နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ သွင်းဂိုး ၇၆၀ ပြည့်ပြီး ပီယာလိုအတွက် ပထမဦးဆုံး ဖလားယူပေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို – အီတလီစူပါဖလား ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၂ – ၀ နာပိုလီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စူပါကိုပါအီတလီယာ(အီတလီစူပါဖလား) ဗိုလ်လုပွဲမှာတော့ ဂျူဗင်တပ်စ်တို့ တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒို၊ မိုရာတာတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ နာပိုလီကို အနိုင်ရပြီး ဒီရာသီအတွက် ပထမဆုံးဆုဖလား တစ်လုံး စတင်ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ သွင်းဂိုး ၇၆၀ ပြည့်ခဲ့ပြီး ဘောလုံးသမိုင်း တစ်လျောက် ဂိုးအများဆုံး သွင်းယူနိုင်သူဖြစ်လာခဲ့သလို နည်းပြ ပီယာလို အတွက်လည်း နည်းပြဘဝ ပထမဦးဆုံး ဆုဖလားအဖြစ် အီတလီစူပါဖလားကို စတင်ကိုင်မြှောက်နိုင်ခဲ့တယ်။

အစောပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းအတက်အကျ မမှန်ဖြစ်နေလို့ ရလဒ်တွေလည်း တည်ငြိမ်ခြင်းမရှိတဲ့ ဂျူဗင်တပ်စ်တို့ ဒီရာသီရဲ့ ပွဲဦးထွက်ပထမဦးဆုဖလားကို အရယူဖို့အတွက် လူစာရင်းအပြည့်အစုံနဲ့ နာပိုလီကို ရင်ဆိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ ကူလူဆက်ဗ်စကီးနဲ့ ရော်နယ်ဒိုကို တွဲဖက်ပြီး ကွင်းလယ်မှာ မက်ကင်နီ၊ အာသာ၊ ဘန်တန်ကာ၊ ချီယေဆာ၊ နောက်တန်းမှာ ကွာဒွာဒို၊ ချီလီနီ၊ ဘိုနူချီ၊ ဒန်နီလို၊ ဂိုးမှာ ဆက်ဇီနီတို့နဲ့ ပွဲထွက်လာပါတယ်။ ဖိအားတွေများနေတဲ့ ဂတ်တူဆိုကလည်း ပတက်ဂနာ၊ အင်စီဂနီ၊ ဇီလင်စကီး၊ လိုဇာနို၊ ဘာကာယိုကို၊ ဒမ်မီ၊ မာရီယိုရူအီ၊ ကိုလီဘာလီ၊ မန်နိုလက်စ်၊ ဒီလိုရန်ဇို တို့ကို အသုံးပြုခဲ့ပါတယ်။ ဖိအားကိုယ်စီနဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှုရသ ပေးခဲ့တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ နာပိုလီတို့ အဖွင့်ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ဂျူဗင်တပ်စ် ဂိုးသမား ဆက်ဇီနီရဲ့ လက်စွမ်းပြမှုကြောင့် ဒီလိုရန်ဇိုရဲ့ အားထုတ်မှုက အချည်းအနှီး ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုးရဖို့ ပိုပြီး အားစိုက်ကစားလာတာကြောင့် ပွဲကပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ် အရောက်မှာတော့ အားလုံးမျှော်လင့်နေတဲ့ အတိုင်း ခရစ္စတီယာနို ရော်နယ်ဒိုက ထောင့်ကန်ဘော ကနေ တစ်ဆင့် ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ဂျူဗီအတွက် ဦးဆောင်ဂိုး စတင်ရယူပေးခဲ့တယ်။ အဲ့နောက်မှာတော့ နာပိုလီတို့ ချေပဂိုးရဖို့ အတွက် လော်ရန်တေး၊ ဒရိုင်းမာတန်းစ်၊ အဲလ်မက်စ်၊ ပိုလီတာနို တို့ကို လူစားဝင်ကစားစေခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ပဲ ပွဲကို ထိန်းကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် မိနစ် ၈၀ မှာ နာပိုလီတို့ VARရဲ့ လက်ဆောင် ပင်နယ်တီ ရရှိခဲ့ပေမယ့်လည်း အင်စီဂနီ အံ့အားသင့်ဖွယ် လွဲချော်ခဲ့လို့ ဂျူဗင်တပ်စ်တို့ သက်သာရာရခဲ့သလို ရှက်ဇီနီရဲ့ လက်စွမ်းပြ ကာကွယ်မှုကြောင့် နာပိုလီတို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ပွဲပြီးလို့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ကွာဒွာဒို ထိုးပေးတဲ့ဘောလုံးကို တိုက်စစ်မှူး အဲလ်ဗာရိုးမိုရာတာက အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့လို့ ပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး ၂၀၂၀-၂၁ ခုနှစ်အတွက် အီတလီစူပါဖလားကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ အများစုပါဝင်နေတဲ့ ဂျူဗင်တပ်စ်ကို နာပိုလီတို့ မယှဉ်နိုင်ခဲ့ပဲ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ရရှိမယ့် အီတလီစူပါဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။
အီတလီစူပါဖလားကို ၂ ကြိမ်ရရှိထားတဲ့ နာပိုလီ

အခုပွဲမှာ ဂျူဗင်တပ်စ်တို့ ပြီးခဲ့တဲ့ စီးရီးအေရှုံးပွဲကြောင့် ဖိအားအနည်းငယ်နဲ့ ကစားခဲ့ရပေမယ့် နာပိုလီကတော့ နိုင်ပွဲဆက်နေလို့ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ပွဲကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ အများစုပါဝင်နေတဲ့ ဂျူဗင်တပ်စ်ကို နာပိုလီတို့ မယှဉ်နိုင်ခဲ့ပဲ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ရရှိမယ့် အီတလီစူပါဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ ဂျူဗင်တပ်စ် ကတော့ အီတလီစူပါဖလားကို ၉ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပြီး အသင်းအတွက်ရော နည်းပြ ပီယာလိုအတွက်ပါ ဖိအားတွေ အထိုက်အလျောက် လျှော့ချနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သွင်းဂိုး ၁ ဂိုး ထပ်မံရရှိခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝ OFFICIAL သွင်းဂိုး ၇၆၀ ပြည့်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူ ဖြစ်လာခဲ့သလို ဂျူဗင်တပ်စ်နဲ့အတူ ၄ လုံးမြောက်ဆုဖလားကို ရရှိခဲ့ပါတယ်။ နာပိုလီကတော့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ပင်နယ်တီလွဲချော်မှုက အသင်းအတွက် တော်တော်လေး နစ်နာခဲ့ပြီး ရှုံးနိမ့်ခဲ့ခြင်းရဲ့ တရားခံဟာ သူ့ကြောင့်ဖြစ်တယ်လို့ လက်ခံခဲ့တဲ့ အင်စီဂနီ တစ်ယောက် ပွဲအပြီးမှာ ချုံးပွဲချငိုကြွေးခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ် ကစားဖို့ရှိနေသလို နာပိုလီကတော့ ဟဲလက်စ် ဗီရိုနာနဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်