နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုကယ်ဖလား ဂိုးပြတ် ရှုံးပွဲကို ပေါက်ကွဲပြခဲ့တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ယူနီယံဘာလင် ၂-၅ ဘေယန်မြူးနစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၀ မှာတော့ ဘေယန်မြူးနစ်တို့ ယူနီယံဘာလင်ကို ၂-၅ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ပိုကယ်လ်ဖလား ဂိုးပြတ် အရှုံးကြောင့် ဖိအားရှိနေတဲ့ အချိန် ကစားရခက်တဲ့ ယူနီယံဘာလင်လို အသင်းမျိုးကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတာကြောင့် အမှတ်ဆုံးရှုံးနိုင်တဲ့ အခြေအနေ အထိ ကြိုတင် တွက်ဆမှု တွေတောင် ရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း မှာလည်း ယူနီယံဘာလင်ရဲ့ ဖိအားပေးမှုကြောင့် ဧည့်သည်တို့ ရုန်းကန်ခဲ့ရပြီး ကစားသမား အင်အား သာခဲ့လိုသာ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ပြီးခဲ့တဲ့ ပွဲမှာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ ရလဒ်ကိုပြန်လည်ကုစားဖို့အတွက် ဘေယန်မြူးနစ်တို့အကောင်းဆုံး ပြင်ဆင်လာခဲ့ ပါတယ်။ အိမ်ရှင်ယူနီယံဘာလင် ကလည်း ခံစစ်၊ တိုက်စစ်အမျှတဆုံးအခြေအနေနဲ့အတူ ရင်ဆိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၄-၂-၃-၁ ကစားကွက်နဲ့အခြေခံပွဲထွက်လာတဲ့ ဘိုင်ယန်မြူးနစ်လူစာရင်းမှာ လီဝန်ဒေါစကီး၊ မူလာ၊ ဆာနေးလ်၊ ကင်မစ်ချ်၊ ကိုးမန်း တို့ အစုအဖွဲ့က နိုင်ပွဲအတွက် လုံလောက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနီယံဘာလင်ရဲ့ တန်ပြန်တိုက်စစ် ဦးစားပေး ၃-၅-၂ ကစား ကွက်ကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ ပွဲချိန် ၁၅မိနစ်မှာ ပင်နယ်တီကနေတဆင့် လီဝန်ဒေါစကီးက ဧည့် သည် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ၈မိနစ် အကြာမှာ ဒုတိယဂိုး ထပ်သွင်းပေးခဲ့တဲ့ အတွက် အိမ်ရှင်အတွက် ခက်ခဲတဲ့ အခိုက်အတံ့ ဖြစ်ခဲ့ပါတယ်။ တရစပ်ဆိုသလို တိုက်စစ်ကိုပဲ အသားပြု ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ ခံစစ်ပိုင်း လစ်ဟာမှုတွေရှိခဲ့ပေမယ့် အိမ်ရှင်အသင်း အခွင့်အရေးအချို့ ရရှိခဲ့ပြန်ပါတယ်။ ဆာနေးက ပွဲချိန် ၃၅မိနစ်မှာ ဆာနေးက တတိယမြောက် ဦးဆောင်ဂိုး ရယူပေးပြီးတဲ့နောက် ဘယ်အသင်း အနိုင်ရနိုင်မလဲ ဆိုတာ  ပိုပြီး ပီပြင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂီဆယ်လ်မန်က ပွဲ ချိန် ၄၃မိနစ်မှာအိမ် ရှင်အသင်းအတွက် ချေပဂိုး ပြန်ယူပေးနိုင်ခဲ့တဲ့ အတွက်ဒုတိယပိုင်း ပွဲချိန်တွေက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့လာခဲ့ပါတယ်။ ဂိုးကန်သွင်းမှုတွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတာ ကလည်း ယူနီယံဘာလင် တို့ကို ရှုံးပွဲကြုံတွေစေခဲ့တာပါ။ ပွဲချိန် ၆၁ မိနစ်မှာ ယူနီယံဘာလင်ရဲ့ ၁၈ကိုက်စည်းအတွင်းကနေ အပြင်းကန်ချက်နဲ့ ဂိုးအ ဖြစ်ပြောင်းလဲပေးခဲ့တဲ့ ကိုးလ်မန်းရဲ့ ဂိုးက တော်တော်လေးကို အဆင့်မြင့်ခဲ့ပါတယ်။ ဒါပေမဲ့ ၄မိနစ်အကြာမှာပဲဂျူ နီယန်ရွိုင်ဆန်က အိမ်ရှင်အသင်း အတွက် ချေပဂိုး ပြန်သွင်းခဲ့တဲ့အတွက် လက်ကျန် ပွဲချိန်တွေက အရေးပါဆုံးအချိန်တွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ နှစ်သင်းလုံး ပွဲကိုထိန်းကစားခဲ့ပြီး ၇၉မိနစ်မှာ မူလာက ဘိုင်ယန်မြူးနစ်အတွက် အနိုင်သေချာစေမယ့် ပဉ္စမမြောက်ဂိုးကို ရယူပေးခဲ့ပြီးတဲ့နောက် ပွဲရလဒ်က အပြီးသတ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
 

ပွဲပြီးသုံးသပ်ချက်

ကစားသမား အင်အားပိုင်း အသာရတဲ့ ဘိုင်ယန်မြူးနစ်ကပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် ယူနီယံဘာလင်ရဲ့ ဖိအားပေးမှုတွေက အလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ရုန်းအား၊ ညှစ်အားပိုင်း မှာတော့ ဘိုင်ယန်မြုးနစ်ကို မယှဉ် နိုင်ခဲ့ပါဘူး။ ပွဲချိန် အစောပိုင်း မှာတင် ကြံ့ခိုင်မှု အသားပေး မာမာထန်ထန် ကစားခဲ့တာက ဘေယန်မြုးနစ် အတွက် အခွင့်အရေး ဖြစ်ခဲ့ပြီး ပင်နယ်တီ ပေးလိုက်ရတာ ကလည်း ယူနီယံဘာလင်တို့ ရှုံးပွဲတွေ့ဖို့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ် ရဲ့ တောင်ပံတိုက်စစ်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတဲ့ အခြေအနေက ပွဲချိန်ပထမပိုင်း မှာတင် အနိုင်ရမယ့် အသင်းကို အဖြေထုတ်ပြီးသား ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီးရဲ့ ဂိုးသွင်း သေချာမှု၊ ဆာနေး၊ ကိုးလ်မန်းတို့ရဲ့ ထိရောက်တဲ့ အဝေးကန်ချက် တွေက ယူနီယံဘာလင် ဂိုးသမားနဲ့ နောက်တန်းကို ပြိုလဲသွားစေခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ဒီပွဲရလဒ်က အိမ်ရှင်အသင်း အတွက် လက်သင့်ခံနိုင်စရာ အခြေအနေမှာ ရှိခဲ့သလို ဘေယန်မြုးနစ် အတွက်လည်း ကျေနပ်စရာ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဝေးကွင်း နိုင်ပွဲရခဲ့တဲ့ အခြေအနေကြောင့် ဘေယန်မြူးနစ်တို့ အဆင့် ၁ နေရာကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့တဲ့ အတွက် တကယ်ကို ထိုက်တန်ခဲ့တယ်လို့ ပဲဆိုရမှာပါ။ အခုနိုင်ပွဲကြောင့် ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ ဂိုးပြတ် နိုင်ပွဲဆက်မှု စံချိန်ကောင်း တစ်ခုကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား ကိုလည်း ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနီယံဘာလင် ကတော့ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးသွားခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူနီယံဘာလင်တို့ ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ် အဖြစ် နယ်သာလန် ကလပ် ဖီယင်နု အသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ပေါ်တူဂီ ကလပ် ဘင်ဖီကာကို အိမ်ကွင်းမှာ လက်ခံ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်