နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်နီတက်ဇ် လက်ထက် အဲဗာတန်ရဲ့ ပထမဦးဆုံး ရှုံးပွဲ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်စတွန်ဗီလာ ၃ – ၀ အဲဗာတန်

စနေနေ့ညက နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အက်စတွန်ဗီလာတို့ တိုက်စစ် ခြေစွမ်းပြပြီး ၃ဂိုးပြတ်နဲ့ အဲဗာတန်ကို အနိုင်ရရှိသွားခဲ့ပါတယ်။ အက်စတွန်ဗီလာရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ခဲ့သလို အဲဗာတန် ကတော့ နည်းပြ ဘင်နီတက်ဇ် လက်အောက်မှာ ပထမဦးဆုံး ရှုံးပွဲ တွေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာ အက်စတွန်ဗီလာတို့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး အဲဗာတန် ကတော့ ၄-၄-၁-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ အိမ်ရှင် အက်စတွန်ဗီလာရဲ့ တိုက်စစ်မှာ အိုလီ၀က်ကင်န်စ်၊ ဒန်နီအင့်ဂ် တို့ပဲ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ မက်ဂင်းန်၊ လူး၀စ်ဇ်၊ ရမ်ဆေး၊ ကတ်ရှ်၊ တားဂတ်၊ ခံစစ်မှာ ကွန်ဆာ၊ မင်းဂ်၊ တွမ်ဇီဘီ၊ ဂိုးမှာ မာတီနက်ဇ်တို့ ပါ၀င်လာခဲ့ပါတယ်။ ဘင်နီတက်ဇ်ရဲ့ အသင်းမှာတော့ ရွန်ဒွန်၊ ဒမ်ရိုင်းဂရေး၊ ဒူကိုရေး၊ အီဝိုဘီ၊ အဲလန်၊ တောင်ဆန်၊ ဒစ်ဂ်နီး၊ မီနာ၊ ကိန်း၊ ဂေါ့ဖရေး၊ ဘီဂျိုဗစ် တို့ ပွဲထွက်လာပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် အက်စတွန်ဗီလာတို့ ပွဲချိန်ပြည့် အဲဗာတန် အသင်း ဘက်ကို အကောင်းဆုံး ‌ဖိအားပေး ကစားသွားနိုင်ခဲ့ပေမယ့် ပထမပိုင်း မှာတော့ ဂိုးသွင်းဖို့ တော်တော်လေး ခက်ခဲနေခဲ့ပါတယ်။ ဒုတိယပိုင်း လီယွန် ဘိုင်လီ ၀င်ရောက်လာချိန် ကစလို့ အက်စတွန်ဗီလာတို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာ ကတ်ရှ်၊ ၆၉ မိနစ်မှာ ဒစ်ဂ်နီးရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၇၅ မိနစ်မှာ ဘိုင်လီက တတိယဂိုး သွင်းယူပေးခဲ့လို့ အက်စတွန်ဗီလာတို့ ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲအပြီးမှာ အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန် ကတော့ အဆင့် ၆ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒါ့အပြင် ဂေါ့ဖရေး၊ ဒစ်ဂ်နီး၊ ကိန်းနဲ့ မီနာ တို့ရဲ့ ခံစစ် ကစားသမားတွေရဲ့ ပေါ့ဆမှုတွေ ကနေ ဂိုးတွေ တောက်လျောက် ပေးခဲ့ရပြီး ဘင်နီတက်ဇ် လက်ထက်မှာ ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲတစ်ပွဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ကျ‌ဆင်းသွားခဲ့တဲ့ အဲဗာတန်

ဒီနေ့ပွဲမှာ ရာဖာ ဘင်နီတက်ဇ်ရဲ့ အသင်းက သွင်းဂိုးတွေ ရရှိဖို့ အားထုတ်နိုင်ခဲ့ပေမယ့် တိုက်စစ်က ရွန်ဒွန်၊ ဒမ်ရိုင်းဂရေးတို့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ဗီလာပါ့ခ်မှာ သွင်းဂိုးတွေ ရှာဖွေ နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂေါ့ဖရေး၊ ဒစ်ဂ်နီး၊ ကိန်းနဲ့ မီနာ တို့ရဲ့ ခံစစ် ကစားသမားတွေရဲ့ ပေါ့ဆမှုတွေ ကနေ ဂိုးတွေ တောက်လျောက် ပေးခဲ့ရပြီး ဘင်နီတက်ဇ် လက်ထက်မှာ ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲတစ်ပွဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ကတော့ ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် ဒင်းန်စမစ်ရဲ့ အသင်းဟာ ပုံစံကောင်းတစ်ခု ပြန်ရလာခဲ့ပြီး ကစားသမား ကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ တိုက်စစ် ကတော့ ထုံးစံအတိုင်း သွင်းဂိုးတွေ ရှာဖွေနိုင်နေဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
အက်စတွန်ဗီလာတို့ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ လိဂ်ဖလား တတိယအဆင့်ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ ကစားဖို့ ရှိပြီး အဲဗာတန် ကတော့ ကျူပီအာနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်