နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ပွဲ အတွေ့အကြုံ ပိုသာတဲ့ ယူကရိန်း ဘက်မှာပဲ ရပ်တည်ရမယ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ယူကရိန်း – မြောက်မက်ဆီဒိုးနီးယား

ယူရို ၂၀၂၀ အုပ်စု (C) ဒုတိယပွဲစဉ် တစ်ပွဲ အဖြစ် ယူကရိန်းနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၇:၃၀ နာရီမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိ အုပ်စု(C)မှာ တစ်မှတ်မှ မရသေးတဲ့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေခဲ့တာ ဖြစ်ပေမယ့် ရှုံးထွက်တက်ရေး မျှော်လင့်ချက်နဲ့ ကစားမယ့် ယူကရိန်း အတွက် မြောက်မက်ဆီဒိုးနီးယား ဟာ ပြိုင်ဘက်ကောင်း မဟုတ်လို့ ခက်ခက်ခဲခဲ ကစားရမယ့် အခြေအနေတော့ မဟုတ်ပါဘူး။

ယူကရိန်းတို့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ၈ ပွဲ ကစားရာမှာ ရမှတ် ၂၀နဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီရဲ့ အထက် အုပ်စု ပထမနဲ့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဆိုဗီယက် ခွဲထွက်နိုင်ငံ ယူကရိန်းတို့ ယူရိုပြိုင်ပွဲမှာ တတိယအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နယ်သာလန်နဲ့ပွဲ အပါအဝင် ယူရိုပြိုင်ပွဲ နောက်ဆုံး အဆင့် စုစုပေါင်း ၇ ပွဲ ကစားထားခဲ့ပြီး ယူရို ၂၀၁၂ မှာ တစ်ပွဲသာ အနိုင်ရထားခဲ့ဘူးပါတယ်။ လက်ရှိ ယူရို ၂၀၂၀ အုပ်စု (C) မှာတော့ နာမည်ကြီး နယ်သာလန်၊ ဩစတြီးယား၊ မြောက်မက်ဆီဒိုးနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာလည်း ဖရန့်ခ် ဒီဘိုးဝါးရဲ့ အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ယူကရိန်းရဲ့ ခြေစွမ်းက ထင်သလောက် မညံခဲ့သလို နယ်သာလန် တို့တောင် အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားသွားရတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရွေးစင်ဟောင်း အန်ဒရီ ရှက်ဗ်ချန်ကို ကိုင်တွယ်နေတဲ့ အသင်းက အသင်းကြီး တစ်သင်း မဟုတ်ပေမယ့် တစ်ခြား အသင်းငယ်တွေလိုမျိုးလည်း ခံစစ်ဦးစားပေး ကစားလေ့ တတ်တဲ့ အသင်း မဟုတ်တာတွေ့ရပါတယ်။ လက်ရှိ ယူကရိန်းရဲ့ ပွဲထွက် လူစာရင်းမှာ ယာမိုလန်ကို၊ ဆိုင်ဒိုချက်ခ်၊ မယ်လင်နော့ဗ်စကီး၊ ဇင်ချန်ကို၊ ဇဘာညီတို့ ရှိနေပြီး ဒီကစားသမားတွေ အနေနဲ့ အဖွင့်ပွဲမှာ နယ်သာလန်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်ခဲ့သလဲ ဆိုတာ အာလုံးလည်း သိပြီးကြမှာပါ။ အခုပွဲမှာ ရှက်ဗ်ချန်ကိုရဲ့ အသင်းက ပုံမှန်ပွဲထွက် လူစာရင်းကိုပဲ အသုံးပြုလာနိုင်ပြီး ကစားကွက် အခင်းအကျင်း ကိုတော့ အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာမယ့် သဘောတော့ ရှိပါတယ်။ နောက်ပြီး အနိုင်ရဖို့ သေချာသလောက် ရှိပြီ ဆိုတာနဲ့ အဓိက ကစားသမားတွေကို ဩစတြီးယားနဲ့ ကစားမယ့် ပွဲအတွက် အနားပေးပါလိမ့်မယ်။ တစ်ဖက်မှာ နယ်သာလန်-ဩစတြီးယား တွေ့ဆုံမှုကို အခွင့်ကောင်းယူခွင့် ရှိနေလို့ ယူကရိန်း အမှားလုပ်မယ် မထင်ပါဘူး။

မြောက်မက်ဆီဒိုးနီးယားဟာ ယူရို၂၀၂၀ မှ ပထမဦးဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိ အုပ်စု(C)မှာ အိမ်ဖြည့်အသင်း အဆင့်ပဲ ရှိပါတယ်။
ယူရို ၂၀၂၀ ရဲ့ အားအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ မြောက်မက်ဆီဒိုးနီးယား

မြောက်မက်ဆီဒိုးနီးယားဟာ ယူရို၂၀၂၀ မှ ပထမဦးဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိ အုပ်စု(C)မှာ အိမ်ဖြည့်အသင်း အဆင့်ပဲ ရှိပါတယ်။ အဖွင့်ပွဲမှာ ကံကောင်း ထောက်မလို့ ဂိုရန် ပန်ဒက်ဗ် ဂိုးသွင်းနိုင်ခဲ့တာ ကလွဲရင် ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ၃-၁ နဲ့ ဩစတြီးယားကို ဂိုးပြတ် ရှုံးနိမ့်ပြီး လက်ရှိ အုပ်စု(C)ရဲ့ အောက်ဆုံး နေရာမှာ ရှိနေပါတယ်။ လူစာရင်းအရ အားကိုးရတဲ့ ကစားသမားဆိုလို့ အသက် (၃၇) နှစ်အရွယ် ပန်ဒက်ဗ်နဲ့ နာပိုလီက အဲလ်မက်စ်၊ အယ်လီယော့စကီးတို့ပဲ ရှိပြီး တကယ့်ကို ပြိုင်ပွဲဝင် ၂၄ သင်းထဲမှာ အားအနည်းဆုံး ဖြစ်ပါတယ်။ အသင်းငယ်တွေရဲ့ ထုံးစံအတိုင်း ခံစစ် အသားပေး ၅-၃-၂ ကစားကွက် ကိုပဲ အသုံးပြုလာဖို့ရှိပြီး နိုင်ငံဂုဏ်သိက္ခာ အတွက်တော့ တတ်နိုင်သမျှ ယူကရိန်းကို ဒုက္ခပေးနိုင်ဖို့ မျှော်လင့်လာပါလိမ့််မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူကရိန်းနဲ့ မက်ဆီဒိုးနီးယားတို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စု ပွဲစဉ် အဖြစ် ပထမဦးဆုံး ကစားရမှာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ၄ ကြိမ် ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ယူရို ၂၀၁၆ ခြေစစ်ပွဲ အဆင့် တွေ့ဆုံခဲ့တဲ့ နှစ်ကျော့စလုံး ယူကရိန်းတို့ အနိုင်ရခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄ ခြေစမ်းပွဲ ၂ ကြိမ် ကစားခဲ့ရာ မှာတော့ မြောက်မက်ဆီဒိုးနီးယားက ၁ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ယူကရိန်း vs မြောက်မက်ဆီဒိုးနီးယား 1X2 ယူကရိန်း @ 1.77
ဇွန်လ ၁၇ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ယူကရိန်း အတွက် ၁.၆၆ ဆ နဲ့ မြောက်မက်ဆီဒိုးနီးယား အတွက် ၅.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ စဉ်းစားရာ မလိုပါဘူး။ ထိပ်တိုက်တွေ့ဆုံမှု အတွေ့အကြုံ အပြင် ခြေစွမ်းကလည်း တစ်ဆင့်လောက် ကွာပါတယ်။ ယူကရိန်း မပေါ့ဆရင် အနိုင် ၃ မှတ် သေချာပေါက် ရမယ့်ပွဲပါ။ ၃-၁ မဟုတ်ရင် ၂-၀ ပါပဲ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်