နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျော့တာရဲ့ သွင်းဂိုး ၁ ဂိုးနဲ့ အနိုင်ရဖို့ လုံလောက်ခဲ့တဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀ – ၁ လစ်ဗာပူးလ်

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်တို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကို ဒီယိုဂိုဂျော့တာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ဂိုးကန်သွင်းခွင့်တွေ တော်တော်များများ ရရှိခဲ့ပေမယ့် အဆုံးသတ်သေချာတဲ့ လစ်ဗာပူးလ် အသင်းက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမှာ ဝုဗ်တို့ ၃-၄-၃ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ထရာအိုရေး၊ ဂျိုဆေး၊ ပက်ဒရို နီတို၊ ကွင်းလယ်က ဆီမီဒို၊ မော်တင်ဟို၊ ဂျီးဆပ်စ် နားဗက်စ်၊ ဂျွန်နီ၊ နောက်တန်းမှာ ဆာအိစ်၊ ကိုဒီ၊ ဘိုလီ၊ ဂိုးမှာ ပက်ထရီစီရို တို့ ပါဝင်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ ဒီယိုဂိုဂျော့တာ၊ မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေး၊ ကွင်းလယ်မှာ ဝိုဂျ်နယ်ဒမ်၊ ဖာဘင်ဟို၊ သီယာဂို အဲလ်ကန်တာယာ၊ နောက်တန်းမှာ ရော်ဘတ်ဆန်၊ ကာဘက်ခ်၊ ဖီလစ်ပ်၊ အလက်ဇန္တား ထရန့်အာနိုးလ်၊ ဂိုးမှာ အလီဆွန် ဘေကာတို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲစတာနဲ့ နှစ်သင်းစလုံး တိုက်စစ်က တော်တော်လေး စွမ်းဆောင်ရည် ကောင်းခဲ့ပေမယ့် ဝုဗ်ဘက်က နီတိုနဲ့ လစ်ဗာပူးလ်ဘက်က မိုဟာမက်ဆာလာတို့ သာမန်ခြေစွမ်းအောက် ရောက်ရှိနေခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာ ဒီယိုဂို ဂျော့တာက မာနေးရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်ခြင်း မရှိတော့လို့ ၀-၁ ရလဒ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ရာကနေ နိုင်ပွဲ တစ်ပွဲ ပြန်လည်ရှာတွေ့ခဲ့တာ ဖြစ်လို့ နည်းပြ ဂျာဂျင်ကလော့ပ် အတွက်ကတော့ ပြန်ပြီး အားတက်စရာ ဖြစ်ခဲ့ပါတယ်။ တစ်ချက်ရှိတာက လစ်ဗာပူးလ်တို့ အဝေးကွင်းမှာ နိုင်ပွဲတွေ ရနေသလောက် အိမ်ကွင်းမှာဆိုရင် ရလဒ်တွေ တောက်လျောက် ဆိုးနေလို့ ခြေစွမ်း ပြန်မှန်မမှန်ဆိုတာ လာမယ့်ပွဲကိုတော့ စောင့်ကြည့်ရပါဦးမယ်။ အခုပွဲမှာလည်း လစ်ဗာပူးလ်တို့ အနိုင်ရခဲ့တယ်ဆိုတာ ခြေစွမ်း အရမ်းကောင်းခဲ့လို့ မဟုတ်ပဲ ဝုဗ်တို့ရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိခဲ့လို့သာ အနိုင်ရရှိခဲ့တယ်လို့ ဆိုရပါတယ်။ လစ်ဗာပူးလ်တို့ အခုနိုင်ပွဲကြောင့် ရမှတ် ၄၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ဝုဗ်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

ဝုဗ်ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့တဲ့ ဝုဗ်

 

လာမယ့်ပွဲစဉ်များ

ဝုဗ်တို့ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ရှိနေပြီး လစ်ဗာပူးလ်ကတော့ အာဆင်နယ်ကွင်း အန်းမရိတ်စ်မှာ သွားရောက်ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်