နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ

အခုတစ်ခါမှာတော SBOTOP ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ် နောက်ဆုံးရ အားကစားသတင်းတွေကို ဖော်ပြပေးပါဦးမယ်။ ရာသီပြီးဆုံးချိန် နီးကပ်လာတာနဲ့အမျှ ဥရောပကလပ် အသင်းတွေ အနေနဲ့ လာမယ့်ရာသီအတွက် ကစားသမား ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်လာပြီ ဖြစ်တာကြောင့် ထုံးစံအတိုင်း အပြောင်းအရွှေ့သတင်းတွေ ဟာလည်း လှုပ်လှုပ်ခတ်ခတ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
 
အဂွဲရိုးကို လိုချင်နေတဲ့ အသင်းတွေထဲမှာ အင်တာပါလာခဲ့ပြီ

မန်ချက်စတာစီးတီး အသင်းကနေ ရာသီအကုန်မှာ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ကန်အဂွဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အင်တာမီလန် အသင်းလည်း ပါဝင်လာပြီလို့ သိရပါတယ်။ အဂွဲရိုး အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ဘက်က ရာသီကုန်ရင် စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပြီးနောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားပြီး ချဲလ်ဆီး၊ ဘာစီလိုနာ တို့လို အသင်းတွေက ခေါ်ယူဖို့ ထိပ်ဆုံးက စိတ်ဝင်စားနေတာ  ဖြစ်ပါတယ်။ သတင်းတွေအရဆိုရင်တော့ ကွန်တီ အနေနဲ့ အဂွဲရိုးကိုသာ မခေါ်ယူနိုင်ခဲ့ရင် ရိုးမားက ဒီဂျက်ကို၊ ချဲလ်ဆီးက ဂျီရူးတို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
 
ဘယ်လော့တီကို စိတ်ဝင်စားနေပြန်တဲ့ ပရီးမီးယားလိဂ် ထိပ်သီး ၃ သင်း

တိုရီနို အသင်းရဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီ ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး ၃ သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားကို ပရီးမီးယားလိဂ် ကလပ်တွေအပြင် စီးရီးအေက မီလန် မြို့ခံနှစ်သင်း၊ ရိုးမား၊ ဖီအိုရင်တီးနား၊ နာပိုလီ တို့ကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ နံပါတ် ၉ တိုက်စစ်မှူး နေရာမှာ ကစားတဲ့ အက်ဒီဆင်ကာဗာနီရဲ့ အနာဂတ် မသေချာတော့တာကြောင့် ဘယ်လော့တီနဲ့ ရေရှည်အစားထိုးနိုင်ဖို့ စဉ်းစားနေတာ ဖြစ်တယ်လို့ သတင်းတွေမှာ ရေးသားကြပါတယ်။
 
အိုဒီဂတ်ဟာ ရောင်းဖို့မဟုတ်ပါ။ အချိန်တန်ရင် ပြန်ခေါ်မှာပါ။

နော်ဝေ လူငယ်ကွင်းလယ် ဖန်တီးရှင် မာတင်အိုဒီဂတ် ကို အာဆင်နယ် ဘက်က အပြီးသတ် ခေါ်ယူလိုပေမယ့်လည်း ရီးရဲယ်မက်ဒရစ် ဘက်က ကစားသမားကို ပြန်လိုချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဇီဒန်းအနေနဲ့ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ လူကာမိုဒရစ်ရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ အိုဒီဂတ်ကို လက်လွှတ်လိုခြင်းမရှိတာ ဖြစ်ပြီး လာမယ့်ရာသီကစလို့ အသင်းမှာ ပွဲထွက်ကစားစေဖို့ စီစဉ်ထားတဲ့ သဘောရှိနေတယ်။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ကလပ်ဆီကို အငှားနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂန်နားတို့ အတွက် ၁၄ ပွဲ ပွဲထွက်ကစားခဲ့ပြီး အာဆင်နယ်ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိအောင် အဓိက စွမ်းဆောင်ပေးထားတဲ့ ကစားသမား ဆိုလည်း မမှားပါဘူး။ သေချာတာကတော့ အာဆင်နယ် အနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ လာကာဇက်၊ အန်ကတ်တီးယား၊ ဂွမ်ဒူဇီ၊ မစ်လန်းစ်နိုင်းလ်စ်၊ တော်ရိုင်းယား၊ ဟက်တာဘယ်လာရင် တို့ အားလုံးကို ရောင်းထုတ်ဖို့ ပြင်နေပြီးတော့ ပေါင်းသန်း ၁၂၀ လောက် ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
 
မိုဆာလာ ထွက်ရင် ဂျေဒန်ဆန်ချိုနဲ့ အစားထိုးဖို့ ပြင်နေတဲ့ ကလော့ပ်

လာမယ့်နွေရာသီ အပြောင်းအရွှေ့ မှာသာ မိုဟာမက်ဆာလာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ ဒေါ့မန် လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုနဲ့ အစားထိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ အဓိက ပစ်မှတ်ထားခြင်း ခံနေရတဲ့ ဆာလာ ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ လုံးဝငြင်းဆန်ထားပေမယ့် ဂျာဂျင်ကလော့ပ် ဘက်ကတော့ ကြိုတင် ပြင်ဆင်ထားချင်တဲ့ သဘောရှိနေပါတယ်။ အင်္ဂလန် ကြယ်ပွင့် ဂျေဒန်ဆန်ချိုကိုတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံး မန်ချက်စတာယူနိုက်တက် အသင်းက ချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မြောက်ခဲ့ခြင်း မရှိပါဘူး။ ဆာလာရော၊ ဆန်ချိုရော ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူတွေဖြစ်ပြီး တန်ကြေး အနေနဲ့ကတော့ အနည်းဆုံး ပေါင်သန်း ၁၂၀ နဲ့အထက်မှာ ရှိနေပါတယ်။
 
သက်တမ်းမတိုးလို့ စိတ်ဆိုးပြီး အသင်းပြောင်းတော့မယ့် ဗာရန်း

ရီးရဲယ်မက်ဒရစ်ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားတဲ့ ရာဖေးလ် ဗာရန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အနည်းဆုံး ပေါင်သန်း ၆၀ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
လာမယ့် အပြောင်းအရွှေ့မှာ အသင်းကို ဖြည့်တင်းမှုများစွာ ပြုလုပ်ဦးမယ့် ချဲလ်ဆီး

ရီးရဲယ်မက်ဒရစ်ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားတဲ့ ရာဖေးလ် ဗာရန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အနည်းဆုံး ပေါင်သန်း ၆၀ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ် ဗဟိုခံစစ်မှူး ဗာရန်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် ရီးရဲယ်မက်ဒရစ် ဘက်က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းလာခြင်း မရှိလို့ စိတ်ဆိုးပြီး အခုလို ဆုံးဖြတ်ခဲ့တယ်လို့ စပိန်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဗာရန်းကို ခေါ်ယူဖို့ တူဟယ် အပြင် အိုလီဂန်နာဆိုးလ်ရှား ကလည်း စိတ်ဝင်စားနေပြီး ဗဟိုခံစစ်နေရာကို ဖြည့်တင်းဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။
 
အဲဗာတန် ရဲ့ အဓိက ပစ်မှတ်ဖြစ်လာတဲ့ ၁၈ နှစ်သား ဆား

ပြင်သစ်ကလပ် မတ်ဇ် အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် ပါပီဆားကို လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အဆိုပါ ဆီနီဂေါ ကစားသမားလေးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေပေမယ့် အဲဗာတန်က အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ဆားဟာ နည်းစနစ်ပိုင်းဆိုင်ရာ ပိုင်နိုင်သလို ဂိုးရှာဖွေပေးနိုင်ပြီး box to box ကောင်းကောင်း ကစားနိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။ ဆားကို ခေါ်ယူဖို့ ဆိုရင်တော့ ပေါင် ၂၇ သန်းလောက် အသုံးပြုရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်