၂ နဲ့ အနိုင်ရဖူးတဲ့ မှတ်တမ်းတွေ ရှိထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လစ်ဗာပူးလ် – အက်စတွန်ဗီလာအချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၁.၆၄ ဆ
ဒီဇင်ဘာလ ၁၁ ရက်၊ ည ၉:၃၀နာရီ (GMT+ ၆:၃၀)

SBOTOP ရဲ့ 1X2 ကြေးဖွင့်မှု အရ လစ်ဗာပူးလ် နိုင်ရင် ၁.၂၃ ဆ ပဲ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင် ၆.၄၀ ဆ၊ ဗီလာ နိုင်ရင်တော့ ၉.၇၅ ဆ အထိ ရမှာ ဖြစ်ပေမယ့် အားလုံး သိတဲ့ အတိုင်း လက်ရှိ အခြေအနေမှာ လစ်ဗာပူးလ် ဘက်မှာ ရပ်တည်တာကပဲ စိတ်အချရဆုံး ဖြစ်ပါလိမ့်မယ်။ Final Third မှာ ကစားပုံ ကောင်းနေတဲ့ ဗီလာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖွယ် ရှိနေလို့ လစ်ဗာပူးလ်နဲ့ အတူ ဂိုးပေါင်း အပေါ်ကိုပါ အရဲစွန့် ရွေးချယ်ထားစေချင်ပါတယ်။

ခန့်မှန်းရလဒ်(၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်