နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုရီဂီရဲ့ နောက်ကျဂိုးနဲ့ ၃ မှတ် အပြည့်ရခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀ – ၁ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ဦးဆောင်နေတဲ့ အသင်းတွေကို တောက်လျောက် ဖိအားပေးနေတဲ့ လစ်ဗာပူးလ်တို့ အခုတစ်ပတ် မှာလည်း ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အဝေးကွင်းမှာ ဒီဗော့ခ် အိုရီဂီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဝေးကွင်း ပွဲစဉ် ဖြစ်လို့ ရုန်းကန်ခဲ့ရပေမယ့် အဖိုးတန် အနိုင် ၃ မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လစ်ဗာပူးလ်တို့ ချဲလ်ဆီးရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၂ နေရာကိုလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲစဉ် အကျဉ်း

အိမ်ရှင် ဝုဗ်တို့ ၃-၄-၃ ကစားကွက်နဲ့အတူ အဓိက ကစားသမား အစုံအလင် ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အဒမ်မာ ထရာအိုရေး၊ ရာအူးလ် ဂျင်မီနက်ဇ်၊ ဟီချန်ဟွမ်၊ ကွင်းလယ်မှာ ဒန်ဒွန်ကာ၊ ရူဘင်နီဗက်ဇ်၊ နူရီ၊ ဆီမီဒို၊ ခံစစ်နဲ့ ဂိုးမှာတော့ ကေးလ်မန်း၊ ကိုဒီ၊ ဆာအိစ်၊ ဂျိုဆေး ဆား တို့ ပါဝင်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ထုံးစံ အတိုင်း ၄-၃-၃ ကစားကွက်နဲ့ကိုမှ ပုံမှန် ပွဲထွက်နေကျ အဓိက လူစာရင်း အပြည့်အစုံနဲ့ ရင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ဘာစီလိုနာ
1X2 ဘာစီလိုနာ @ 4.30
ဘိုင်ယန်မြူးနစ် အာရှ ဟန်းဒီးကပ် -1.00 @ 2.20
ဂိုးပေါ် 3.75 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစထဲက လစ်ဗာပူးလ်တို့ High Pressing ကစားဟန်နဲ့ ဝုဗ်ကို ဖိအားဖို့ ကြိုးပမ်းလာခဲ့ပြီး အိမ်ရှင် အသင်းရဲ့ ကစားပုံကြောင့် ကလော့ပ်ရဲ့ အသင်းက ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဘရူနို လာဂါရဲ့ အသင်း ကတော့ လစ်ဗာပူးလ်ရဲ့ တိုက်စစ် လမ်းကြောင်း စတင်ရာ ကွင်းလယ်နဲ့ တောင်ပံ နှစ်ဖက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့လို့ စောစောစီးစီး ဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ လစ်ဗာပူးလ်တို့ ကစားကွက် ပိုမိလာခဲ့ပြီး ဝုဗ် ဂိုးပေါက်ကို အကောင်းဆုံး ခြိမ်းခြောက်လာနိုင်ခဲ့သလို အိုရီဂီ၊ ချိန်ဘာလိန်၊ မီလ်နာတို့ကို လူစားလဲခဲ့တာ ကလည်း ကလော့ပ်ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ဆိုရပါမယ်။ တရစပ် ထိုးဖောက် တိုက်စစ် ဆင်နေရင်း ကနေ ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ လစ်ဗာပူးလ်တို့ အနိုင် ၃ မှတ် သေချာစေမယ့် ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မိုဟာမက် ဆာလာရဲ့ ပေးပို့မှု ကနေ ဒီဗော့ခ် အိုရီဂီက အမှားအယွင်း မရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီဇင်ဘာ ပွဲကြပ်ကာလ ဖြစ်တဲ့ အလျောက် အသင်းကြီးတွေ အတွက် အမှားခံလို့ မရတဲ့ အခြေအနေ လို့ပဲ ဆိုရပါမယ်။ ဒီနေ့ပွဲမှာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်က ဂိုးကံခေခဲ့သလို ဝုဗ်ရဲ့ ခံစစ် ကလည်း အကောင်းဆုံး ပိတ်ဆို့ တားဆီးနိုင်ခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးသမား ဂျိုဆေး ဆားရဲ့ မလုပ်သင့်တဲ့ အမှားကနေ ဂျိုတာရဲ့ အပိုင်ကန်ချက်ကို ကိုနာ ကိုဒီ ကာကွယ်နိုင်ခဲ့သလို ဆာဒီယို မာနေး၊ ဂျိုတာတို့ရဲ့ အပိုင် ခေါင်းတိုက်ချက် တချို့ လွဲချော်ခဲ့တာကြောင့် ဝုဗ်တို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ အဓိက ပြိုင်ဘက် ချဲလ်ဆီး အမှတ်လျော့ခဲ့တဲ့ အချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့လို့ ရမှတ် ၃၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက မန်စီးတီးနဲ့ ၁ မှတ် အကွာ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုနဲ့ အတူ အဆင့် ၈ နေရာ အထိ ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝုဗ်တို့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး လစ်ဗာပူးလ် ကတော့ ကြားရက်မှာ အေစီမီလန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်