နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းတက်အသင်းချင်းတူပေမယ့် ခြေစွမ်းမတူတော့တဲ့ လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ် ၁ – ၂ လိဒ်စ်ယူနိုက်တက်

ယနေ့မနက်အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ လက်ကျန်ပွဲစဉ် တစ်ပွဲအဖြစ် တန်းတက်အသင်း နှစ်သင်း ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ကစားခဲ့ကြပြီး လိဒ်စ်ယူနိုက်တက်တို့က အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် အိမ်ရှင်တို့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် ကတော့ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရာသီအကုန်မှာ အဆင့် ၁၀ အတွင်း ဝင်ရေး မျှော်လင့်ချက် ပိုပြီး ရှင်သန်လာခဲ့ပါတယ်။
 

 
ဖူလ်ဟမ်တို့ ဒီနေ့ပွဲမှာ တိုက်စစ်က မာဂျာ၊ ကာဗယ်လီယို၊ လွတ်ခ်မန်း၊ ကွင်းလယ်မှာ အန်ဂစ်ဆာ၊ ရိဒ်၊ လီမီနာ၊ နောက်တန်းမှာ အင်နာ၊ အန်ဒါဆင်၊ အဒါရာဘိုင်ယို၊ ရော်ဘင်ဆင်၊ ဂိုး မှာ အာရီယိုလာတို့နဲ့ ပွဲထွက်လာပါတယ်။ ဧည့်သည် အသင်းကတော့ ထုံးစံအတိုင်းသူတို့ရဲ့ ကစားကွက် ဖြစ်တဲ့ ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ပက်ထရစ်ဘမ်းဖို့ဒ် တစ်ဦးတည်းကို ဦးဆောင်စေကာ ဂျက်ဟာရစ်ဆင်၊ စတူးဝပ် ဒါးလက်စ်၊ ရာဖင်ညာ၊ ကယ်ဗင်ဖီးလစ်၊ လော်ရန်တေး၊ အယ်လီရိုစကီး တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။ ပွဲစဉ်အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် တစ်သင်းနဲ့ တစ်သင်း ခြေစွမ်း သိသိသာသာ မကွာခဲ့ပဲ ဘောလုံးပိုင်ဆိုင်မှုမှာ ဖူလ်ဟမ် ကတောင် ပိုပြီး သာခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့တာ ကတော့ မာဆယ်လို ဘီရာဆာရဲ့ လိဒ်စ်ယူနိုက်တက် အသင်း ဖြစ်ပြီး ပွဲစပြီး ၈ မိနစ်မှာတင် ဦးဆောင်ဂိုး ရမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် လုခ်အေးလင်း လူကျွံနေတာကြောင့် သွင်းဂိုး အဖြစ် သတ်မှတ်ပေးခြင်း မခံခဲရပါဘူး။ ပွဲချိန် ၂၉ မိနစ် အရောက်မှာတော့ ဂျက်ဟာရစ်ဆင်ရဲ့ ပေးပို့မှုကနေ ပက်ထရစ် ဘမ်းဖို့ဒ်က အမှားအယွင်းမရှိ သွင်းယူပေးခဲ့လို့ လိဒ်စ်ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အဲ့နောက် ချေပဂိုးရဖို့ ပိုပြီး ဖိကစားလာတဲ့ ဖူလ်ဟမ်တို့ ပွဲချိန် ၃၈ မိနစ်မှာ ဂိုးရသွားခဲ့ပြီး လွတ်ခ်မန်းရဲ့ ပေးပို့မှုကနေ အန်ဒါဆင်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လိဒ်စ်ယူနိုက်တက်တို့ အနိုင်ဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကို‌တော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဘမ်းဖို့ဒ်ရဲ့ ပေးပို့မှုကနေပဲ ရာဖင်ညာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲ တစ်ချို့ ပြုလုပ်ခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်ခြင်းမရှိတော့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဖူလ်ဟမ်ကတော့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်ရဦးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာက နယူးကာဆယ်ထက် နှစ်ပွဲ ပိုကစားပြီး ၂ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဖူလ်ဟမ်

 

ပွဲပြီးသုံးသပ်ချက်

မာဆယ်လို ဘီရာဆာရဲ့ နာမည်ကျော် ကစားကွက် ၄-၁-၄-၁ ကတော့ ဒီနေ့ပွဲမှာ အလုပ်ဖြစ်ခဲ့ပြန်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ထူးခြားချက်က ကစားသမားတွေ အနားရပြီးတဲ့ အချိန်မှာဆိုရင် ခြေစွမ်း သိသိသာသာ ပြနိုင်လေ့ရှိတာကြောင့် ဒီနေ့ပွဲမှာလည်း ဖူလ်ဟမ်ကို အနိုင်ကစားသွားနိုင်တာ တွေ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်လည် ရောက်ရှိလာပြီး ရာသီအကုန်မှာ သူတို့အသင်းရဲ့ မျှော်လင့်ချက်အတိုင်း ရပ်တည်သွားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဖူလ်ဟမ်ကတော့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရုန်းကန်ရဦးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာက နယူးကာဆယ်ထက် နှစ်ပွဲ ပိုကစားပြီး ၂ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် ရက်တွေမှာ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ တော်တော်များများ ရပ်နားထားပြီး နိုင်ငံတကာ ခြေစစ်ပွဲတွေ၊ ခြေစွမ်းပွဲတွေ ကစားဖို့ ရှိလို့ ဧပြီလ ၄ ရက်နေ့မှ ပြန်လည် ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖူလ်ဟမ်တို့ ဧပြီလ ၄ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ကစားဖို့ ရှိပြီး လိဒ်စ်ယူနိုက်တက် ကတော့ ၃ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်