နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေတစ်မှတ်စီခွဲယူဖို့များနေတဲ့ စိန့်နဲ့ တော်ဖီတို့ရဲ့ ပရီးမီးယားလိဂ်အားပြိုင်ပွဲ

ဆောက်သမ်တန် vs အဲဗာတန်

အောက်တိုဘာလ ၂၅ ရက်နေ့ စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ် ဆောက်သမ်တန်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားဖို့ရှိပြီး ခြေတက်နေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုလည်း ဖြစ်လို့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

အိမ်ရှင် ဆောက်သမ်တန်တို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးလို အသင်းကို ပွဲအစပိုင်းမှာ ၃ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာကနေ ပွဲပြီးခါနီးမှ ချေပဂိုးတွေ တောက်လျောက်ပြန်သွင်းပြီး စတန်းဖို့ဒ်ဘရစ်ချ်ကနေ အဖိုးတန် သရေတစ်မှတ် အရ ပြန်ယူထားခဲ့ပါ တယ်။ ဆောက်သမ်တန်မှာ တိုက်စစ်မှူး ဒန်နီအင့်ဂ် အပြင် ချီအက်ဒမ်စ်၊ တောင်ပံက ရက်ဒ်မွန်၊ ရိုမီရူ၊ သီယိုဝေါလ်ကော့၊ ဗက်စတာဂတ်၊ ဘာထရန်တို့ စုစည်းမှု အားကောင်းကောင်းနဲ့ နိုင်ပွဲတွေ ပြန်ရနေပါတယ်။ ရာသီအစမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီး ခရာဘောင်ဖလားပွဲစဉ်မှာလည်း ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ်ကိုတောင် အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါ တယ်။ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်မှာလည်း တော့တင်ဟမ်ကို အိမ်ကွင်းမှာ ၂-၅ နဲ့ အရေးနိမ့်ခဲ့လို့ နည်းပြ ဟတ်ဆန် ဟတ်တဲလ် ကိုင်တွယ်နေတဲ့ စိန့်တို့ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲစဉ် ၃ က စလို့ ဘန်လေကို အဝေးကွင်းမှာ အနိုင်ကစားခဲ့သလို တန်းတက် ဝက်စ်ဘရွန်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရပြီး နောက်ဆုံးပွဲမှာတော့ ချဲလ်ဆီးကွင်းမှာ ၃ဂိုးစီ သရေကစားနိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် အရင်က ဒန်နီအင့်ဂ် တစ်ဦးတည်း ကို အားကိုးခဲ့ရတဲ့ ဆောက်သမ်တန်တို့ နည်းပြ ဟတ်ဆန်ဟတ်တဲလ် ရဲ့နည်းစနစ်အောက်မှာ အသင်းလိုက် ကစားပုံ ပြန်ကောင်းလာပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေကိုတောင် ပြန်ပြီး ခံကစားနိုင်တဲ့ အနေအထား မျိုး ရှိနေပါပြီ။ နောက်ပြီး သီယိုဝေါလ်ကော့ မိခင် ကလပ်မှာ အငှားနဲ့ပြန် ကစားနေရတဲ့ အတွက် ခံစားချက်ကောင်းတွေကို ရနေတာကို မြင်တွေ့ရပြီး ခြေစွမ်းလည်းပြ နေပါ တယ်။ အခုပွဲမှာလည်း ၃ရာသီလောက် ဖြတ်သန်းခဲ့တဲ့ အသင်းဟောင်း အဲဗာတန်နဲ့ ထိပ်တိုက်ပြန်တွေ့နေတာ မို့လို့ ဝေါလ်ကော့ ဘာတွေထပ်ပြီး လုပ်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 
နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ မနှစ်က အားရစရာသိပ်မရှိခဲ့တဲ့ အဲဗာတန်တို့ အခုနှစ်မှာတော့ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ပြသထားနိုင်သလို လက်ရှိပရီးမီးယားလိဂ်မှာလည်း ၅ပွဲကစား၊ ၄ပွဲနိုင်၊ ၁ပွဲသရေကျပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်လို ကမ္ဘာ့အဆင့်ရှိ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာ အပြင် တိုက်စစ်က ဒေါမနစ်ကလဲဗက်လီဝင်း၊ ကွင်းလယ်က ဒူကိုရေး၊ အဲလန်၊ ဒစ်ဂနေး၊ မိုက်ကယ်ကိန်းတို့ ခြေစွမ်းပြနေလို့ တော်တော်လေးကို တောင့်တင်းနေတဲ့ အသင်းတစ်သင်းလို့ ပြောလို့ရပါတယ်။ တိုက်စစ်က ဒေါမနစ်ကလဲဗက်လီဝင်း ရဲ့ ဂိုးသွင်းစွမ်းရည်တော်တော်လေး ထက်မြတ်နေတာတွေ့ရပြီး အခုနှစ်ထက် ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ဂိုးသွင်းထားသလို ရဂိုး ၇ဂိုးအထိ ရှိထားပါတယ်။ ဆရာဟောင်း ရှိရာအရပ်ကို လိုက်လာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ၅ပွဲကစား ၃ဂိုးသွင်းပြီး ၃ဂိုးဖန်တီးပေးနိုင်တာတွေ့ရပြီး အဲဗာတန်ရဲ့ အသက်သွေးကြောလိုတောင် ဖြစ်လာပါတယ်။ လစ်ဗာပူးလ်နဲ့ နောက်ဆုံးပွဲမှာ ဂူဒီဆင်ပါ့ခ်မှာ ကံကောင်းလို့ သရေတစ်မှတ်ရခဲ့တယ်ဆိုပေမယ့် တိုက်စစ်စတင်တဲ့ နေရာမှာ အားရစရာကောင်း တော်တော်လေးကောင်းပြီး ခေါင်းတိုက်သွင်းဂိုးတွေကနေ သွင်းဂိုးအများဆုံးရထားတဲ့ အဲဗာတန်တို့ ကတော့ လာမယ့်ပွဲစဉ် တော်တော်များများအထိ အကောင်းဆုံးပုံစံ မြင်တွေ့ရဦးမှာပါ။ အဓိကကစားသမားတွေ ဒဏ်ရာ ပြသနာရှိလာရင် နည်းပြကြီး အန်ဆယ်လော့တီ အခက်တွေ့နိုင်ပါတယ်။ လာမယ့်‌ ဆောက်သမ်တန်နဲ့ ပွဲကတော့ အဲဗာတန် အတွက် အတိုင်းအတာ တစ်ခုအထိ အဖြေထုတ်ပေးမယ့်ပွဲဆိုရင်လည်း မမှားပါဘူး။

ပရီးမီးယားလိဂ် အသင်းကြီးတွေကိုတောင် ပြန်ပြီး ခံကစားနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ။
နောက်ဆုံး ၅ပွဲမှာ ၂ ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ပွဲရှုံးထားတဲ့ ဆောက်သမ်တန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင် ဆောက်သမ်တန်နဲ့ အဲဗာတန်တို့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ တွေ့ဆုံမှု ၁၇ ကြိမ်မှာ စိန့်တို့က ၅ကြိမ်အနိုင်ရပြီး အဲဗာတန်က ၇ကြိမ်အနိုင်ရထားပါတယ်။ သရေရလဒ်ကတော့ ၅ကြိမ်ထွက်ပေါ်ထားပြီး စိန့်မေရီကွင်းမှာတော့ သရေရလဒ်နဲ့ ပွဲပြီးတာကတော့ ရှားပါတယ်။ မနှစ်က ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်မှာ အဲဗာတန်က စိန့်မေရီမှာ အနိုင်ရထားပြီး ဂူဒီဆင်ပါ့ခ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျထားခဲ့ပါတယ်။ ဆောက်သမ်တန် မှာ ဒီဂျန်ပို ပါဝင်လာနိုင်မှာ မဟုတ်ပဲ ခြေစွမ်းပြနေတဲ့ သီယိုဝေါ်လ်ကော့၊ စမောဘုန်း၊ ယန်ဗယ်လာရီ၊ ဆယ်လီဆူတို့လည်း ပါဝင် ကစားနိုင်ဖို့ မသေချာပါဘူး။ အဲဗာတန်မှာလည်း ရစ်ချာလီဆင် အနီကတ်ကြောင့် ပွဲပယ် ပြစ်ဒဏ် ကျခံရမှာဖြစ်ပြီး ဟောလ်ဂိတ် ကိုးလ်မန်းတို့လည်း ပြန်မကစားနိုင်သေးဘူးလို့ သိရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တန် vs အဲဗာတန် 1X2 သရေ @ ၃.၂၅ ဆ
အောက်တိုဘာလ ၂၅ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အတွက် ၂.၇၉ဆ ကြေးဖွင့်ပေးထားပြီး ဧည့်သည် အသင်းအတွက် ကိုတော့ ၂.၄၈ဆနဲ့ သရေအတွက်ကိုတော့ ၃.၂၅ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိခြေစွမ်းအရတော့ အဲဗာတန် တော်တော်လေး ခြေစွမ်းတက်နေတာ မှန်ပေမယ့် ဆောက်သမ်တန်ကလည်း ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို ဘယ်လိုပုံစံနဲ့ တုန့်ပြန်သွားလဲဆိုတာ အားလုံးသိပြီးသားပါ။ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ အဲဗာတန်တို့ အဝေးကွင်းနိုင်ပွဲရဖို့ ကြိုးပမ်းလာမှာ မှန်ပေမယ့် ဒီပွဲမှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်နေတဲ့ ဆောက်သမ်တန်ကို ပိုသဘောကျနေပါတယ်။ စိန့်မေရီကွင်းမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုပေမယ့် အဲဗာတန်တို့အတွက် သရေတစ်မှတ်ကပဲ အမြင့်ဆုံးမျှော်လင့်ချက် ဖြစ်လာနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်