နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလီဗီယာ ဂျရူးရဲ့ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ယာယီ ဦးဆောင်ခွင့် ရရှိခဲ့တဲ့ အေစီမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အေစီမီလန် ၁-၀ တိုရီနို

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာတော့ အေစီမီလန်တို့ အိုလီဗီယာ ဂျရူးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ တိုရီနိုကို အနိုင်ရရှိသွားခဲ့ပါတယ်။ တိုရီနို ကတော့ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတယ် ဆိုပေမယ့် အေစီမီလန် ကိုတော့ အခက်အခဲ ဖြစ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် အေစီမီလန်တို့ စီးရီးအေ အမှတ်ပေး ဇယားကို ယာယီ ဦးဆောင်ခွင့် ရရှိသွားခဲ့ပြီး တိုရီနို ကတော့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
တိုက်စစ် နေရာမှာ ဂျရူး တစ်ဦးတည်းကို အထောင်ထားပြီး ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာတဲ့ အေစီမီလန်ရဲ့ အစုအဖွဲ့က တော်တော်လေး အလုပ်ဖြစ်ခဲ့သလို တိုရီနိုရဲ့ တန်ပြန်တိုက်စစ် အသားပြု ကစားပုံ ကလည်း တည်ငြိမ်ခဲ့ပါတယ်။ ပွဲအစမှာ ကတည်းက နှစ်သင်းလုံး ဂိုးရဖို့ အားစိုက် ကစားခဲ့ပေမယ့် နှစ်ဖက် နောက်တန်း ကစားသမားတွေကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၁၀မိနစ် နောက်ပိုင်း မှာတော့ အေစီမီလန်တို့ ကစားကွက် ပိုပြီး အချိတ်အဆက် မိလာခြင်းနဲ့ အတူ ဂိုးရနိုင်လောက်တဲ့ အခြေအနေတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ တကယ်တမ်း မှာလည်း တိုရီနိုရဲ့ ကစားပုံက အေစီမီလန်ရဲ့ ကစားကွက်အောက် အထိုက်အလျောက် နစ်မြှုပ်နေခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၁၄ မိနစ်မှာ ထောင့်ကန်ဘော ကနေ တဆင့် ကရူနစ် ခေါင်း တိုက်ချက်က ပင်နယ်တီစည်း အတွင်း ပြန်ကျခဲ့တာကို အိုလီဗီယာ ဂျရူးက ပြေးဝင် ပိတ်သွင်း အဆုံးသတ်ခဲ့တာပါ။ စောစောစီးစီး ဂိုးပေးလိုက်ရပြီးတဲ့နောက် တိုရီနိုတို့ တိုက်စစ်ကို အလွန်အကျွံ လိုက်ပါခြင်းထက် ခံစစ်ကို ပိုပြီး ဦးစားပေး ကစားခဲ့ပါတယ်။ တစ်ခါတစ်ရံ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် တိုရီနိုတို့ အသုံးမချနိုင်ခဲ့လို့ အိမ်ရှင် အသင်း တော်တော်လေး သက်သာရာ ရခဲ့ပါတယ်။ အေစီမီလန်ရဲ့ ခံစစ်ပိုင်း ကလည်း လက်ကျန် ပွဲချိန် အားလုံး ပြီးဆုံးချိန်အထိ အမှားမရှိခဲ့လို့ ပွဲအပြီး အဖိုးတန် အနိုင် ၃ မှတ်နဲ့ အတူ စီးရီးအေ အမှတ်ပေးဇယားကို ယာယီ ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲအနိုင်ရလဒ်ကြောင့် အေစီမီလန်တို့ စီးရီးအေ အမှတ်ပေးဇယားကို ယာယီ ဦးဆောင်ခွင့် ရရှိသွားခဲ့ပြီး တိုရီနို ကတော့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ တိုရီနို

ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမားအစုအဖွဲ့က အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာပါ။ နှစ်သင်းလုံးမှာ တိုက်စစ် ကစားသမား ကောင်းတွေ ရှိပေမယ့် တကယ်တမ်း မှာတော့ အေစီမီလန်ပဲ အသာရခဲ့ပါတယ်။ တိုရီနို အသင်း ခေါင်းဆောင် ဘယ်လော့တီရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ အလုပ်ဖြစ်ခဲ့ပေမယ့် အေစီမီလန်ရဲ့ တိုက်စစ်ပိုင်းကို လိုက်မမီခဲ့ပါဘူး။ ဂျရူး ဂိုးကြောင့် နိုင်ပွဲရဖို့ မျှော်လင့်ချက် ရှိခဲ့တဲ့ အေစီမီလန်တို့ ဂိုးရဖို့ထက် ဂိုးမပေးရဖို့ အတွက် ပိုပြီး အာရုံစိုက်ခဲ့လို့ တိုရီနိုတို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့အတူ ပွဲကို  ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ကျန် ပွဲချိန်တွေမှာ ဂိုးရလုနီးပါး အခွင့်အရေးတွေကို နှစ်သင်းလုံး အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ အေစီမီလန်တို့ ၁-ဝ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန်ကတော့ နိုဝင်ဘာလ ၁ ရက်မှာ စီးရီးအေ ပွဲစဉ် အဖြစ် ရိုးမားနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး တိုရီနို က ဆမ်ဒိုရီးယားကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် ကစားရဖို့ ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်