နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟန်ဆီဖလစ်ခ် လက်ထက် ရာနှုန်းပြည့် အနိုင်နဲ့အတူ လက်ချင်စတိန်းကို ဂိုးမိုးရွာခဲ့တဲ့ ဂျာမနီ | ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

ဂျာမနီ ၉ – ၀ လက်ချင်စတိန်း

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ်အဖြစ် ဂျာမနီနဲ့ လက်ချင်စတိန်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပရိတ်သတ် အကြိုက် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ခြေစစ်ပွဲဝင် အသင်း အားလုံးထဲမှာ အစောဆုံး ခြေစစ်ပွဲ အောင်ခဲ့တဲ့ ဂျာမနီရဲ့ အိမ်ကွင်းရလဒ်က တကယ်ကို ပြတ်သားလွန်းပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ပွဲစဉ်တွေ ကတည်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ဖြစ်ပေမယ့် လီချင်စတိန်းကို အိမ်ကွင်းမှာ ၉ ဂိုး ပြတ် နဲ့အတူ အနိုင်ရရှိခဲ့တာပါ။ အုပ်စု ပွဲစဉ်တွေ အတွင်း သရေ တစ်ပွဲတည်းသာ ရထားတဲ့ လက်ချင်စတိန်း အဖို့ကတော့ အဝေးကွင်း ဖြစ်တဲ့ အားလျော်စွာ ကစားသမား အင်အားပိုင်းပါ ကွာဟတဲ့အတွက် လက်ခံရမယ့် ရလဒ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

မူလာ၊ ဘာကူ၊ ဆာနေးလ်၊ ဂိုရက်ဇ်ကာ၊ ဂန်ဒိုဂန်၊ မာကိုရွိုက်စ် တို့နဲ့ ပွဲထွက်လာတဲ့ ဂျာမနီ လူစာရင်းကို လက်ချင်စတိန်းတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ၅-၃-၂ အခြေခံ ပွဲထွက်လာတဲ့အပြင် ခံစစ်ဇုနန်ထဲ ၇ ယောက်လောက် အထိ ရှိနေခဲ့တဲ့ လက်ချင်စတိန်း အတွက်ကတော့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ပွဲအစ ၉ မိနစ်မှာတင် ဂိုရက်ဇ်ကာ အပေါ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ ဂျန်ဟိုဖာ အထုတ်ခံခဲ့ရ ပြီးနောက် ရရှိခဲ့တဲ့ ပင်နယ်တီကို ဂန်ဒိုဂန်က ဂျာမနီ အတွက် ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ပွဲအစ ကတည်းက တစ်ယောက်နဲ့ ကစားခဲ့ရတဲ့ လက်ချင်စတိန်းတို့ ဘယ်လိုမှ ကစားကွက် တည်မရခဲ့ဘဲ ဂျာမနီရဲ့ ဦးဆောင်မှု အောက်မှာပဲ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၂၀ မိနစ်မှာ ကာဖ်မန်းက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ လက်ချင်စတိန်းတို့ နစ်နာခဲ့ရပါတယ်။ ဆက်တိုက် ဆိုသလို တိုက်စစ်ဆင်နေတဲ့ ဂျာမနီရဲ့ ကစားပုံကလည်း ထိပ်တန်း အသင်းကြီး တစ်သင်းပီပီ ထိရောက်ခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ ဆာနေးလ်၊ ၂၃ မိနစ်မှာ မာကို ရွိုက်စ်တို့က ဂိုးတွေ ဆက်တိုက် ရယူပေးခဲ့တဲ့ အတွက် ဂျာမနီတို့ အနိုင် ပြတ်သားခဲ့တာပါ။ ဒုတိယပိုင်း မှာလည်း ဂျာမနီကပဲ ပွဲကို ဦးဆောင်ခဲ့သလို လက်ချင်စတိန်း ကတော့ ကြံ့ခိုင်မှု အသားပေး ကစားပုံနဲ့ပဲ ပြန်ပြီး ရင်ဆိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၉ မိနစ်မှာ မာကိုရွိုက်စ်ရဲ့ ပင်နယ်တီ ဧရိယာအတွင်း ဖြတ်တင်ပေးမှုကို ဆာနေးက အမှားအယွင်း မရှိ ပိတ်သွင်းခဲ့လို့ ဂျာမနီတို့ ၅ ဂိုးမြောက် သွင်းဂိုး ရရှိခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို မူလာက ပွဲချိန် ၇၆၊ ပွဲချိန် ၈၆ မိနစ်တို့မှာ ၂ ဂိုး ဆက်တိုက်၊ တောင်ပံ ကစားသမား ဘာကူက ပွဲချိန် ၈၀ မိနစ်တို့မှာ ဂိုးတွေ ရယူ ပေးခဲ့တဲ့အတွက် ဂိုးပြတ် နိုင်ပွဲတစ်ပွဲ အဖြစ် ပိုပြီး ပီပြင်လာခဲ့ပါတယ်။ လက်ချင်စတိန်း အတွက်ကတော့ အခက်အခဲဆုံး ပွဲချိန်တွေ ဖြစ်ခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာ ဘယ်နောက်ခံလူ ကိုပယ်လ်က ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့လို့ ပွဲအပြီးမှာ ဂျာမနီတို့ ၉ ဂိုးပြတ် အနိုင်ရလဒ် နဲ့အတူ တိုက်စစ် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်တဲ့ ဂျာမနီ အနေနဲ့ သာမန် ပွဲတစ်ပွဲ အဖြစ်သာ ကစားခဲ့ပေမယ့် လက်ချင်စတိန်းရဲ့ ကစားပုံကြောင့် အခုလို ဂိုးပြတ်နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ပွဲအစပိုင်း ကတည်းက တစ်ယောက်လျော့ ကစားခဲ့ရတဲ့ လက်ချင်စတိန်း အနေနဲ့ ပင်နယ်တီ အပြင် ကိုယ့်ဂိုးကိုယ် နှစ်ကြိမ် သွင်းယူမိခဲ့ခြင်းက တော်တော်လေးကို ဆိုးရွားခဲ့ပါတယ်။ ဂျာမနီရဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်း ကလည်း သွင်းဂိုးတွေ နဲ့အတူ ဖန်တီး ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကစားသမား အင်အားပိုင်း အသာရနေတဲ့ အပြင် ပွဲချိန် မိနစ် ၈၀ နီးပါး တစ်ယောက် အသာ ကစားခဲ့ရခြင်းက ဂျာမနီလို အသင်းအတွက် ဂိုးပြတ် အနိုင်ရဖို့ မခက်ခဲတာပါ။ ဒီရလဒ်ကြောင့် ဂျာမနီ အနေနဲ့ ကမ္ဘာ့တိုက် အသီးသီးက ခြေစစ်ပွဲဝင် အသင်းတွေ ထဲမှာ တိုက်စစ် အကောင်းဆုံး အသင်း တစ်သင်း အဖြစ် ရပ်တည်သွားနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျာမနီအနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အာမေးနီးယား အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပြီး လက်ချင်စတိန်း ကတော့ အိမ်ကွင်းမှာ ရိုမေးနီးယား အသင်းကို ဧည့်ခံ ယှဉ်ပြိုင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်