နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံးလူစာရင်း၊ အကောင်းဆုံးကစားပုံနဲ့ ဂိုးပြတ်အနိုင်ရတဲ့ ယူနိုက်တက် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၄-၁ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယား

မနေ့ညက ကစားသွားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အစ္စတန်ဘူလ်တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယား ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ (၄-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီရလဒ် ကြောင့် ယူနိုက်တက်တို့ ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ်(၉)မှတ်နဲ့ အုပ်စု(H)ရဲ့အမှတ်ပေးဇယားကိုဆက်လက် ဦးဆောင် ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 

ပွဲစဉ် အကျဉ်းချုပ်

ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးလ်ရှား အနေနဲ့ မနေ့ညက တော်တော်လေးအားရစရာ ကောင်းတဲ့ လူစာရင်းနဲ့ အတူ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့နဲ့ ပွဲစဉ်တွေကျန်ရှိနေသေးတဲ့ အခြေအနေမှာ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ စိတ်မချရသေးလို့ ယူနိုက်တက်တို့ဟာ ဒီပွဲစဉ်မှာ တိုက်စစ်ဖွင့် ကစားလာခဲ့ပါတယ်။ ဖရက်ဒ်နဲ့ ဗန်ဒီဘီခ် အတွဲကို ကွင်းလယ်အထိုင်နေရာမှာ ခင်းကျင်းလာတဲ့ ဆိုးလ်ရှားရဲ့ အခင်းအကျင်းဟာ တော်တော်လေး လှတယ်လို့ပြောရမှာဖြစ်ပြီး ဗန်ဒီဘီခ့်ရဲ့ နေရာလွတ် ရှာဖွေပေးမှုတွေကြောင့် ဖာနန်ဒက်စ် အနေနဲ့ တိုက်စစ်ပိုင်းမှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ယူနိုက်တက်တို့ တိုက်စစ်မှူး ကာဗာနီကို အထောင်တိုက်စစ်မှူး နေရာမှာထားပြီး ရက်ဖို့ဒ်နဲ့ မာရှယ်ကို တောင်ပံတွေမှာ ကစားစေခဲ့ပြီး သွင်းဂိုးတွေ ရရှိဖို့ ပြင်ဆင်လာတယ်ဆိုတာ သိသာပါတယ်။ နောက်ခံလူ တဲလက်စ်ရဲ့ ဖြတ်တင်ပေးပို့မှုတွေကလည်း အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယား နောက်ခံလူတွေ ကို အလုပ်များစေခဲ့တာပါ။ ယူနိုက်တက်တို့ဟာ ပွဲအစ(၇)မိနစ်မှာတင် အဖွင့်ဂိုး စောစောစီးစီးရရှိခဲ့ပြီး ဖာနန်ဒက်စ်က လှလှပပ သွင်းယူပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့နောက်မှာလည်း ယူနိုက်တက်တို့ပဲ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ တောက်လျောက် ပြုလုပ်ခဲ့ပြီး (၁၆)ကြိမ်အထိရှိခဲ့သလို အခွင့်အရေး ဖန်တီးမှုကလည်း (၁၃)ကြိမ်အထိရှိခဲ့တာတွေ့ရပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၁၉ မိနစ်မှာ ဖာနန်ဒက်စ်၊ ၃၅ မိနစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ် နဲ့ ပွဲချိန် မိနစ် ၉၀ +၂ မှာ ဒန်ဂျိမ်းစ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စတန်ဘူလ် တို့အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၅ မိနစ်မှာ တူရပ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် အုပ်စု (H) ရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်သွားခဲ့ပါတယ်။
 

ပွဲပြီး သုံးသပ်ချက်

ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် အုပ်စု (H) ရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (H) အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယား

ဒီပွဲမှာ ကွင်းလယ်က ပေါ့ဘာ နေရာမှာ ဝင်ကစားခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ် ရဲ့စွမ်းဆောင်ရည် တော်တော်လေး ကောင်းခဲ့တာ တွေ့ရပြီး သူ့ကြောင့်လည်း ဖာနန်ဒက်စ် အနေနဲ့ တိုက်စစ်ကို ပိုမို ဖိအားပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ နောက်ပြီး ဆိုးလ်ရှားရဲ့ မနေ့ညက လူထုတ်ပုံ မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပြီး ရက်ဖို့ဒ်၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်၊ ဖာနန်ဒက်စ်၊ ကာဗာနီနဲ့ မာရှယ်တိုက်စစ်စုဖွဲ့မှုပိုင်းက တော်တော်လေး အားရစရာ ကောင်းခဲ့သလို ဆိုးလ်ရှားအနေနဲ့ ဘယ်အသင်းနဲ့ တွေ့ရင် ဘယ်လိုပုံစံနဲ့ ကစားရမယ်ဆိုတာကို အသေအချာ နားလည် သဘောပေါက်ခဲ့တဲ့ သဘောမှာ ရှိပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ မန်ချက်စတာယူနိုက်တက် တို့ ဆောင်သမ်တန်နဲ့ ကစားရဖို့ ရှိနေပြီး နောက်တစ်ပတ်မှာတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ဆက်ကစားဖို့ ရှိပါတယ်။ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားကတော့ လာမယ့် စနေနေ့မှာ ဒန်နစ်ဇ်လစ်ဇ်ပေါ နဲ့ လိဂ်ပွဲစဉ် ကစားဖို့ ရှိနေသလို ကြားရက်မှာတော့ လိုက်ပ်ဇစ် အသင်းကို အိမ်ကွင်းမှာ ချန်ပီယံလိဂ် ပွဲစဉ် လက်ခံကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်