နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟိတ်ဟန်တွေ အားလုံး ခဝါချလိုက်ရတဲ့ ဘာစီလိုနာ (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ဘေယန်မြူးနစ်

ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်တွေ ထဲက ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် ပွဲကတော့ ဥရောပ ထိပ်သီး အသင်း နှစ်သင်းရဲ့  တွေ့ဆုံမှု ဖြစ်ပေမယ့် အားလုံး မျှော်လင့်ထားသလို အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ရှိတဲ့ ပွဲ‌ကောင်း တစ်ပွဲ အဖြစ်တော့ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ ဘေယန်မြူးနစ် အနေနဲ့ နူးကမ့်မှာ ဘာစီလိုနာကို ၃ ဂိုးပြတ် ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပြီး ချန်ပီယံလိဂ်မှာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
ဒီနေ့ပွဲ မှာတော့ ရော်နယ်ကိုးမန်းရဲ့ အသင်းက ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ တာစတီဂန်၊ ခံစစ်မှာ အာရူဟို၊ ပီကေး၊ ဂါစီယာ၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ ပက်ဒရီ၊ ဖရန်ကီ ဒီယောင်၊ တောင်ပံ နှစ်ဖက်မှာ ဂျော်ဒီ အဲလ်ဘာနဲ့ ရော်ဘတ်တို၊ တိုက်စစ် မှာတော့ လုခ် ဒီယောင်၊ မန်းဖစ် ဒီပေး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် တော့ ထုံးစံ အတိုင်း ၄-၂-၃-၁ ကစားကွက် ကိုမှ နော်အာ၊ အူပါမီကာနို၊ ဆူလီ၊ ပါဗက်၊ အဲလ်ဖွန်ဆို ဒေးဗီးစ်၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ခ်ျ၊ ဆာနေး၊ မူဆီယာလာ၊ မူလာ၊ လီ၀မ်ဒေါစကီး တို့နဲ့ပဲ ဘာစီလိုနာ ကို ရင်ဆိုင်လာခဲ့ပါတယ်။

ဒီပွဲမှာ ဘေယန်မြူးနစ်တို့ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု၊ ဂိုးပေါက်တည့်မှု၊ ဘက်ပေါင်းစုံမှာ အိမ်ရှင် ဘာစီလိုနာ အသင်းကို တစ်ဖက်သတ် အသာစီးရယူ ကစားသွားနိုင်ခဲ့လို့ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာ သိပ်တော့ မထူးဆန်းပါဘူး။ ရောဘတ် လီ၀မ်ဒေါစကီး ဦးဆောင်တဲ့ တိုက်စစ် အပြင် ဆာနေး၊ မူဆီယာလာ တို့ရဲ့ တောင်ပံတွေနဲ့ ကွင်းလယ်က ဂိုရက်ဇ်ကာ၊ ခံစစ်က အူပါမီကာနိုရဲ့ ပေးပို့မှု တွေက တော်တော်လေး တိကျ၊ ထိရောက်ခဲ့ပြီး ဘေယန်မြူးနစ် တစ်သင်းလုံးရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည် ကတော့ ထုံးစံအတိုင်း အားရစရာ ကောင်းခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရော်နယ် ကိုးမန်းရဲ့  အသင်း တိုက်စစ် ကတော့ ဘေယန်မြူးနစ် ဘက်ကို ဂိုးပေါက် ကန်ချက် ၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်တောင် မရှိခဲ့ပါဘူး။ ဒါ့အပြင် ခံစစ်က အာရူဟို၊ အဲရစ်ဂါစီယာ တို့ရဲ့  စွမ်းဆောင်ရည်ဟာ ပုံမှန် အောက်မှာပဲ ရှိနေခဲ့လို့ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကို ဘယ်လို နည်းနဲ့မှ တောင့်ခံနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ၃၄ မိနစ်မှာ သောမက်စ် မူလာ၊ ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၈၅ မိနစ်မှာ လီ၀မ်ဒေါစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် အနေနဲ့ နူးကမ့်မှာ ဘာစီလိုနာကို ၃ ဂိုးပြတ် ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပြီး ချန်ပီယံလိဂ်မှာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၀၃-၀၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ဂိုးပေါက်တည့်မှု လုံး၀ မရှိတဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ရခဲ့တဲ့ ဘာစီလိုနာ

ဒီ‌နေ့ပွဲမှာ ဘေယန်မြူးနစ်တို့ ဂိုးပေါက်တည့် ကန်ချက် ၈ ကြိမ် ရှိခဲ့ပြီး ဘာစီလိုနာ ကတော့ ၀ ဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာတို့ ၂၀၀၃-၀၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဂိုးပေါက်တည့်မှု လုံး၀ မရှိတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အနေနဲ့ ၁၉၉၇-၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အဖြစ် ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ သမိုင်းတစ်လျောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာ အတိုင်းအတာ တစ်ခု အထိ တောင့်ခံပြနေပေမယ့် တကယ်တမ်း ဥရောပ စင်မြင့်ထက်ကို တက်လှမ်းဖို့ ခြေလှမ်းပြင်‌‌တဲ့ အချိန်မှာ လက်ရှိ စုဖွဲ့မှုနဲ့ ခြေစွမ်းက ထိပ်တန်း အဆင့်မှာ ရှိမ‌နေဘူး ဆိုတာ ကိုတော့ မဖြစ်မနေ လက်ခံရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အတွက် ဘယ်လောက်အထိ သက်ရောက်မှု ကြီးမားသလဲ ဆိုတာရဲ့ အဖြေ ဖြစ်သလို ရော်နယ်ကိုးမန်း အနေနဲ့ နယ်သာလန်သားတွေ စုဆောင်းနိုင်ရုံနဲ့ ဥရောပ ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ အသင်း ပြန်ဖြစ်နိုင်ပြီလား ဆိုတာ ပြန်ဆန်းစစ်ဖို့ လိုအပ်နေပြီလို့ ဆိုရပါမယ်။ ဘေယန်မြူးနစ် ကတော့ အစောပိုင်း နေဂဲလ်စ်မန်း လက်အောက်မှာ သိပ်ပြီး အသားမကျခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဘေယန်မြူးနစ်ရဲ့ ပုံစံ အမှန်ကို ပြန်ရနေပြီ လို့ပဲ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဘိုချမ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘာစီလိုနာ ကတော့ ဂရန်နာဒါနဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်