နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ကစားပြီး ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်ရှာရမယ့် လစ်ဗာပူးလ်

လစ်ဗာပူးလ် Vs ရှက်ဖီးလ်ယူနိုက်တက်

အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေမှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး အောက်တိုဘာလ ၂၅ ရက်နေ့ မြန်မာ စံတော်ချိန် မနက် ၁နာရီခွဲ မှာ လစ်ဗာပူးလ်တို့ ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ကစားဖို့ ရှိနေပါတယ်။ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ လစ်ဗာပူးလ်တို့ ရာသီအစ ကတည်းက ရှုံးပွဲတွေဆက်ပြီး နလံမထူနိုင်သေးတဲ့ ရှက်ဖီးလ်ယူနိုက်တက် နဲ့ တွေ့ဆုံနေတာ ဖြစ်လို့ အနိုင် ၃မှတ် အတွက် မဖြစ်မနေ အားထည့်ကစားလာကြမယ့် ပွဲစဉ်လည်း ဖြစ်ပါ တယ်။

လစ်ဗာပူးလ်တို့ မနှစ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်ခဲ့တဲ့ ခြေစွမ်းကို ဒီရာသီမှာတော့ လုံးဝ ပြန်မတွေ့ရသေးပါဘူး။ လုံလောက်တဲ့ ကစားသမားခေါ်ယူဖြည့်တင်းမှု မလုပ်ခဲ့တဲ့ အကျိူးဆက် က လက်ရှိ ဗန်ဒိုက်ချ် နဲ့ အလီဆွန်ဘေကာတို့ နှစ်ဦး ဒဏ်ရာရသွားတဲ့ အချိန်မျိုးမှာ ပိုပြီး သိသာလာစေ ပါတယ်။ အစောပိုင်းမှာ ဂိုးသမားအက်ဒရီယန်ရဲ့ စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်တွေကြောင့် အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ စံချိန်တင် ဂိုးပြတ်ရှုံးခဲ့တယ် ဆိုပေမယ့် သေချာပြန်သုံးသပ်ကြည့်မယ် ဆိုရင် လက်ရှိမှာ ၅ပွဲပဲကစားရသေးတဲ့အချိန်မှာ ၁၃ဂိုးအထိပေးထားခဲ့ရတဲ့ ခံစစ်က တော်တော်လေးကို ညံ့တယ်လို့ ပြောရမယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်စုဖွဲ့မှု ဘယ်လောက်ပဲရှိရှိ ခံစစ်က ဂိုးတွေ တောက် လျောက် ပေးနေရရင် လက်ရှိ ချန်ပီယံတို့ အိတ်ပေါက်နဲ့ ဖားကောက်ပဲ ဖြစ်နေဦးမှာပါ။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား အက်ဒရီကာကွယ်နေတဲ့ ကြားက ဂိုးတွေ ပြန်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ စိတ်ပျက်စရာ အခြေအနေက မတ်တစ်ပ်၊ အယ်လီဆွန်၊ အဲလ်ကန်တာယာ တို့အပြင် ဗာဂလ် ဗန်ဒိုက်ခ် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး ကလော့ပ် အတွက် ခေါင်းကိုက်စရာ ကိစ္စ တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လစ်ဗာပူးလ်တို့ ၅ပွဲကစားပြီး ၃ပွဲနိုင် ၁ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၁၀မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃‌ နေရာမှာရပ်တည်နေခဲ့ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်ကတော့ ၂၀၂၀ ပရီးမီးယားလိဂ် စတင်ချိန် ကတည်းက နိုင်ပွဲ လုံးဝမရရှိသေး တဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲရှုံးပြီး ၁ပွဲသရေကျထားပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလားပွဲစဉ်မှာလည်း ဘန်လေကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာ ထားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ ပြိုင်ဘက်အသင်းတွေကို မာမာထန်ထန်နဲ့ အကောင်းဆုံး တုံ့ပြန်ကစားပြီး အမှတ်ပေးဇယား အထက် ပိုင်းမှာ ရပ်တည်နိုင်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီမှာတော့ ဆက်တိုက်ရှုံးပွဲတွေ ကြုံနေ တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာတော့ အိမ်ရှင်အသင်းက လွတ်ခ်မန်းရဲ့ ဦးဆောင်ဂိုးကို ရှက်ပ်က ပင်နယ်တီနောက်ကျဂိုးနဲ့ ချေပနိုင်ခဲ့လို့ ပွဲအပြီးမှာ တစ်မှတ်စီ ခွဲယူရင်း ဒီရာသီအတွက် ပထမဦးဆုံး ပရီးယားလိဂ် ရမှတ် စတင်ရရှိခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်တို့ နိုင်ပွဲမရ သေးဘူး ဆိုပေမယ့် ၅ပွဲကစားပြီးချိန်မှာ ခံစစ်က ပေးဂိုး ၇ဂိုးပဲ ရှိထားလို့ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ပေးဂိုး အနည်းဆုံး ၃သင်းထဲမှာ ပါဝင်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ လစ်ဗာပူးလ်ကို ရင်ဆိုင်ရမယ့် ပွဲစဉ်ကတော့ ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ လစ်ဗာပူးလ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ သမိုင်းတစ်လျှာက် ၁၃၈ကြိမ် တွေ့ဆုံခဲ့ပြီး လစ်ဗာပူးလ်က ၆၂ ကြိမ်အထိ အနိုင်ရထားပါတယ်။ ၄၅ကြိမ်ကတော့ သရေကျထားတာ တွေ့ရပြီး နောက်ပိုင်း နှစ်တွေမှာတော့ လစ်ဗာပူးလ်တို့ ရှက်ဖီးလ်ယူနိုက်တက်ကို အချိန်တော်တော် များများ အသာရထားခဲ့ပါတယ်။ မနှစ်ကတွေ့ဆုံမှု ၂ကြိမ်မှာတော့ နှစ်ကျော့စလုံး လစ်ဗာပူးလ်တို့ အနိုင်ရထားပါတယ်။ လစ်ဗာပူးလ်တို့ အန်ဖီးလ်မှာ ၂ဂိုးပြတ်နဲ့ အနိုင်ရပြီး ရှက်ဖီးလ်အိမ်ကွင်းမှာတော့ ၁ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် လစ်ဗာပူးလ်တို့ ရှက်ဖီးလ်ယူနိုက်တက် လွယ်လွယ်နဲ့ အနိုင်ရဖို့ မရခဲ့တာ သိနိုင်ပါတယ်။ လက်ရှိလစ်ဗာပူးလ်မှာ အယ်လီဆွန်အပါအဝင် ခံစစ်က ဗန်ဒိုက်ခ်၊ မတ်တစ်ပ် တို့အပြင် အိုလံပီယာကော့စ်ကနေ အသစ်ခေါ်ထားတဲ့ ကွန်စတန်တီနို ဆီမီကတ်စ်လည်း ဒဏ်ရာက မသက်သာသေးလို့ အခုပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။ အလ်ကန်တာရာ လည်း ဒဏ်ရာရသွားလို့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို ကွင်းလယ်က ချိန်ဘာလိန်လည်း နိုဝင်ဘာလအကုန်ထိ အနားယူရဦးမယ်လို့သိရပါတယ်။ ဧည့်သည် ရှက်ဖီးလ်ယူနိုက်တက် ကတော့ ဒဏ်ရာရ/ပွဲပယ်ကင်းနေပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လစ်ဗာပူးလ် Vs ရှက်ဖီးလ်ယူနိုက်တက် အချိန်ပြည့် 1×2 အိမ်ရှင် @ ၁.၂၅ဆ
အောက်တိုဘာလ ၂၅ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 မှာ အိမ်ရှင်ဘက်က ၁.၂၅ဆ၊ ဧည့်သည်ဘက်က ၉.၅၀ ဆနဲ့ သရေအတွက် ၆.၀၀ဆ ဆိုပြီး ကြေးဖွင့်လှစ် ထားပါတယ်။ လစ်ဗာပူးလ်တို့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အတွက် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲမှာ ကျိန်းသေ ပေါက်ကွဲပြ နိုင်ပါတယ်။ တိုက်စစ်မှာ ဖေမီနို၊ မာနေး၊ ဆာလာ့ တို့ ၃ ဦးစလုံးပါဝင်လာဖို့ ရှိနေလို့ ရှက်ဖီးလ် ယူနိုက်တက်ရဲ့ ခံစစ်က ဘယ်လောက်ပဲမာမာ ကျိန်းသေပေါက် ထိုးဖောက်နိုင်မှာပါ။ ဒီပွဲမှာ လစ်ဗာပူးလ်တို့ပဲ ၂ဂိုးပြတ် လောက်နဲ့ အနိုင်ရသွားမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်