နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခက်ခဲကြမ်းတမ်းတဲ့ အိမ်ကွင်း ပွဲစဉ် ကနေ အဖိုးတန် ၃ မှတ် အရယူနိုင်ခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၁ – ၀ ဝက်ဖို့ဒ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဝက်ဒ်ဖို့ဒ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တကယ့်ကို ကြမ်းတမ်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ကတော့ နည်းပြ အာတေးတားရဲ့ ပွဲ (၁၀၀) ပြည့်မှာ နိုင်ပွဲနဲ့အတူ ပြိုင်ပွဲစုံ (၁၀) ပွဲဆက် ရှုံးပွဲမရှိ ကစားအောင် ကစားသွားနိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ပါတေး ပေါင်ခြံ ဒဏ်ရာရသွားတာကြောင့် လွဲချော်ခဲ့ပေမယ့် မစ်လန်း-နိုင်းစ်နဲ့ လိုကွန်ညာတို့ အတွဲညီညီနဲ့ ကစားသွားခဲ့တဲ့ အတွက် ကစားကွက်ပိုင်းကို သိပ်ပြီး မထိခိုက်ခဲ့သလို ရလဒ်ကောင်း တစ်ခုလည်း ရှာဖွေသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
 

ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာတော့ အာဆင်နယ်တို့ ၄-၂-၃-၁ ကစားကွက်နဲ့ ပြန်လည် ပွဲထွက်လာခဲ့ပြီး ပါတေးနဲ့ တီယာနေးတို့ လွဲချော်ခဲ့တာကြောင့် ကွင်းလယ်မှာ လိုကွန်ညာနဲ့ မစ်လန်းနိုင်းလ်စ်တို့ကို တွဲဖက် ကစားစေခဲ့သလို ဘယ်နောက်ခံလူ နေရာ မှာတော့ နူနို တာဗာရက်စ်ပဲ ပါဝင်လာခဲ့ပါတယ်။ ဝက်ဖို့ဒ် ကတော့ ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ခံစစ် သပ်သပ်သာ အားပြုလာခဲ့တာ တွေ့ရပြီး အာဆင်နယ်ကို ခပ်ကြမ်းကြမ်း တုန့်ပြန်ခဲ့ပါတယ်။ နည်းပြ ရာနီယေးရီ အနေနဲ့ အန်းမရိတ်စ် ကနေ သရေ တစ်မှတ် ယူပြီး ပြန်ဖို့ ရည်ရွယ်ခဲ့ပုံ ရပြီး အာဆင်နယ် ကစားသမားတွေကို ပြစ်ဒဏ်ဘောတွေ မကြာခဏ ကျူးလွန်ခဲ့တာ ကတော့ တော်တော်လေးကို ရုပ်ပျက် ဆင်းပျက် နိုင်ခဲ့ပါတယ်။

ဝက်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၇ နေရာ အထိ ထပ်မံ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာအထိ ပြန်လည် ကျဆင်းသွားခဲ့တဲ့ ဝက်ဖို့ဒ်

ပွဲအစ ၆ မိနစ် ကျော်ကျော် မှာတင်ပဲ အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင် ရရှိဖို့ အကြောင်းဖန် လာခဲ့ပေမယ့် ဆာကာရဲ့ ကန်သွင်းမှုဟာ လူကျွံဘောသာ ဖြစ်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် တစ်ဖက်နဲ့ တစ်ဖက် တင်းမာမှုတွေ ရှိခဲ့ပြီး ပွဲချိန် ၃၆ မိနစ် မှာတော့ ဝက်ဖို့ဒ် နောက်ခံလူ ဒန်နီ ရို့စ် အနေနဲ့ လာကာဇက်ကို ပင်နယ်တီစည်းထဲမှာ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့လို အာဆင်နယ်တို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အမှန်တိုင်းဆိုရင် ရို့စ်ရဲ့ လုပ်ရပ်ဟာ အနီကတ်တောင် ပြသလို့ ရပြီး ဥပဒေပြင်ပ ရိုင်းစိုင်းစွာ ဖျက်ထုတ်ခဲ့တယ် ဆိုတာ ရုပ်သံ အနှေးပြကွက်တွေ ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ပင်နယ်တီ ကိုတော့ ထုံးစံ အတိုင်း အသင်းခေါင်းဆောင် အော်ဘာမီယန်း ကန်သွင်းခဲ့ပေမယ့် ဘန်ဖော်စတာ လက်စွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေ အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ၀-၀ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း မှာတော့ အိမ်ရှင်တို့ ဂိုးရဖို့ အားပို စိုက်လာခဲ့ကြပါတယ်။ ပွဲချိန် ၅၆ မိနစ် မှာတော့ ဂန်းနားတို့ အနိုင်ဂိုး ရသွားခဲ့ပြီး ဘန်ဝှိုက်ရဲ့ တစ်ဦးချင်း ဖြတ်ကျော်မှုကို ဝက်ဖို့ဒ် နောက်ခံလူတွေ တားဆီးနိုင်ခဲ့ပေမယ့် စမစ်ရိုးဝ် က အမှတ်မထင် အမိအရ ကန်သွင်းသွားခဲ့လို ဘန်ဖော်စတာလည်း ဘယ်လိုမှ မတတ်နိုင်ပဲ သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့ရပါတယ်။ လက်ကျန် မိနစ် တွေမှာလည်း အာဆင်နယ်တို့ အိုဒီဂတ်၊ အယ်နီနီ၊ မာတင်နယ်လီ တို့ကို ထည့်သွင်းပြီး သွင်းဂိုးတွေ ထပ်ရဖို့ ကြိုးပမ်းခဲ့ပြီး ဝက်ဖို့ဒ် ကစားသမားတွေ အမာထန်ဆုံး ပိတ်ဆို့ ကစားသွားတာကြောင့်သာ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိ ရလဒ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၅ နေရာ အထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၇ နေရာ အထိ ထပ်မံ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အာဆင်နယ်နဲ့ ပတ်သတ်ပြီး အထူးတလည် ချီးကျူးရမှာက ပြိုင်ဘက် အသင်းရဲ့ ကစားသမားတွေ ကြမ်းကြမ်းတမ်းတမ်း လူချ ကစားနေတဲ့ ကြားက အဖိုးတန် အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စမစ်ရိုးဝ်ရဲ့ အကွက်မြင်မှု၊ တာဗာရက်စ်နဲ့ မစ်လန်းနိုင်းလ်စ်ရဲ့ မခိုမကပ်ပဲ ပွဲချိန်ပြည့် အားထုတ်မှု၊ ဆာကာ၊ လာကာဇက်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တိုမီဘာဆုနဲ့ လိုကွန်ညာတို့ရဲ့ ပုံမှန် စွမ်းဆောင်ရည်ကို ထိန်းထားနိုင်မှု တို့က အာဆင်နယ်ကို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေတာလို့ပဲ မြင်ပါတယ်။ ပြောစရာ ရှိနေတာက တိုက်စစ်မှူး အော်ဘာမီယန်း ဖြစ်ပြီး သူ့အနေနဲ့ ဂိုးရရှိရေး အားထုတ်မှု တချို့ ရှိခဲ့ပေမယ့် ယုံကြည်ချက် ပျောက်ဆုံးနေတာ ကတော့ စိတ်ပျက်စရာပါပဲ။ နောက်ပြီး လိုကွန်ညာနဲ့ မစ်လန်းနိုင်းလ်စ်တို့ ကွင်းလယ် အတွက် အတိုင်းအတာ တစ်ခု အထိ ဖြည့်ကစားသွားနိုင်ပေမယ့် လာမယ့် အပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမား နောက်တစ်ဦး ထပ်မံ ဖြည့်တင်းဖို့တော့ လိုအပ်နေပြီလို့ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် ရက်သတ္တပတ်ဟာ နိုင်ငံတကာ ပွဲစဉ်တွေ ကစားရမယ့် ကာလ ဖြစ်လို့ အမှတ်ပေးပွဲစဉ်တေ ရပ်နားထားမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ပရီးမီးယားလိဂ် ပြန်လည် ကစားဖို့ ရှိပြီး လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ဖို့ဒ် ကလည်း နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်