နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားမခံမယ့် အေစီမီလန် ဘက်မှာ ရပ်တည်ကြမယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ – အေစီမီလန်

ဇန်နဝါရီလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာတော့ ဘိုလော့ဂ်နာနဲ့ အေစီမီလန်တို့ ကစားမယ့် စီးရီးအေပွဲစဉ် ရှိနေပြီး ဒီပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုခန့်မှန်း သုံးသပ်ချက်တွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။ လက်ရှိ စီးရီးအေ မှာ ဘိုလော့ဂ်နာတို့ ခြေစွမ်းအတက်အကျ မမှန်ဖြစ်နေလို့ အေစီမီလန်တို့ အနိုင် ၃ မှတ် ရဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပြီး ပီအိုလီရဲ့ မီလန်သားတို့ လက်လွှတ်ခံမယ် မထင်ပါဘူး။

ဘိုလော့ဂ်နာတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ ပွဲစဉ် ၁၀ ကနေ ၁၇ အထိ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဟဲလက်စ်ဗီရိုနာနဲ့ပွဲမှာ နိုင်ပွဲပြန်လည် ရှာတွေ့ခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ ဂျူဗင်တပ်စ်ကို ပြန်လည်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက မူဆာဘာရိုး ဦးဆောင်နေတဲ့ ဘိုလော့ဂ်နာရဲ့ တန်ပြန်တိုက်စစ် ကစားပုံက အားရစရာကောင်းနေပြီး အသင်းကြီးတွေကိုတောင် အချိန်မရွေး ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။ လက်ရှိ စီးရီးအေ မှာ ၁၉ ပွဲကစားပြီး ၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၉ ပွဲရှုံးနိမ့်ထားလို့ ရမှတ် ၂၀ နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။

ဘိုလော့ဂ်နာတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ဘိုလော့ဂ်နာ

အေစီမီလန်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အသင်းလိုက်ကစားပုံ ဟန်ချက် အနည်းငယ် ပျက်နေပုံပေါ်ပါတယ်။ အေစီမီလန်တို့ တိုက်စစ်က ဇလာတန် အီဗရာဟီမိုဗစ်ကို မှီခိုလွန်းနေတာကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးရဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။ စီးရီးအေ မှာတော့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရှုံးပွဲ ၂ ပွဲအထိ ရှိထားတာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်နဲ့တောင် ၂ မှတ်ပဲ ကွာတဲ့ အနေအထားအထိ ရောက်ရှိလာခဲ့ပါတယ်။ ၁၉ ပွဲကစားပြီးချိန်မှာ ၁၃ ပွဲအထိ အနိုင်ရရထားပြီး ၄ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားလို့ ရမှတ် ၄၃ မှတ် ရရှိထားပါတယ်။ အေစီမီလန်တို့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲနိုင်၊ ၁ ပွဲသရေ ကျထားပြီး ရှုံးပွဲလုံးဝမရှိလို့ အားရစရာတော့ ကောင်းနေပါတယ်။ လက်ရှိ အသင်းမှာ ဘရာဟင်ဒီးရာ့ဇ် ဒဏ်ရာ ထပ်ရသွားလို့ အေစီမီလန်ကွင်းလယ်က အားနည်းနေနိုင်ပြီး ချဟန်နောဂလူ၊ ရှားတို့လည်း ဒဏ်ရာပြသနာတွေကြောင့် အခုပွဲမှာ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာအရ ပြန်ကြည့်မယ်ဆိုရင် အေစီမီလန်တို့ ၂၃ ကြိမ်အထိ အနိုင်ရထားပြီး ဘိုလော့ဂ်နာကတော့ ၅ ကြိမ်ပဲ ပြန်လည်အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အေစီမီလန်က ၂ ကျော့စလုံး အနိုင်ရထားပြီး ဒီရာသီ ပထမအကျော့မှာတော့ အေစီမီလန်က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘိုလော့နာ vs အေစီမီလန် 1X2 အေစီမီလန် @ 1.86
ဇန်နဝါရီလ ၃၀ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၈၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘိုလော့ဂ်နာတို့ တိုက်စစ်က စွမ်းဆောင်ရည် မဆိုးပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် အလိုလို စွမ်းဆောင်ရည်ကျသွားတတ်လို့ အခုပွဲမှာလည်း အေစီမီလန်ကို ယှဉ်ကစားဖို့ ခက်ခဲပါလိမ့်မယ်။ ဇလာတန် ဦးဆောင်လာမယ့် တိုက်စစ်ကို ယုံကြည်ပြီး အေစီမီလန် ဘက်မှာပဲ ရပ်တည်ကြမယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်