နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုင်ရှင် ဗီချိုင်း ကွယ်လွန်တဲ့ ၃ နှစ် ပြည့်မှာ လိဂ်ဖလား ကွာတားဖိုင်နယ် တက်ခဲ့တဲ့ လက်စတာစီးတီး (လိဂ်ဖလား ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ၂-၂ ဘရိုက်တန်

(ပင်နယ်တီ ၄-၂ ရလဒ်နဲ့ လက်စတာစီးတီး အနိုင်ရ)

ဒီနှစ် လိဂ်ဖလား ပွဲစဉ်တွေမှာ ခြေစွာနေတဲ့ ဘရိုက်တန် အနေနဲ့ အိမ်ရှင် လက်စတာ အသင်းကို အကောင်းဆုံး ရင်ဆိုင် နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ လက်စတာ ကတော့ အရံ ကစားသမား အများစုကို အသုံးပြုခဲ့ ပေမယ့် လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရအောင် ယူသွားနိုင်ခဲ့ပြီး လိဂ်ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ လက်စတာတို့ ၃-၄-၂-၁ ကစားကွက် နဲ့ပဲ ပွဲထွက် လာခဲ့ပြီး ဂိုးသမား နေရာမှာ အရံဂိုးသမား ဒန်နီဝက်ဒ်၊ ခံစစ်မှာ ဆိုရန်ချူး၊ ဗက်စ်တီဂတ်၊ ဘာထရန်၊ ကွင်းလယ်မှာ ကမ်းဘဲလ်၊ ဟောလ်၊ ချောင်ဒူရီ၊ သောမတ်စ်၊ လွတ်ခ်မန်း၊ ဘာနက်စ်တို့ အသုံးပြုခဲ့ပြီး တိုက်စစ် နေရာအတွက် ဒါကာကို အခွင့်အရေး ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရလဒ်ကောင်းနေတဲ့ ဘရိုက်တန် ကတော့ လိုကာဒီရာ၊ ဆာမီရန်တို အစရှိတဲ့ ကစားသမားတွေနဲ့ပဲ အဝေးကွင်းမှာ ရင်ဆိုင် ကစားခဲ့ပါတယ်။ ခြေစွမ်းပိုင်းနဲ့ ဘောလုံးပိုင်ဆိုင်မှု အရ ဘရိုက်တန်က အသာရခဲ့တယ် ဆိုပေမယ့် လက်စတာရဲ့ ကစားသမား အင်အား တောင့်တင်းမှုက လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရယူပေးသွား နိုင်ခဲ့တာပါ။ အဓိက အချက်ကတော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား စုဖွဲ့မှုအရ လက်စတာတို့ နောက်တစ်ဆင့် တက်ရောက်ခွင့် ရဖို့အတွက် လုံလောက် နေခဲ့ပါတယ်။ ပွဲအစကတည်း လက်စတာရဲ့ အလစ်ငိုက် ဖိကစားမှုကြောင့် ဘရိုက်တန်တို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပွဲအစ ၆ မိနစ် ကတည်းက ဘာနက်စ်က လက်စတာ အတွက် ဦးဆောင်ပေးခဲ့တာကို ၄၅ မိနစ်မှာ အဒန်ဝက်ဘ်စတာက ချေပခဲ့ပေမယ့် ၂ မိနစ်အကြာ ပထမပိုင်း ပြီးခါနီးလေးမှာတင် လွတ်ခ်မန်းက အိမ်ရှင်အသင်းကို ထပ်ပြီး ဦးဆောင်စေမယ့် ဂိုးရယူ ပေးခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ ဘရိုက်တန်ရဲ့ ပွဲထိန်း ကစားမှု ပုံစံကြောင့် လက်စတာတို့ အခက်အခဲအချို့ ရှိလာခဲ့ပြီး မက်ဒီဆင်ကို လူစားလဲရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ အီနော့အမ်ဝီပူက ဘရိုက်တန် အတွက် အဖိုးတန် ချေပဂိုး ရယူနိုင်ခဲ့တဲ့ အခါမှာတော့ လက်စတာတို့ ပိုပြီး ရုန်းကန် လာခဲ့ရပါတယ်။ ပီရီယား၊ အီရန်နာချိုတို့ လူစားလဲပြီး တိုက်စစ်ပိုင်း မြှင့်တင်ခဲ့ပေမယ့် ပွဲပြီးတဲ့အထိ လက်စတာတို့ ဂိုးထပ် မရခဲ့သလို ဘရိုက်တန်ရဲ့ ခံစစ်ပိုင်းကလည်း အမှားအယွင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကစားသမား အင်အားပိုင်း အသာရနေခဲ့တဲ့ လက်စတာဘက်က မက်ဒီဆန်၊ ဘာနက်စ်၊ ဒါကာ၊ ပီရီယာတို့ အားလုံး ဂိုးဝင်ခဲ့ပေမယ့် ဘရိုက်တန် ဘက်က မွန်ပေးလ်၊ အီနော့အမ်ဝီပူတို့ လွဲချော်ခဲ့လို့ လက်စတာတို့ အနိုင်ရရှိ သွားခဲ့ပါ တယ်။

 

ပွဲပြီးသုံးသပ်ချက်

ပွဲအဖြေ ပြောင်းလဲ နိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့က အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာပါ။ ဘရိုက်တန် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် လက်စတာအသင်းရဲ့ ကစားသမား အစုအဖွဲ့ကို မယှဉ်နိုင်ခဲ့ပါဘူး။ ပွဲချိန်အတွင်း သရေရလဒ် ဆိုတဲ့ အခြေအနေကို ဖန်တီး ရယူနိုင်ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကစားသမားတွေရဲ ရှိပြီးသားစွမ်းရည်က အဓိက အဖြေ ဖြစ်ခဲ့ပါတယ်။ လက်စတာစီးတီးဘက်က အရံကစားသမား အချို့ကို ပွဲထုတ်ခဲ့လို့ ဘရိုက်တန်တို့ ချေပဂိုးတွေ ရခဲ့ပေမယ့် တကယ်တမ်း အဆုံးအဖြတ်မှာတော့ မယှဉ်နိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း ဘောလုံး ပိုင်ဆိုင်မှုပိုင်းနဲ့ ကစားကွက် အနေအထားအရ ဆိုရင် ဘရိုက်တန်တို့ အသာစီး ရယူနိုင်ခဲ့တာ ကိုတော့ ငြင်းမရခဲ့ပါဘူး။ ဘရိုက်တန် ကတော့ ခြေစွမ်း ကောင်းခဲ့တယ် ဆိုပေမယ့် လိဂ်ဖလား နောက်တစ်ဆင့် တက်ဖို့အတွက် လုံလောက်တဲ့ အခြေအနေမှာရှိ မနေခဲ့လို့ လက်စတာတို့ပဲ အောင်ပွဲခံ ခဲ့တယ်လို့ ဆိုရမှာပါ။

 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာ ၃၀ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်စတာက အာဆင်နယ် ကိုရင် ဆိုင်ကစားရဖို့ရှိနေပြီး ဘရိုက်တန်ကတော့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်