နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျီဆုစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်ဦးဆောင်တဲ့ မန်စီးတီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၁ – ၀ ရှက်ဖီးလ်ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးတို့ ရှက်ဖီးလ်ယူနိုက်တက် ကို ၁-၀ ရလဒ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၉ မိနစ်မှာ ဂါဘရီရယ် ဂျီဆုစ် သွင်းယူပေးခဲ့တဲ့ သွင်းဂိုး ၁ ဂိုးဟာ မန်ချက်စတာစီးတီး အတွက် အနိုင်ရဖို့ လုံလောက်ခဲ့ပြီး ဒီရလဒ်ကြောင့်ပဲ အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို ၁ ပွဲလျော့ကစားပြီး ၃ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါပြီ။

အခုပွဲမှာတော့ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ၄-၁-၄-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂါဘရီရယ် ဂျီဆုစ်၊ ကွင်းလယ်မှာ ဖေးလ်ဖိုဒန်၊ ဖာရန်တောရက်စ်၊ ဘရာနာဒိုဆေးလ်ဗား၊ ဂွမ်ဒိုအန်၊ ဖာနန်ဒင်ဟို၊ နောက်တန်းမှာ ကိုင်လီဝေါလ်ကာ၊ ရူဘင်ဒီးရာ့ဇ်၊ လာပေါ့တ်၊ ဇင်ချန်ကို၊ အီဒါဆင်တို့ပါဝင်လာခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ဘက်မှာလည်း ဘာကီ၊ ဘရူးစတား၊ ဖလက်ခ်၊ လောင်းစတွမ်း၊ နောဝုဒ်၊ ဘက်ရှမ်း၊ ရမ်းစ်ဒေးလ် တို့ပါဝင်လာပြီး ၃-၅-၂ ကစားကွက်နဲ့ မန်ချက်စတာစီးတီးကို အကောင်းဆုံး ခံကစားနိုင်ဖို့ ပြင်ဆင်လာတာတွေ့ရပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်တက်ကြွနေပြီး အခုပွဲမှာလည်း အနိမ့်ဆုံး သရေတစ်မှတ် မျှော်လင့်ချက်နဲ့ ကစားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲအစ ၉ မိနစ်မှာတင် မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ တောင်ပံက ဖာရန်တောရက်စ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်ပြီး ဖန်တီးပေးပို့မှုကနေ ဂါဘရီရယ် ဂျီဆုစ်က အပိုင်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ မန်ချက်စတာစီးတီးက ဘရာနာဒို ဆေးလ်ဗား၊ ဂွမ်ဒိုအန်၊ ဇင်ချန်ကိုတို့ရဲ့ ကန်ချက်တွေကို ရှက်ဖီးလ်ယူနိုက်တက် ဂိုးသမား ရမ်းစ်ဒေးလ် လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲအပြီးမှာ ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီအတွက် ၁၇ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ မှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်

ဒီပွဲမှာ ပပ်ဂွာဒီယိုလာရဲ့ အသင်းက အမှတ်ပေးဇယားအောက်ဆုံးက အသင်းကို ၁-၀ ရလဒ်နဲ့ပဲ အနိုင်ရခဲ့တယ် ဆိုပေမယ့် ကောင်းမွန်တဲ့ ခြေစွမ်းတစ်ရပ်ကို ပြသသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ အခြေအနေတစ်ခုမှာ လုပ်သင့်လိုက်ထိုက်တာကို အကောင်းဆုံး လုပ်သွားနိုင်တယ်လို့ပဲ မြင်ပါတယ်။ မန်ချက်စတာစီးတီး တို့ရဲ့ အားသာချက်ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ အနိုင် ၃ မှတ် အတွက် မဖြစ်မနေ အားစိုက်ကစားလာတာ တွေ့ရပေမယ့် နည်းပြ ပပ်ဂွာဒီယိုလာအနေနဲ့ ကစားသမားတွေကို တတ်နိုင်သမျှ ပွဲမပန်းအောင် ပြင်ဆင်ထားပုံ ပေါ်ပါတယ်။ အခုပွဲမှာဆို မန်ချက်စတာစီးတီးတို့ ဖာရန်တောရက်စ်တစ်ဦးတည်းကိုပဲ ရိုဒရီနဲ့ လူစားလဲခဲ့ပြီး ဒါဟာလည်း ပွဲချိန် မိနစ် ၉၀ မှ ဖြစ်ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်း၊ တိုက်စစ်က အဂွဲရိုးနဲ့ နောက်တန်းက နေသန်အေခီ ဒဏ်ရာ ရရှိနေချိန်မှာ မန်ချက်စတာစီးတီး ကွင်းလယ်နဲ့ တိုက်စစ်က စွမ်းဆောင်ရည်ထွက်နေဆဲ ဖြစ်ပြီး ဒီပုံစံ အတိုင်းဆက်သွားမယ်ဆိုရင် ရာသီအကုန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတောင် သိမ်းပိုက်နိုင်မယ့် အခြေအနေဖြစ်နေပါတယ်။ အခုပွဲအပြီးမှာ ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီအတွက် ၁၇ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ မှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိပြီး ရှက်ဖီးလ်ယူနိုက်တက်ကတော့ ဘရာမောလိန်းမှာ ဝက်စ်ဘရွန်းနဲ့ တန်းဆင်းဇုန် တိုက်ပွဲ ဆက်နွှဲရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်