နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်တို့ ခြေစွမ်း ပိုကောင်းနေပေမယ့် အာဆင်နယ်ပဲ ကြိုက်တယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ လက်ရှိ တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ကောင်းနေလို့ SBOTOP ပရိသတ်တွေကို အိပ်ရေးပျက်ရကျိုးနပ်စေပါလိမ့်မယ်။ လက်တလော ခြေစွမ်းအရ နှစ်သင်းစလုံး အတက်ဘက်မှာ ရောက်နေလို့ နည်းစနစ်ပိုင်း ရွေးချယ်မှု မှန်ကန်တဲ့ အသင်းက အသာရသွားမယ်လို့ ထင်ပါတယ်။

အာဆင်နယ်တို့ လက်ရှိမှာ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် မျှမျှတတ ကစားနိုင်တာ တွေ့နေရပြီးတော့ ရလဒ်တွေလည်း တောက်လျောက် ကောင်းနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ၁၆ မှတ်အထိ ယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ပြန်လည်ရောက်ရှိလာပါတယ်။ ဒါ့အပြင် မီခယ်အာတေးတားရဲ့ အသင်းက လက်ရှိမှာ ပွဲ ၂၀ ကစား၊ ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၈ ပွဲရှုံးနိမ့်ပြီး ရမှတ်  ၃၀ ရရှိထားတာကြောင့် အဆင့် ၄ နေရာက အသင်းနဲ့ ၇ မှတ်သာ ကွာဟပါတော့တယ်။ လူငယ်ကစားသမားတွေ ခြေစွမ်းပြနေပြီး တစ်ပွဲထက် တစ်ပွဲ အမှားနည်းနည်းနဲ့ သွင်းဂိုးတွေ ခပ်များများ သွင်းယူလာနိုင်တာလည်း တွေ့ရပါတယ်။ တစ်ချက်ရှိတာက လက်ရှိ ပွဲထွက်လူစာရင်း ဖြစ်ပြီး အဓိက တိုက်စစ်မှူး အော်ဘာမီယန်း မိသားစု ကိစ္စရှိနေလို့ ပါဝင်လာနိုင်ဖို့ မသေချာတဲ့ အပြင် ဆယ်ဘာလော့စ်၊ စမစ်ရိုးဝ်၊ တီယာနီ၊ အိုဒီဂတ်၊ မာရီတို့လည်း ဒဏ်ရာပြသနာ အသီးသီးရှိနေလို့ အသင်းလိုက်ကစားပုံမှာ အားနည်းချက် ရှိလာနိုင်ပါတယ်။ တစ်ချက်ရှိတာက အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိခဲ့ပဲ ၃ ပွဲအနိုင်ရပြီး ၂ ပွဲပဲ သရေကျခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း ၁၀ ပွဲကစားရာမှာ ၈ ပွဲနိုင် ၂ ပွဲသရေကျပြီး ရှုံးပွဲလုံးဝမရှိထားလို့ အားရစရာပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ကတော့ လက်တလောမှာ အသင်းလိုက်ကစားပုံ တည်ငြိမ်နေပြီး ကွင်းလယ်က ပေါ့ဘာ အနေနဲ့ အသင်းကို အကောင်းဆုံး ထိန်းကြောင်းနေသလို ဂိုးတွေလည်း သွင်းပေးနေပါတယ်။ ပေါ့ဘာနဲ့ အပြိုင် ဘရူနိုဖာနန်ဒက်စ်ကလည်း အမှားနည်းနည်းနဲ့ အသင်းအတွက် အကျိုးပြုနေတာကြောင့် ယူနိုက်တက်တို့ နိုင်ပွဲ တစ်ပွဲရဖို့ မခက်ခဲတော့တော တွေ့ရပါတယ်။ တစ်ခုပြန်စဉ်းစားရမှာက နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲမှာ သူ့ရဲ့ နည်းစနစ်ပိုင်း အမှားအယွင်း တစ်ခုကြောင့် ရမှတ် ဆုံးရှုံးထားခဲ့ရပါတယ်။ လူငယ်နည်းပြ နှစ်ဦးရဲ့ ရည်ရွယ်ချက်က တူညီနေသလို ခံစစ်ကို အခိုင်အမာ တည်ဆောက်ချင်နေချင်ပြီး ယူနိုက်တက်တို့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်က အာဆင်နယ်ထက် အနည်းငယ် ပိုပြီး တည်ငြိမ်နေပါတယ်။ ယူနိုက်တက်တို့ အာဆင်နယ်နဲ့ နောက်ပိုင်းတွေ့ဆုံမှုတိုင်းမှာ အသာစီးမရတော့လို့ ဆိုးလ်ရှား အနေနဲ့ ရလဒ်ဆိုးတွေ ချေဖျက်နိုင်ဖို့ အခုပွဲမှာ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာပါလိမ့်မယ်။ ဒါ့အပြင် အခုပွဲမှာသာ ရလဒ်ပိုင်း ထပ်ပြီး ယိမ်းယိုင်ခဲ့မယ်ဆိုရင် ထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ရမှတ်ကွာဟချက်များလာနိုင်လို့ ယူနိုက်တက်တို့ အသေးအဖွဲကအစ အမှားခံမယ်မထင်ပါဘူး။ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း ၁၀ ပွဲကစားရာမှာ ၈ ပွဲနိုင် ၂ ပွဲသရေကျပြီး ရှုံးပွဲလုံးဝမရှိထားလို့ အားရစရာပါပဲ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီရာသီ ပထမအကျော့ အိုးထရက်ဖို့ဒ် မှာ ကစားခဲ့စဉ်တုန်းက အာဆင်နယ်တို့ အော်ဘာမီယန်းရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ မန်ချက်စတာယူနိုက်တက် ကို အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs မန်ချက်စတာ ယူနိုက်တက် 1X2 အာဆင်နယ် @ 2.85
ဇန်နဝါရီလ ၃၁ ရက်, ည ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၄၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး မန်ချက်စတာယူနိုက်တက်ကလည်း ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။ လက်ရှိ ခြေစွမ်းအရ မန်ချက်စတာယူနိုက်တက် တို့ ပိုပြီး တည်ငြိမ်နေပေမယ့် လူငယ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ရလဒ်တွေ ကောင်းနေတဲ့ အာဆင်နယ်ကို ပိုပြီးသဘောကျပါတယ်။ အကြိတ်အနယ် ကစားပြီး အာဆင်နယ်တို့ ၂-၁ လောက် ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်