နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဦးဆောင်ဂိုးတွေ မထိန်းနိုင်ခဲ့လို့ အန်ဖီးလ်မှာ သရေ တစ်မှတ်နဲ့‌ ကျေနပ်ခဲ့ရတဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၂-၂ ဘရိုက်တန်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ် ကတော့ မနေ့က ပွဲစဉ် မှာတော့ ဘရိုက်တန်ကို ဟန်ဒါဆင်၊ မာနေးတို့ရဲ့ အစောပိုင်း သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ပြီး အိမ်ကွင်း အန်ဖီးလ်မှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခုပွဲ ရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၃ မှတ် ကွာဟ သွားရပြီး ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
 

ပွဲစဉ်အကျဉ်း

ထုံးစံအတိုင်း လစ်ဗာပူးလ် ကတော့ ၄-၃-၃ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဘရိုက်တန် ကတော့ ၄-၂-၃-၁နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ အိမ်ရှင် အသင်း ဘက်မှာ တိုက်စစ်က မိုဟာမက် ဆာလာ၊ ဖေမီနို၊ ဆာဒီယို မာနေး၊ ကွင်းလယ်မှာ ဟန်ဒါဆင်၊ ကာတစ်ဂျုံးစ်၊ နာဘီကေတာ၊ ခံစစ်နဲ့ ဂိုးမှာတော့ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ အလီဆွန်တို့နဲ့ ပါဝင်လာခဲ့ပါတယ်။ ဘရိုက်တန် ဘက်မှာလည်း တိုက်စစ်က ထရော့ဆက်ဒ် ဦးဆောင်ပြီး လယ်လာနာ၊ မိုဒါ၊ ဘစ်ဆူးမား၊ မွီပူ၊ ဒန့်ခ်၊ ရှိန်း ဒက်ဖီ၊ ကူခရူရယ်လာ တို့နဲ့ လူစုံခဲ့ပါတယ်။

 
ကလော့ပ်ရဲ့ အသင်းက သူတို့ အသင်းရဲ့ ကစားဟန် အတိုင်း ဘရိုက်တန်ကို ပွဲအစထဲက ဖိအားပေးနိုင်ဖို့ ကြိုးပမ်းလာခဲ့ပြီး အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့သလို ပွဲအစ ၄ မိနစ် မှာထဲက ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မိုဟာမက်ဆာလာရဲ့ ဧရိယာ ထိပ်ကနေ ချိုးပေးတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဟန်ဒါဆင်က အဝေးကန်ချက်နဲ့ အဆုံးသတ် ကန်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘရိုက်တန် ဘက်က ဘစ်ဆူးမားရဲ့ ကန်ချက် တိုင်ထိ ထွက်သွားခဲ့လို့ လစ်ဗာပူးလ်တို့ ကံကောင်းခဲ့ပြီး ပွဲချိန် ၂၂ မိနစ် မှာတော့ အိမ်ရှင်တို့ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြန်ပါတယ်။ ချိန်ဘာလင် မတင်ပေးလိုက်တဲ့ ဘောလုံးကို ဆာဒီယို မာနေးက အမိအရ ခေါင်းတိုက် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် မှာတော့ လစ်ဗာပူးလ်တို့ ကစားအား တောက်လျောက် ကျသွားခဲ့ပြီး ဘရိုက်တန်တို့ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ အိမ်ရှင် အသင်း ကစားပုံ ပျက်သွားတာကို အခွင့်အရေး ယူနိုင်ခဲ့တဲ့ ဘရိုက်တန်တို့ ပွဲချိန် ၄၁ မိနစ် မှာတော့ မာ့ချ်ရဲ့ ပေးပို့မှု ကနေ မွီပူက ဂိုးဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းခဲ့လို့ ၂-၁ ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာလည်း ဘရိုက်တန် ကပဲ လစ်ဗာပူးလ် ဘက်ကို တောက်လျောက် ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာ လီအန်ဒရို ထရော့ဆဒ်က ပြိုင်ဘက် နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဒုတိယ ချေပဂိုး အဖြစ် သွင်းယူပေးခဲ့ပါတယ်။ ၂-၂ ဖြစ်သွားတဲ့နောက် အိမ်ရှင်တို့ အနိုင် ရလဒ် အတွက် ပိုပြီး အားစိုက်လာခဲ့ပေမယ့် ခံစစ် ကောင်းတဲ့ ဘရိုက်တန်ကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ် အဆုံးသတ်ခဲ့ရပါတယ်။ ဘရိုက်တန် ကလည်း ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။

အခုပွဲ ရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၃ မှတ် ကွာဟ သွားရပြီး ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

 

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် အနေနဲ့ အကောင်းဆုံး၊ အမြင့်ဆုံး အခိုက်အတန့်ကို ရောက်ပြီးမှ ပွဲပန်းမှုကြောင့် အမှတ်ပြည့်ရနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရတဲ့ ပုံပါပဲ။ ပထမပိုင်းမှာ ကစားအား ကောင်းခဲ့သမျှ ဒုတိယပိုင်းမှာ တောက်လျောက် ကစားအား ကျသွားခဲ့လို့ ဂိုးတွေ ပြန်ပေးလိုက်ရတာ ဖြစ်ပြီး ဂျိုတာ၊ မီနာမီနိုတို့ ပွဲ အဖြေကို ပြောင်းလဲနိုင်မယ့် ကစားသမားတွေ မဖြစ်ခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၃ မှတ် ကွာဟသွားတဲ့ အတွက် လစ်ဗာပူးလ် အတွက် နစ်နာခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့မှာ အက်တလက်တီကို မက်ဒရစ်နဲ့ ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ နယူးကာဆယ်နဲ့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်