နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဗန်တေးကို လက်ရှောင်ပြီး အက်သလက်တီကိုရဲ့ သွင်းဂိုးတွေကို ရေတွက်ကြမယ် | (လာလီဂါ ပွဲကြိုသုံးသပ်ချက်)

လီဗန်တေး – အက်သလက်တီကိုမက်ဒရစ်

စပိန် လာလီဂါ ပွဲစဉ် ၁၁ အဖြစ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေတဲ့ လီဗန်တေး အနေနဲ့  အဆင့် ၄ နေရာက အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ကစားသမား အင်အားပိုင်း  ကွာခြားမှုရှိတဲ့ အပြင် ရလဒ်ပိုင်းမှာပါ ကွာဟချက် မြင့်မားနေတဲ့ အခြေအနေကြောင့် အိမ်ရှင်အသင်းကို  ခက်ခက်ခဲခဲ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ တိုက်စစ်လိုအပ်ချက် နဲ့အတူ ခံစစ်လိုအပ်ချက် များစွာ ရှိနေတဲ့  လီဗန်တေးအတွက် အက်သလက်တီကို မက်ဒရစ်က ကစားရ အခက်အခဲဆုံး ပြိုင်ဘက်အသင်း ဖြစ်လာဦးမှာ သေချာပါတယ်။

ရလဒ်ပိုင်း လိုအပ်ချက် ရှိနေတဲ့ လီဗန်တေးရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားလွန်းပါတယ်။  နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ လုံးဝ မရှိတဲ့အပြင် ခံစစ်က ၁၁ ဂိုး အထိ ပေးထားရတဲ့ အခြေအနေက တစ်ပွဲ ပျှမ်းမျှ ၂ ဂိုး ရှိနေခဲ့တာပါ။ ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန် ရမှတ် ၅ မှတ်ပဲ ရထားတဲ့ အခြေအနေကလည်း အသင်းကို အဆင့် ၁၉ အထိ ဆွဲချသွားတယ် လို့ပဲ သတ်မှတ်ရ ပါလိမ့်မယ်။ ဒီနှစ် လာလီဂါရဲ့ ပွဲစဉ် ၁၀ အပြီး သွင်းဂိုး လုံးဝ မရှိသေးတဲ့ အသင်း နှစ်သင်းထဲက တစ်သင်း ဖြစ်နေတဲ့ အပြင် လီဗန်တေးဟာ ပေးဂိုး ၁၈ ဂိုးနဲ့ ပေးဂိုး အများဆုံး ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရထားတဲ့ ရမှတ် ၅ မှတ်ကလည်း သရေ ရလဒ်တွေချည်း ဖြစ်နေတာကလည်း ထူးခြားချက် တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အိမ်ကွင်း ပွဲစဉ်တိုင်း ကစားပုံ ကောင်းတတ်ပြီး ရီးရဲယ်လို အသင်းမျိုးကိုတောင် အိမ်ကွင်းမှာ ၃-၃ ဂိုးရလဒ်နဲ့ ကစားထားနိုင်တာ ကိုတော့ မေ့ထားလို့ မရပါဘူး။ အခုတစ်ပတ် ပွဲစဉ်မှာတော့ လီဗန်တေးတို့ အိမ်ကွင်းမှာ ပထမဦးဆုံး နိုင်ပွဲ ရယူနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

အက်သလက်တီကို ကတော့ လက်ခံနိုင်တဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ လာလီဂါ ပွဲစဉ် ၁၀ အပြီး ၉ ပွဲသာ ကစားထားရတဲ့ အခြေအနေမှာ ရှုံးပွဲ ၁ ပွဲတည်း ရှိသေးတဲ့ အခြေအနေက  လက်ရှိ ချန်ပီယံတို့ အတွက် လက်ခံလို့ရတဲ့ အခြေအနေလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ရှုံးခဲ့တဲ့ ၁ ပွဲက အဝေးကွင်း ပွဲစဉ် ဖြစ်နေခဲ့တာ ကတော့ နိုင်ပွဲ လိုအပ်နေတဲ့ လီဗန်တေးနဲ့ ပွဲမှာ အခက်အခဲအချို့ ရှိလာနိုင်ပါတယ်။ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း တို့ရဲ့ ကစားအားကြောင့် ပြီးခဲ့တဲ့ ရာသီကထက် တိုက်စစ်ပိုင်း အလုပ်ပိုဖြစ် လာတာကိုတော့ ထည့်တွက်ရမှာပါ။ ဒဏ်ရာရ ကစားသမား ကင်းရှင်းနေတယ် ဆိုပေမယ့် နည်းပြ ဆီမြွန်နီ အတွက်တော့  ဖိအားအနည်းငယ် ရှိနေပါတယ်။ လာလီဂါ နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတဲ့ အခြေအနေ၊ နောက် ဆုံး ၅ ပွဲမှာ ၈ ဂိုးသာ သွင်းထားပြီး ၇ ဂိုး ပြန်ပေးထားရတဲ့ အခြေအနေတွေအရ လိုအပ်ချက်တော့ အနည်းငယ် ရှိနေနိုင်ပါတယ်။ အဓိက ကစားသမား အများဆုံး ပါဝင်နိုင်ဖို့ ရှိနေတဲ့အတွက် လီဗန်တေးက  ပြိုင်ဘက်ကောင်းအသင်း ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာ ထိပ်တိုက် တွေ့ဆုံမှုတွေအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ် ဆိုပေမယ့် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃၂ ကြိမ်မှာ လီဗန်တေးက ၈ ကြိမ် နိုင်၊ ၆ ကြိမ် သရေကျ ထားပြီး အက်သလက်တီကိုမက်ဒရစ်က  ၁၈ ကြိမ် ပြန်ပြီး အနိုင်ရထား ခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလက ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ လီဗန်တေးက အက်သလက်တီကိုမက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ဝ-၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လီဗန်တေး – အက်သလက်တီကိုမက်ဒရစ် အချိန်ပြည့် ဂိုးအောက် ၂.၅၀ @ 1.77
အောက်တိုဘာလ ၂၉ ရက်၊ မနက် ၂:၀၀ နာရီ ( GMT+ ၆း၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၅.၅၀ ဆ၊ ဧည့်သည်အသင်း အတွက် ၁.၆၅ ဆ၊ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့် ပေးထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်တို့ ၂ ပွဲဆက်  နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်ဖို့ ပြန်လည် အားစိုက်လာမယ့် အခြေအနေမှာ လီဗန်တေးကို ရွေးချယ်မယ် ဆိုရင် စွန့်စားလွန်းရာ ကျပါတယ်။ တကယ်တမ်း အခြေအနေ မှာလည်း လီဗန်တေးရဲ့ ခံစစ်နဲ့ တိုက်စစ်က အားရစရာကို မရှိပါဘူး။ အပြန်အလှန် သွင်းဂိုး ဆိုတာထက် အက်သလက်တီကိုမက်ဒရစ် ဆီက သွင်းဂိုးတွေ ကိုပဲ ပိုပြီး  မြင်တွေ့ရနိုင်ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲ ပြန်ရှာမယ့် အက်သလက်တီကိုမက်ဒရစ် ဘက်မှာ ရပ်တည်ရင်း အကျိုးအမြတ် ရှာဖွေသင့်ပါတယ်။

ခန့်မှန်းရလဒ် (ဝ-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်