နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာကိုရွိုက်စ်ရဲ့ နောက်ကျဂိုးနဲ့ ၂ ပွဲဆက် ရှုံးပွဲ ကြုံတွေ့မှုကို ရပ်တံ့နိုင်ခဲ့တဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဒေါ့မန် ၂ – ၁ စတုဂတ်

မနေ့ညက ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာတော့ ဒေါ့မန်နဲ့ စတုဂတ်တို့ ပွဲချိန်ပြည့် အကြိတ်အနယ် ကစားသွားခဲ့ကြပြီး အိမ်ရှင် ဒေါ့မန်တို့ မာကိုရိုက်စ်ရဲ့ နောက်ကျဂိုးကြောင့် ၂-၁ ရလဒ်နဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားတဲ့ ဒေါ့မန်အတွက် ကျေနပ်စရာ ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ စတုဂတ်ရဲ့ အကောင်းဆုံး တုံ့ပြန် ကစားနိုင်မှု ကြောင့်လည်း အိမ်ရှင်အသင်း ရုန်းကန်ခဲ့ရပါသေးတယ်။ အထူးသဖြင့် စတုဂတ်ရဲ့ တိကျတဲ့ ဂိုးကန်သွင်းမှုတွေက တော်တော်လေးကို အလုပ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား စုဖွဲ့မှုအရ အသာရခဲ့တဲ့ ဒေါ့မန် တို့ပဲ လိုချင်တဲ့ ရလဒ်ကို ဖန်တီး ရယူ သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒေါ့မန် အတွက် တကယ်ကို အရေးပါတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ရှေ့ပွဲစဉ် ၂ ပွဲလုံး ရှုံးပွဲကြုံတွေ့ထားမှုကို အဆုံးသတ်ဖို့ လိုအပ်နေတဲ့ အချိန် ဟာလန်းလို အဓိက ကစားသမားတစ်ယောက် မပါဝင်ခဲ့တာ တော်တော်လေးကို ခက်ခဲခဲ့တာလည်း ဖြစ်ပါတယ်။ စတုဂတ်ကတော့ မန်ဂါလာ၊ ဆိုဆာ၊ အန်ဒို၊ မက်ဆီမိုတို့ကို ၃-၅-၂ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မာလန်၊ မာကိုရွိုက်စ်၊ ဟာဇက်၊ ဘင်လင်ဟမ်၊ ဝစ်ဇ်ဆဲလ်တို့ရဲ့ ဒေါ့မန် လူစာရင်းက အတည်ငြိမ်ဆုံး ရှိနေခဲ့တာပါ။ ပွဲအစပိုင်းမှာ တစ်သင်းနဲ့ တစ်သင်း အမှားစောင့် ကစားခဲ့တဲ့အတွက် ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာသာ အပျက်များနေခဲ့တဲ့ အတွက် ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။ ခံစစ်ကစားသမား တွေရဲ့ တည်ငြိမ်မှုကြောင့် တိုက်စစ်မှူးတွေ အနေနဲ့ အဝေးကန်ချက်တွေနဲ့သာ ကန်ခွင့် ရခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ နှစ်သင်းလုံး ဂိုးရလုနီးပါး အခွင့်အရေးတွေ ပိုပြီး ရရှိခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ တိုက်စစ်မှူး မာလန်က ဒေါ့မန် အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၇ မိနစ် အကြာမှာတင် မက်ဆီမိုက စတုဂတ် အတွက် ပြန်ပြီး ချေပခဲ့တဲ့ အတွက် သရေရလဒ် ထွက်ပေါ်ဖို့ နီးစပ်လာခဲ့ပါတယ်။ အချိန်တို အတွင်း ဂိုးအသီးသီး ခွင့်ပြု ပေးလိုက်ရတဲ့ အတွက် နှစ်သင်းလုံး ခံစစ်ပိုင်းကို တဖန် ပြန်ပြီး အားစိုက် ခဲ့ပြန်ပါတယ်။ ဒေါ့မန်တို့ ပင်နယ်တီ ရနိုင်တဲ့ အခြေအနေ တစ်ရပ်ကို ပွဲချိန် မိနစ် ၈၀ မှာ ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ငြင်းပယ်မှုကြောင့် နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ မာကိုရွိုက်စ်ရဲ့ ဖန်တီးပေးမှုကို ဟာဇက် ကန်သွင်းရာကနေ တဆင့် စတုဂတ် ဂိုးသမား ပြန်ပုတ်တာကို မာကိုရွိုက်စ်က ပြန်ပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့်လည်း ဒေါ့မန်တို့ အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရခဲ့ပြီး ၂ ပွဲဆက် ရလဒ် ဆိုးရွားနေမှုကို အဆုံးသတ် နိုင်ခဲ့ပါတယ်။ စတုဂတ် ကတော့ အကောင်းဆုံးပုံစံ ရှိခဲ့ပေမယ့် ဒေါ့မန် ကွင်းမှာ အမှတ်ခွဲယူဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေ လက်ခံခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ၆ ပွဲမြောက် ရှုံးပွဲနဲ့ ကြုံသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အိမ်ကွင်း ကစားအား ကောင်းတဲ့ ဒေါ့မန် အတွက် တကယ်ကို အရေးပါခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့တာပါ။ အထူးသဖြင့် စတုဂတ်တို့ရဲ့ တန်ပြန် တိုက်စစ်နဲ့ အဝေးကန်ချက်တွေက ဒေါ့မန်ရဲ့ နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့မှာတော့ ဒေါ့မန်ကို စတုဂတ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ တကယ်တမ်းမှာလည်း မာကိုရွိုက်စ်လို ကစားသမားမျိုးဆီကနေ အရေးပါဆုံး အနိုင်ဂိုး ရရှိခဲ့လို့ ဒေါ့မန်တို့ နိုင်ပွဲရရှိခဲ့တာပါ။ ဒီပွဲ ရလဒ်က စတုဂတ်ကို တန်းဆင်းဇုန် ဖိအား ပိုပြီး ရှိသွားခဲ့ပေမယ့် ဒေါ့မန် အတွက်ကတော့ အရေးပါဆုံး ရလဒ်ဖြစ်ခဲ့ပါတယ်။ ဒေါ့မန် ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့ အမှတ်ကွာဟချက် ကျဉ်းမြောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဒေါ့မန် ကတော့ လာမယ့် ၂၅ ရက်နေ့မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပြီး စတုဂတ် ကတော့ ၂၇ ရက်နေ့မှာ မိန့်ဇ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်