နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အားရစရာခြေစွမ်းနဲ့ ဗီလာကိုအကောင်းဆုံးလက်စားချေနိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၃-၁ အက်စတွန်ဗီလာ

မနေ့ညကယှဉ်ပြိုင် ကစားခဲ့တဲ့ အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ် မှာတော့ အာဆင်နယ်တို့ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ အတူအက်စတွန်ဗီလာကို ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဗီလာကိုနောက်ဆုံးတွေ့ဆုံမှု ၃ ကြိမ်လုံးအရှုံးပေးထားခဲ့ရတဲ့ အာဆင်နယ်တို့ အကောင်းဆုံးလက်စားပြန်ချေနိုင်ခဲ့တာဖြစ်ပြီးအမှတ်ပေးဇယားအဆင့် ၉ နေရာကိုယာယီတက်လှမ်းနိုင်ခဲ့တာကြောင့်လည်းဂန်းနားပရိသတ်တွေအတွက်ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာတော့ အာတေးတားရဲ့ အသင်းက ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာပြီးအက်စတွန်ဗီလာကတော့ ၃-၄-၁-၂ နဲ့ အာဆင်နယ်ကိုရင်ဆိုင်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ပွဲမှာအားရစရာမရှိတဲ့ ခြေစွမ်းကြောင့် ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ အာဆင်နယ် တို့ ဒီနေ့မှာတော့ တစ်သင်းလုံးအားအင်အပြည့်နဲ့ ဗီလာကိုပွဲအစကတည်းကထိုးဖောက် တိုက်စစ်ဆင် ကစားသွားခဲ့ပြီးပထမပိုင်း ၂၃ မိနစ် မှာကတည်းကသောမက်စ် ပါတေးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၄၅+၆’ မိနစ်မှာအော်ဘာမီယန်းကဒုတိယဂိုးနဲ့ ဒုတိယပိုင်း ၅၆ မိနစ် မှာတော့ စမစ်ရိုးဝ် က တတိယဂိုးတို့ကိုသွင်းယူပေးခဲ့ပါတယ်။ အက်စတွန်ဗီလာအတွက် တစ်လုံးသောချေပဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာရမ်ဆေး က သွင်းယူပေးခဲ့လို့ ၃-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီးအာဆင်နယ်တို့ ပရီးမီးယားလိဂ်နိုင်ပွဲပြန်လည် ရှာတွေ့ခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူအမှတ်ပေးဇယားအဆင့် ၁၃ နေရာအထိကျဆင်းသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာမီခယ် အာတေးတားရဲ့ Old School 4-4-2 ကအလုပ်ဖြစ်ခဲ့ပြီးနောက်ချန်တိုက်စစ်နေရာကလာကာဇက်ဟာအထူးခြေစွမ်းပြနိုင်ခဲ့သလိုတိုက်စစ်မှာအကောင်းဆုံးချိတ်ဆက်ကစားနိုင်ဖို့စွမ်းဆောင်ပေးနိုင်ခဲ့ရုံသာမကခံစစ်အထိပါဆင်းကူပြီးရာနှုန်းပြည့်ပေးဆပ်ကစားသွားခဲ့တာတွေ့ရပါတယ်။ပင်နယ်တီတစ်ကြိမ်ရရှိခဲ့တာကလည်းသူ့ကြောင့်ပဲဖြစ်ပါတယ်။ခံစစ်လေးယောက်နဲ့ဂိုးသမားအာရွန်ရမ်စ်ဒေးလ်တို့ဟာလည်းပုံစံကောင်းပြသနိုင်ခဲ့တာတွေ့ရပါတယ်။ ဘန်ဝှိုက်နဲ့ဂါဘရီရယ်ဗဟိုခံစစ်အတွဲဟာအကောင်းဆုံးပုံစံတစ်ခုမှာရှိနေခဲ့ပြီဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။တိုမီယာဆုအမှားကင်းခဲ့ပြီးနူနိုတာဗာရက်စ်ကလည်းတီယာနေးမပါဝင်နိုင်မှုကိုအကောင်းဆုံးဖြည့်စွက်ကစားပေးနိုင်ခဲ့တာပါ။စိတ်မကောင်းစရာကတော့ Clean Sheet မရလိုက်တာဖြစ်ပါတယ်။

ပါတေးနဲ့ဆမ်ဘီအတွဲကတော့အနာဂတ်အတွက်တော်တော်လေးမျှော်လင့်ချင်စရာကောင်းသွားပါပြီ။ဟန်ချက်ညီလှပြီးပဲလေ့စ်နဲ့ပွဲကအမှားတွေကိုနှစ်ယောက်စလုံးအကောင်းဆုံးတုန့်ပြန်ပြသွားခဲ့တာပါ။ပါတေးဆိုရင်သူ့ရဲ့ဂန်းနားကစားသမားဘဝပထမဆုံးသွင်းဂိုးကိုခေါင်းတိုက်ပြီးရယူနိုင်ခဲ့ပါတယ်။အော်ဘာမီယန်းအနေနဲ့လည်းအသင်းခေါင်းဆောင်ပီပီပေးဆပ်ကစားခဲ့သလိုလာကာဇက်ကြောင့်ရလာတဲ့ပင်နယ်တီကိုနှစ်ဆင့်ကန်ပြီးသွင်းဂိုးအဖြစ်ရယူနိုင်ခဲ့ပါတယ်။အော်ဘာမီယန်းအတွက်ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲမှာ (၇)ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။စမစ်ရိုးလ်နဲ့ဆာကာတို့ကတော့ဘယ်ညာတောင်ပံနှစ်ဖက်မှာအထူးခြေစွမ်းပြခဲ့ပြီးစမစ်ရိုးလ်ကတော့အော်ဘာမီယန်းရဲ့လှပတဲ့ပေးပို့မှုကနေအကောင်းဆုံးအဆုံးသတ်ပြနိုင်ခဲ့ပါတယ်။အခုနိုင်ပွဲကြောင့်အာဆင်နယ်တို့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၉) နေရာကိုယာယီပြန်လည်တက်လှမ်းလာခဲ့ပြီးအဆင့် (၄)ကဘရိုက်တန်နဲ့ (၁) မှတ်သာကွာဟတော့တဲ့အခြေအနေထိရောက်ရှိလာခဲ့ပါတယ်။ဒါ့အပြင်ပြိုင်ပွဲစုံနောက်ဆုံး (၇) ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီး၅ပွဲကတော့နိုင်ပွဲရအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ် အဖြစ် လိဒ်စ်ယူနိုက်တက်ကိုအိမ်ကွင်းအန်းမရိတ်စ်မှာဧည့်ခံကစားရမှာဖြစ်ပြီးအက်စတတွန်ဗီလာကတော့ လာမယ့် တနင်္ဂနွေနေ့မှာဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်