ဘရိုက်တန် vs လစ်ဗာပူးလ်
အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၈ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကစားမယ့် ဘရိုက်တန်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ပွဲကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ကြိုတင်ခန့်မှန်းသုံးသပ် ပေးသွားချင်ပါတယ်။
ဘရိုက်တန်တို့ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ အဝေးကွင်းမှာ အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဘရိုက်တန် ရဲ့ ကစားပုံဟာ အရင်ပွဲတွေနဲ့ စာရင် တော်တော်လေး ကောင်းမွန်ခဲ့တယ်လို့ ဆိုနိုင်ပြီး ခြေစွမ်းထက်မြတ်နေတဲ့ အက်စတွန်ဗီလာလို အသင်းကို ဗီလာပါ့ခ်မှာ အနိုင်ကစားနိုင် ခဲ့ပါတယ်။ ဘရိုက်တန်တို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေ၊ ဝက်စ်ဘရွန်းနဲ့ သရေ၊ တော့တင်ဟမ်ဟော့စပါးကို ၂-၁ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာတော့ အက်စတွန်ဗီလာ ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် မှာ ၉ ပွဲကစားပြီးချိန် အထိ ၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးပြီး ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် မှာ ဘရိုက်တန်တို့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်၊ တော့တင်ဟမ်ဟော့စပါး တို့လို အသင်းကြီးတွေကို ရှုံးနိမ့််ထားပြီး ခြေစွမ်း အလယ်အလတ် ရှိတဲ့ အသင်းတွေနဲ့ ကစားရာမှာတော့ အနိမ့်ဆုံး သရေ တစ်မှတ် ရရှိအောင် အားထုတ်ထားနိုင်တာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် မှာ ဘရိုက်တန် တိုက်စစ်က ရဂိုး ၁၃ ဂိုးအထိ ရရှိပြီး ခြေစွမ်းမဆိုးလှဘူး ပြောလို့ရပေမယ့် ခံစစ်ကတော့ ပေးဂိုး အများဆုံး အသင်း ၃ သင်းထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေပါတယ်။
လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အီတလီကလပ် အတ္တလန်တာ အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံကစားရပေမယ့် မထင်မှတ်ပဲ ၂ဂိုး ပြတ်နဲ့ အရေးနိမ့်ခဲ့လို့ အချိန်တော်တော်ကြာကြာ တင်ထားနိုင်တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းရှုံးပွဲမရှိ စံချိန်လည်း ပျက်ခဲ့ပါတယ်။ လက်ရှိ ဂျာဂျင်ကလော့ပ်ရဲ့ လစ်ဗာပူးလ် အသင်းမှာ အဓိက ပြသနာ တက်နေတာက ကွင်းလယ်နဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာရရှိနေတာ ဖြစ်ပါတယ်။ ခံစစ်က ဗန်ဒိုက်ချ်၊ အာနိုးလ်၊ ဂျိုးဂိုးမက်ဇ် တို့လို ကစားသမားတွေ ဒဏ်ရာရရှိနေလို့ တော်တော်လေး အားနည်းနေတဲ့ အပြင် ကွင်းလယ်က ဟန်ဒါဆင်က စပြီး နာဘီကိုင်တာ၊ အဲလ်ကန်တာရာ၊ ချိန်ဘာလိန် တို့လည်း ဒဏ်ရာရနေလို့ တိုက်စစ်က သွင်းဂိုးတွေ ရဖို့ ဖန်တီးပေးမယ့် ကစားသမားတွေ မရှိဖြစ်နေရပါတယ်။ ဒီကစားသမားတွေ အနေနဲ့ အခုပွဲစဉ်မှာ ပါဝင်လာနိုင်မှာ မဟုတ်လို့ ကျိန်းသေပေါက် အားနည်းချက်တွေ ရှိလာဦးမှာ သေချာပါတယ်။ လစ်ဗာပူးလ်တို့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၉ ပွဲကစား၊ ၆ ပွဲနို်င၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက တော့တင်ဟမ်ဟော့စပါး နောက်မှာ ဂိုးကွာခြားချက် အကွာအရ ဒုတိယနေရာ ကနေ လိုက်နေပါတယ်။ လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရဂိုး ၁၁ ဂိုး အထိ ရရှိထားသလို ပေးဂိုးကတော့ ၃ ဂိုးပဲ ရှိထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဘရိုက်တန်နဲ့ လစ်ဗာပူးလ် ထိပ်တိုက်တွေ့ဆုံမှု ၃၁ ကြိမ်မှာ လစ်ဗာပူးလ်တို့ ၁၉ ကြိမ် အနိုင်ရထားပြီး ဘရိုက်တန် တို့ကတော့ ၄ ကြိမ်အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အန်ဖီးလ်မှာ လစ်ဗာပူးလ်တို့ ၂-၁ နဲ့ အနိုင်ရခဲ့သလို ဘရိုက်တန်ကွင်းမှာလည်း လစ်ဗာပူးလ်တို့ကပဲ ၁-၃ နဲ့ အနိုင်ရထားခဲ့ပါတယ်၊။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘရိုက်တန် vs လီဗာပူးလ် | 1X2 လီဗာပူးလ် @ 1.70 | |
နိုဝင်ဘာလ ၂၈ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀) |
1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၆၀ ဆ၊ ဧည့်သည်အသင်း အတွက်က ၁.၅၈ ဆနဲ့ သရေအတွက် ၃.၉၀ဆ ကြေးဖွင့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု အပိုင်းမှာရော လက်ရှိခြေစွမ်းပိုင်းအရရော နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘရိုက်တန်တို့ လစ်ဗာပူးလ်ကို ဘယ်လိုမှ မယှဉ်နိုင်တာတော့ အမှန်ပါပဲ။ လစ်ဗာပူးလ်မှာ လက်တလော အဓိက ကစားသမား တော်တော်များများ ဒဏ်ရာရနေလို့ အားနည်းနိုင်ပေမယ့် ဘရိုက်တန်လို အသင်းကို တော့ အဝေးကွင်းမှာတောင် အေးအေးဆေးဆေး အနိုင်ယူနိုင်စွမ်းရှိနေပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးပွဲကြောင့်လည်း လစ်ဗာပူးလ်တို့ ပိုပြီး ပေါက်ကွဲလာမှာပါ။ ထုံးစံအတိုင်း ကြိုးကြာနီတွေ ဘက်ကပဲ ရပ်တည်ပါ။ ဆန္ဒရှိသလောက် ပိုပြီး ဖိထိုးစေချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.