နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ၆ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့တဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၀ – ၁ ဖူလ်ဟမ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာတော့ လစ်ဗာပူးလ်တို့ ဖူလ်ဟမ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ၀-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့သွားခဲ့ပါတယ်။ အခုရှုံးပွဲဟာ လစ်ဗာပူးလ်တို့ အတွက် ဒီရာသီ အိမ်ကွင်း ၆ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီး ဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်ပါ ဆုံးရှုံးရဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ်တို့ အခုပွဲမှာ ဆာဒီယိုမာနေး၊ မိုဆာလာ၊ ရှကီရီ၊ ကွင်းလယ်က ဝိုင်ဂျ်နယ်ဒမ်၊ နာဘီကိုင်တာ၊ မီလ်နာ၊ နောက်တန်းက ဝီလျံ၊ ဖီလစ်၊ ရိုင်းဝီလျံ၊ ရော်ဘတ်ဆန်၊ အလီဆွန်ဘေကာ တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဖူလ်ဟမ် ဘက်မှာတော့ ကာဗယ်လီရို၊ မာဂျာ၊ လွတ်ခ်မန်း၊ ရိဒ်၊ လာမီနာ၊ ဘော်ဘီရိဒ်၊ နောက်တန်းမှာ အင်နာ၊ အဒါယာဘိုင်အိုယို၊ အန်ဒါဆင်၊ တီတီ၊ အာရီယိုလာတို့နဲ့ ပွဲထွက်လာပါတယ်။ လစ်ဗာပူးလ်တို့ အခုတစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တာကလွဲရင် တခြားဘယ်လိုအခြေအနေမှာမှ ဖူလ်ဟမ်ကို အသာစီးရခဲ့ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ ဒီပွဲအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဖူလ်ဟမ်ကွင်းလယ်က လာမီနာ က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲချိန် ၄၅ မိနစ်မှာ တစ်ကိုယ်တော် စွမ်းရည်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးခဲ့ရပြီး နောက်ပိုင်းမှာ လစ်ဗာပူးလ်နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ မာနေး၊ ဖာဘင်ဟို၊ အာနိုးလ် တို့ကို ထည့်သွင်းပြီး ချေပဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့သလို နောက်ကျသွားခဲ့လို့ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ လစ်ဗာပူးလ် ခံစစ်က ပေါက်ပြဲနေခဲ့သလို တိုက်စစ်ကလည်း ဂိုးရဖို့ အားမထုတ်နိုင်ခဲ့တာကြောင့် သရေရလဒ် မပြောနဲ့ ရှုံးပွဲနဲ့သာ ထိုက်တန်ခဲ့တယ်လို့ ဆိုရပါမယ်။ ဖူလ်ဟမ်ကတော့ အခုပွဲမတိုင်ခင်က ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်းပဲ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ အားပါပါကစားခဲ့လို့ လစ်ဗာပူးလ်ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တာ တွေ့ရပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် အိမ်ကွင်း ၆ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ရတာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဖူလ်ဟမ်ကတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ရမှတ် လိုအပ်နေချိန်မှာ အဖိုးတန် ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲ ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ကတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ရမှတ် လိုအပ်နေချိန်မှာ အဖိုးတန် ပရီးမီးယားလိဂ် နိုင်ပွဲ တစ်ပွဲ ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ အခြေအနေကောင်းလာတဲ့ ဖူလ်ဟမ်

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ အာဘီလိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ကစားရဖို့ ရှိနေပြီး ဖူလ်ဟမ်ကတော့ မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်