နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရဲ့ နည်းပြ များကို ကြိုတင် အကဲဖြတ်ကြည့်ခြင်း

ဆိုကြပါစို့။ ဘောလုံးအသင်း တစ်သင်းမှာ ကစားသမားတွေဟာ ခြေ၊လက်တွေ ဆိုရင် နည်းပြ ဖြစ်သူဟာ ဦးနှောက် တစ်လုံးနဲ့ အလားသဏ္ဍာန် တူပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်၊ ကြိုးစား အားထုတ်မှုဟာ အသင်းရဲ့ အောင်မြင်မှု အတွက် အတိုင်းအတာ တစ်ခုအထိ အရေးပါသလို နည်းပြ ဖြစ်သူရဲ့ နည်းစနစ် ဗျူဟာ၊ အတွေ့အကြုံနဲ့ တွေးခေါ် ကြံဆနိုင်မှုတွေ ကလည်း ပွဲရဲ့ အဖြေကို ထုတ်ပေးနိုင်တဲ့အထိ အဓိကျပါတယ်။ ဒါ့ကြောင့် နည်းပြ ဖြစ်သူဟာ ပြိုင်ပွဲ တစ်ခုလုံးမှာ ဖိအား အများဆုံး ရှိနေသူတွေလို့ ပြောလို့ ရပါတယ်။ ကမ္ဘာ့အကောင်းဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပရီးမီးယားလိဂ်ရဲ့ နည်းပြတွေ ကတော့ ပိုပြီး ဖိအား အများဆုံးလို့ သိရပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ ရဲ့ နည်းပြတွေကို အရင်ဆုံး ဖော်ပြရမယ် ဆိုရင်…

  • အာဆင်နယ် – မီခယ် အာတေးတား (စပိန်)
  • အက်စတွန်ဗီလာ – ဒင်းန် စမစ် (အင်္ဂလန်)
  • ဘရန့်ဖို့ဒ် – သောမက်စ် ဖရန့်ခ် (ဒိန်းမတ်)
  • ဘရိုက်တန် – ဂရေဟမ် ပေါ့တာ (အင်္ဂလန်)
  • ဘန်လေ – ရှောင် ဒိုက်ချ် (အင်္ဂလန်)
  • ချဲလ်ဆီး – သောမက်စ် တူဟယ် (ဂျာမနီ)
  •  ခရစ္စတယ်ပဲလေ့စ် – ပက်ထရစ် ဗီအဲရာ (ပြင်သစ်)
  • အဲဗာတန် – ရာဖေးလ် ဘင်နီတက်ဇ် (စပိန်)
  • လိဒ်စ်ယူနိုက်တက် – မာဆယ်လို ဘီရဲယ်ဆာ (အာဂျင်တီးနား)
  • လက်စတာစီးတီး – ဘရန်ဒန် ရော့ဒ်ဂျားစ် (မြောက်အိုင်ယာလန်)
  • လစ်ဗာပူးလ် – ယာဂင် ကလော့ပ် (ဂျာမနီ)
  • မန်ချက်စတာစီးတီး – ပပ်ဂွာဒီယိုလာ (စပိန်)
  • မန်ချက်စတာယူနိုက်တက် – အိုလီဂန်နာ ဆိုးလ်ရှား (နော်ဝေ)
  • နယူးကာဆယ်ယူနိုက်တက် – စတိဗ်ဘရုစ် (အင်္ဂလန်)
  • နော့ဝှစ်ချ် – ဒန်နီရယ် ဖာကီ (ဂျာမနီ)
  • ဆောက်သမ်တန် – ရက်ဖ် ဟတ်ဆန်ဟက်တဲလ် (ဩစတြီးယား)
  • တော့တင်ဟမ်ဟော့စပါး – နူနို အက်စ်ပီရီတို ဆန်းတို့စ် (ပေါ်တူဂီ)
  • ဝက်ဖို့ဒ် – ဆစ်ကို မူနော့ဇ် (စပိန်)
  • ဝက်စ်ဟမ်း – ဒေးဗစ် မွိုက်စ် (စကော့တလန်)
  • ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဘရူနိူ လက်ဂျ် (ပေါ်တူဂီ)

လောလောဆယ် အခြေအနေအရ ဘရူနို လက်ဂျ်၊ ဇစ်ကို မူနော့ဇ်၊ ဒန်နီရယ် ဖာကီ၊ သောမက်စ် ဖရန့်ခ်၊ ပက်ထရစ် ဗီအဲရာ တို့ဟာ မျက်နှာသစ်တွေ ဖြစ်ပြီး ကျန်တဲ့ ၁၅ ဦး ကတော့ ပရီးမီးယားလိဂ်မှာ အခြေကျပြီးသား အတွေ့အကြုံရှိ/ အတွေ့ကြုံရင့် နည်းပြတွေလို့ ပြောရမှာ ဖြစ်ပါတယ်။ နာမည်ကြီး ဘောလုံး သုံးသပ်သူတွေ ကတော့ နည်းပြ တချို့ဟာ ရာသီ စတင်ပြီး မကြာခင်မှာပဲ ထုတ်ပယ်ခံရဖို့ ရှိနေကြောင်းနဲ့ တချို့ကတော့ မထင်မှတ်ပဲ အတိုင်းအတာ တစ်ခု အထိ အသင်း အတွက် အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကြိုတင် ဟောကိန်းထုတ် ခန့်မှန်းနေကြပါပြီ။

လူငယ် နည်းပြတွေ ဖြစ်တဲ့ အိုလီဂန်နာ ဆိုးလ်ရှား၊ မီခယ်အာတေးတားနဲ့ ဘရူနို လက်ဂျ် တို့ ကတော့ လာမယ့် ပရီးမီးယားလိဂ် မှာ ဥရောပဝင်ခွင့် ရဖို့လောက် အထိပဲ စွမ်းဆောင် ပေးနိုင်မယ့်သူတွေ အဖြစ် ခန့်မှန်းခြင်းခံထားရပါတယ်။
မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်သေးလို့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်နည်းပြ နှစ်ဦး

ပြီးခဲ့ရာသီက နောက်ဆုံး ကစားခဲ့တဲ့ ၂၁ ပွဲမှာ ၁၅ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် ရာသီသစ်မှာ လက်ရှိ နည်းပြ ဟတ်ဆန်ဟက်တဲလ် ကိုပဲ ယုံကြည်စွာနဲ့ပဲ တာဝန်ပေးထားဆဲ ဖြစ်ပါတယ်။ တာထွက် ကောင်းခဲ့ပေမယ့် ပန်းဝင်မလှခဲ့တဲ့ စိန့်တို့ရဲ့ အခြေအနေ အတွက် အဓိက တာဝန်ရှိသူဟာ ဟတ်ဆန်ဟက်တဲလ် ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ရာသီက အတိုင်းသာ ရလဒ်တွေ ဆိုးရွားနေခဲ့မယ် ဆိုရင် ပြိုင်ပွဲတစ်ဝက် မကျိုးခင်မှာပဲ ထုတ်ပယ်ခံရဖို့ များနေသူ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်သာ ရှိသေးတဲ့ စပိန် လူမျိုး ဆစ်ကို ကတော့ ဝက်ဖို့ဒ်ကို ပရီးမီးယားလိဂ် ဆီ တက်လှမ်းနိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပေမယ့် လုံလောက်တဲ့ နည်းပြ အတွေ့အကြုံ မရှိတာကြောင့် မကြာခင်မှာပဲ ရာထူးက ထုတ်ပယ်ခံရဖို့ များနေကြောင်း ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

သောမက်စ် ဖရန့်ခ်၊ ဒန်နီရယ် ဖာကီ၊ ပက်ထရစ် ဗီအဲရာ တို့ကတော့ ပရီးမီးယားလိဂ် နည်းပြ အတွေ့အကြုံ မရှိသူတွေ ဖြစ်တဲ့ အပြင် ကိုင်တွယ်ရတဲ့ အသင်းရဲ့ လက်ရှိ ခြေစွမ်းပိုင်း အပေါ် မူတည်ပြီး အလယ်အလတ် အဆင့်လောက် အထိပဲ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းခြင်း ခံထားရပါတယ်။ ထူးခြားတာက နူနို အက်စ်ပီရီတို ဆန်တိုနဲ့ စတိဗ် ဘရုစ် တို့ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာ သိပ်ပြီး မျှော်လင့်ထားလို့ မရတဲ့ နည်းပြတွေ အဖြစ် သတ်မှတ်ခံနေရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြတဲ့ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဘရိုက်တန်နဲ့ ဘန်လေ တို့ဟာ လာမယ့် ရာသီမှာ ပုံစံကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ့် အသင်းတွေ အဖြစ် ခန့်မှန်းခံထားရပြီး ဒေးဗစ်မွိုက်စ်၊ ရှောင်ဒိုက်ချ်၊ ဒင်းန် စမစ်၊ ဂရေဟမ်ပေါ်တာ တို့ အနေနဲ့ အသင်းကို ဘယ်လောက် အတိုင်းအတာ အထိ ဆွဲတင် ပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

 
လူငယ် နည်းပြတွေ ဖြစ်တဲ့ အိုလီဂန်နာ ဆိုးလ်ရှား၊ မီခယ်အာတေးတားနဲ့ ဘရူနို လက်ဂျ် တို့ ကတော့ လာမယ့် ပရီးမီးယားလိဂ် မှာ ဥရောပဝင်ခွင့် ရဖို့လောက် အထိပဲ စွမ်းဆောင် ပေးနိုင်မယ့်သူတွေ အဖြစ် ခန့်မှန်းခြင်းခံထားရပါတယ်။ အဲ့နောက် မာဆယ်လို ဘီရဲယ်ဆာ၊ ဘရန်ဒန် ရော့ဒ်ဂျားစ်နဲ့ ရာဖေးလ် ဘင်နီတက်ဇ် တို့ကိုတော့ ချန်ပီယံဆု ခြိမ်းခြောက်နိုင်တဲ့ အထိ အသင်းကို ပြောင်းလဲ ပေးနိုင်သူတွေ ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံထားရတာလည်း တွေ့ရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အငြင်းပွားစရာ ရရှိနိုင်ပေမယ့် သူတို့ရဲ့ အတွေ့အကြုံနဲ့ နည်းစနစ် ကြွယ်ဝမှုတွေကြောင့် လုံးဝ မဖြစ်နိုင်ဘူး လို့တော့ ပြောလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ လစ်ဗာပူးလ် တို့ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အဓိက လုကြရမယ့် အသင်းတွေ အဖြစ် ခန့်မှန်းထားကြသလို ပပ်ဂွာဒီယိုလာ၊ သောမက်စ် တူဟယ်နဲ့ ယာဂင် ကလော့ပ် တို့ကိုလည်း အကောင်းတကာ့ အကောင်းဆုံး နည်းပြတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။ အမှန်တကယ်လည်း ပရီးမီးယားလိဂ် မှာရော ကမ္ဘာမှာပါ အကောင်းဆုံး နည်းပြတွေ အဖြစ် သတ်မှတ်ခံရတဲ့ အထိ စွမ်းဆောင် နိုင်ခဲ့တာကြောင့် လာမယ့် ရာသီမှာ အတိုင်းအတာ တစ်ခု အထိ အသင်း အတွက် ဆုဖလား အောင်မြင်မှု ရယူပေးနိုင်မယ့် သူတွေ အဖြစ် ခန်မှန်းမှုတွေနဲ့ ထိုက်တန်တယ်လို့ပဲ ဆိုရမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်