နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ဘီရဲယ်ဆာနဲ့ လိဒ်စ် အတွက် နှင်းဆီဒါဘီ ကပေးတဲ့ သင်ခန်းစာ

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေ ကတော့ အရင် ရာသီတွေ ကထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းခဲ့သလို သွင်းဂိုးတွေနဲ့လည်း မြိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ် ကလွဲလို့ အသင်းကြီး အများစု ရလဒ်ကောင်းခဲ့ပြီး တန်းတက် အသင်းတွေ ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ဝက်ဖို့ဒ် တို့ကလည်း မထင်မှတ်ထားတဲ့ ခြေစွမ်းတွေနဲ့ အတူ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါတယ်။

စနေနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲမှာ ယူနိုက်တက်နဲ့ လိဒ်စ်တို့ရဲ့ နှင်းဆီဒါဘီ ထိပ်တိုက်တွေ့ဆုံမှုဟာ အစဉ်အလာအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲအပြီး မှာတော့ ယူနိုက်တက်တို့ ၅ ဂိုး ၁ ဂိုး ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဆိုးလ်ရှားရဲ့ အသင်းက ၄-၂-၃-၁ ကစားကွက်ကိုမှ တိုက်စစ်မှာ ဂရင်းဝုဒ်ကို အထောင်ထားပြီး နောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်၊ တောင်ပံနှစ်ဖက်မှာ ပေါ့ဘာနဲ့ ဒန်ဂျိမ်းစ်၊ ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ဖရက်ဒ်၊ ခံစစ်မှာ ဝမ်ဘစ်ဆာခါ၊ လုခ်ရှော၊ လင်ဒီအော့ဖ်၊ မက်ဂွိုင်းယား၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကစားသမားသစ် ဂျေဒန် ဆန်ချို အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဗာရန်း ကတော့ ကြံခိုင်မှု မပြည့်ဝသေးလို့ လူစာရင်းမှာ ပါဝင်လာခြင်းတော့ မရှိခဲ့ပါဘူး။ လိဒ်စ် ကတော့ ထုံးစံအတိုင်း ၄-၁-၄-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး အဓိက ကွင်းလယ်လူ ကယ်ဗင်ဖီးလစ် နေရာ မှာတော့ ရော်ဘင် ကော့ချ် ကစားပြီး ဘမ်းဖို့ဒ်၊ ဟာရစ်ဆင်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ဒါးလက်စ်၊ အေးလင်း စတဲ့ ကစားသမား အစုံအလင်နဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်အစမှာ လုခ်အေးလင်းရဲ့ လှပတဲ့ အဝေး ကန်ချက်ကြောင့် လိဒ်စ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၅၀ ကျော် ကနေ စပြီး ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ဖရက်ဒ်တို့က ၄ ဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ယူနိုက်တက်တို့ ၅-၁နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲမှာ ယူနိုက်တက် တောင်ပံက ပေါ့ဘာ ဟာ တစ်ပွဲတည်း ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၇ ဦးမြောက် ကစားသမား ဖြစ်လာပါတယ်။ ၃ ဂိုး သွင်းခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကတော့ ၂၀၂၁/၂၂ ပရီးမီးယာလိဂ် ရဲ့ ပထမဦးဆုံး ဟက်ထရစ် သွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။

 

အိုးထရက်ဖို့ဒ်က နှင်းဆီဒါဘီ အစဉ်အလာဆိုး အောက်က ရုန်းမထွက်နိုင်ခဲ့တဲ့ လိဒ်စ်

အခုပွဲ ရလဒ်ဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ ဖြစ်ပေမယ့် လိဒ်စ် ပရိသတ်တွေ အတွက် ကတော့ တကယ့်ကို စိတ်ပျက်စရာ ဖြစ်ခဲ့မယ် ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ထဲက အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ခဲ့သလို တွေ့ဆုံချိန်တိုင်း တစ်သင်းနဲ့ တစ်သင်း အရှုံးမပေးရရေး ရေကုန်ရေခမ်း ကစားခဲ့ကြတဲ့ အတွက် နှင်းဆီဒါဘီ ဆိုပြီးတောင် နာမည်ကြီး ပါတယ်။

အခုပွဲမှာ ယူနိုက်တက်တို့ ခြေစွမ်းကောင်းခဲ့တာ မှန်ပေမယ့် မာဆယ်လို ဘီရဲယ်ဆာရဲ့ နည်းစနစ် ဗျူဟာပိုင်းသာ ပါရမီ မဖြည့်ပေးခဲ့ရင် ဆိုးလ်ရှားရဲ့ အသင်း အနိုင်ရခဲ့ရင်တောင် ဒီလောက်အထိ ဂိုးပြတ်မှာ မဟုတ်ပါဘူး။ မာဆယ်လို ဘီရဲယ်ဆာနဲ့ လိဒ်စ်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရာသီ ကထက် ပိုမြင့်တဲ့ ရည်မှန်းချက်တွေ ရှိနေတယ် ဆိုတာ အားလုံးလည်း သိကြမှာပါ။ အခုပွဲမှာ ဆိုရင် လိဒ်စ်တို့ ပွဲစထဲက အားအင် အပြည့်နဲ့ ကစားခဲ့သလို ပွဲချိန် မိနစ် ၃၀ လောက် အထိ လည်း ယူနိုက်တက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစပြီး ချေပဂိုး ပြန်သွင်းနိုင်တဲ့ အထိကို လိဒ်စ်တို့ အခြေအနေ မဆိုးသေးပါဘူး။ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ ကိုယ့်အသင်းရဲ့ ကစားသမားတွေ အားအင်ကုန်ခမ်း နေတာ သိရက်နဲ့ သူတိုက်၊ ကိုယ်တိုက် ဆက်ပြီး ကစားစေခဲ့တဲ့ ဘီရယ်ဆာရဲ့ ခေါင်းမာမှုက ဒီပွဲရဲ့ အဖြေ ဖြစ်စေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
 

အလျော်အစားများတဲ့ ၄-၁-၄-၁ ကစားကွက်နဲ့ လိဒ်စ်ရဲ့ အနာဂတ်

ဘီရဲယ်ဆာရဲ့ တိုက်စစ် အသားပေး ၄-၁-၄-၁ ကစားကွက်ဟာ ပြိုင်ဘက် နောက်တန်းကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ပြီး ခံစစ် ပိတ်ကစားတတ်တဲ့ အသင်းတွေနဲ့ ဆိုရင် နိုင်ပွဲရဖို့ မခက်တဲ့ ဗျူဟာ ဖြစ်ပါတယ်။ တစ်ဖက် မှာ ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။ ကွင်းလယ်နဲ့ တောင်ပံတွေ ကနေ ဖန်တီး ပေးပို့မှု အားကောင်းပြီး တန်ပြန် တိုက်စစ်ကောင်းတဲ့ အသင်းတွေနဲ့ ဆိုရင်တော့ ဒီကစားကွက်ဟာ အလျော်အစား အရမ်းများပါတယ်။ ပြိုင်ဘက်ကို နေရာလွတ်တွေ အများကြီး ရသွားစေနိုင်သလို ပွဲဆက် များလာတာနဲ့ အမျှ ကိုယ့်အသင်းရဲ့ ကစားသမားတွ ပွဲပန်းတာ၊ ကြံခိုင်မှု မပြည့်ဝတာနဲ့ ဒဏ်ရာပြသနာ ကြုံတွေ့လာတာတွေ ရှိတတ်လို့ တော်ရုံ လေ့ကျင့်မှု မပြည့်ဝရင် နောက်ပြီး ကစားသမား အင်အား မတောင့်တင်းရင် အသုံးပြုကို မပြုသင့်တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့အကောင်းဆုံး နည်းပြတွေက တစ်ဦး ဖြစ်တဲ့ ဘီရဲယ်ဆာ မသိပဲတော့ မနေပါဘူး။ ဘီရယ်ဆာ အနေနဲ့ တစ်ရာသီလုံး ၃၈ ပွဲ ကစားရင် ၃၅ ပွဲ လောက်ကို ၄-၁-၄-၁ နဲ့ပဲ ပွဲထွက်စေခဲ့သူ ဖြစ်ပါတယ်။

တန်းတက် အသင်း တစ်သင်း အတွက် ပရီးမီးယားလိဂ် ဒိတ်ဒိတ်ကြဲတွေကို အိမ်ကွင်းမှာ ရှုံးပွဲမရှိအောင် ကစားပြီး ရာသီကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အတွင်းမှာ ရပ်တည်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပေမယ့် လိဒ်စ်ယူနိုက်တက် တို့ စွမ်းဆောင်ပြခဲ့ပါတယ်။
၂၀၂၀/၂၁ ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာ ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ဒီလိုပြောလို့ ဘီရဲယ်ဆာရဲ့ နည်းစနစ်က အလုပ် မဖြစ်ခဲ့ဘူးလား ဆိုတော့ မဟုတ်ပါဘူး။ တန်းတက် အသင်း တစ်သင်း အတွက် ပရီးမီးယားလိဂ် ဒိတ်ဒိတ်ကြဲတွေကို အိမ်ကွင်းမှာ ရှုံးပွဲမရှိအောင် ကစားပြီး ရာသီကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အတွင်းမှာ ရပ်တည်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပေမယ့် လိဒ်စ်ယူနိုက်တက် တို့ စွမ်းဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးတွေ စုဝေးနေတဲ့ ပြိုင်ပွဲမှာ အမြဲတမ်း တသတ်မတ်တည်း တွေးထားလို့ မရသလို အလုပ်ဖြစ်တယ် ဆိုတိုင်း ကစားကွက် တစ်မျိုးတည်းနဲ့ ကစားနေလို့ မဖြစ်ပါဘူး။ ကောင်းလွန်းပါတယ် ဆိုတဲ့ ဗျူဟာကိုမှ အကောင်းဆုံး ပြန်ဖြည်ပြသွားနိုင်တဲ့ နည်းစနစ် ကျွမ်းကျင်သူတွေ ဒီနေ့ အချိန်အခါမှာ အများကြီး ရှိနေပါပြီ။ ကစားကွက်၊ နည်းဗျူဟာ ဆိုတာထက် ဆုံးဖြတ်ချက်က ပိုအရေးကြီးလို့ ဒီပုံ အတိုင်း ဘီရဲယ်ဆာ သာဆက်ပြီး ခေါင်းမာနေမယ် ဆိုရင် ရေရှည်မှာ အသင်းရဲ့ ရလဒ်ပိုင်းကို ကျိန်းသေပေါက် ထိခိုက်လာနိုင်ပါတယ်။

အဲ့တော့ ကျနော်တို့ စနောက်ပြီး ပြောလေ့ရှိတဲ့ စကားပုံ တစ်ခုလိုပါပဲ။ “ကြောက်ရင်လွဲ… ရဲရင် မင်းဖြစ်”တဲ့။ ဒါပေမယ့် “မင်းဖြစ်ရင်တော့ မင်းခံ” ဆိုတဲ့ အတိုင်း ရဲလွန်းခဲ့တဲ့ ဘီရဲယ်ဆာ တစ်ယောက် အသင်းရဲ့ အနာဂတ် အတွက် အတ္တတွေ နည်းနည်းလျှော့ပြီး အသေအချာ စဉ်းစားချင့်ချိန်ရမယ့် အချိန် ရောက်နေပြီလို့ ထင်ပါတယ်။ အဲ့တော့…လိဒ်စ် အတွက် နှင်းဆီ ဒါဘီ ရှုံးပွဲဟာ နာကျင်စရာ ဖြစ်ပေမယ့် ယူတတ်ရင်တော့ အကောင်းဆုံး သင်ခန်းစာ ဖြစ်နိုင်တယ် ဆိုတာ ပြောကြားရင်း…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်