နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်ကိုအနိုင်ယူပြီး ပရီးမီးယားလိဂ် ရလဒ်ကောင်းရှာဖွေမယ့် လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက် vs ဝုဗ်

အောက်တိုဘာလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁နာရီ မိနစ် ၃၀ မှာ ပရီးမီးယားဂ် ပွဲစဉ် ၅ရဲ့ နောက်ကျပွဲစဉ် တစ်ပွဲအဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ ဝုဗ်ဗာဟမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ခြေစွမ်းထက်မြတ်နေတဲ့ တန်းတက်လိဒ်စ်ယူနိုက်တက်နဲ့ ခြေအနည်းငယ်ပြန်ကျနေတဲ့ ဝုဗ်အသင်းတို့က ထိပ်တိုက် တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့လို့ SBOTOP ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ ပါ။

၁၆နှစ်အကြာမှ တန်းပြန်တက်လာတဲ့ လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ၄ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး၊ ရမှတ် ၇မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာရပ်တည်နေ ပါတယ်။ အဆင့် ၉ ဆိုပေမယ့် အခုပွဲမှာသာ ရလဒ်ကောင်းတစ်ခု စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ၅နေရာအတွင်းတောင် ရောက်သွားနိုင်ပါတယ်။ အာဂျင်တီးနား နည်းပြကြီး မာဆယ်လို ဘီရာဆာရဲ့ နှစ်နှစ်ကျော် အချိန်ယူ တည်ဆောက်ထားခဲ့တဲ့ လိဒ်စ်တို့ တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး နိုင်လိုစိတ်ပြင်းပြင်းနဲ့ ယှဉ်ပြိုင်ကစားနေ တာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် တကျော့ပြန် လိဒ်စ်ယူနိုက်တက်နဲ့ ပတ်သတ်လို့ ဘောလုံးကျွမ်းကျင်သူ တော်တော်များများက သိပ်ပြီး မမျှော်လင့်ထားခဲ့ပေမယ့် လက်ရှိ လိဂ်ပွဲစဉ် ၄ပွဲကစားအပြီးမှာတော့ အကောင်းဆုံး စုဖွဲ့မှုနဲ့အတူ ပြိင်ဘက်အသင်းတိုင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်တယ်ဆိုတာ သက်သေပြထားခဲ့ ပြီးပါပြီ။ လိဒ်စ် တို့ အခုနှစ်မှာ ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျပြီး တစ်ပွဲရှုံးထားတယ် ဆိုပေမယ့် မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်နဲ့ အဆင့် ၂ နေရာက မန်စီးတီးတို့လို အသင်းတွေကို သူတင်ကိုယ် တင် ကစားနိုင်ခဲ့တာ တွေ့ရ ပါတယ်။ ပွဲဦးထွက်မှာ ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တွေပါတဲ့ လစ်ဗာပူးလ်ခံစစ်ကို ၃ဂိုး ပြန်သွင်းနိုင်ခဲ့တဲ့အပြင် မန်စီးတီးနဲ့ပွဲ မှာလည်း တစ်ပွဲလုံး ဂိုးပေါက်တည့်မှု ၇ ကြိမ် အထိရှိခဲ့တာ တွေ့ရပါတယ်။ နောက်ပွဲစဉ်နှစ်ပွဲမှာတော့ ဖူလ်ဟမ်ကို အိမ်ကွင်းအဲလန်ရုဒ်မှာ  ဧည့်ခံကစားပြီး ၄-၃ နဲ့အနိုင်ရခဲ့သလို ကစားရခက်တဲ့ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားပြီး ၁-၀ နဲ့ အနိုင် ရရှိထားခဲ့ပါတယ်။ အခုပွဲစဉ်ကတော့ လိဒ်စ်ယူနိုက်တက်အသင်းအတွက် နောက်ထပ် အခက်အခဲတစ်ခု ဖြစ်လာနိုင် ပြီး ဝုဗ်တို့ ခြေပြန်ကျနေတယ်ဆိုပေမယ့် ကြီး ၆ ကြီးပြီးရင် အကောင်းဆုံးအသင်း ဖြစ်နေဆဲမို့လို့ အဖြူရောင်တပ်သားတို့ ပိုပြီးအားစိုက်ဖို့ လိုအပ်နေပါတယ်။

ြီးခဲ့တဲ့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်မှာတော့ အသင်းရဲ့ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့‌ပါတယ်။
ပွဲစဉ် ၄ပွဲအပြီး ၂ပွဲနိုင်၊ ၂ပွဲရှုံးနဲ့ အဆင့် ၁၅‌ နေရာမှာရပ်တည်နေတဲ့ ဝုဗ်

အဲလန်ရုဒ်မှာ လာရောက်ကစားမယ့် ဝုဗ်ဟာ ဒီနှစ်ပိုင်းထဲမှာ ခြေစွမ်းတက်လာပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်မှာတော့ အသင်းရဲ့ အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့‌ပါတယ်။ နည်းပြ ဆန်းတို့စ်ရဲ့ ဝုဗ်အသင်းဟာ အသင်းလိုက် ကစားပုံတော်တော်လေးကောင်းတာ တွေ့ရပြီး မနှစ်က ယူရိုပါလိဂ်မှာ ရှုံးထွက် အဆင့်ထိတောင်ရောက်ရရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်က ပရီးမီးယားလိဂ်မှာ အားနည်းသွားခဲ့လို့ အဆင့် ၇ နဲ့ ရာသီသိမ်းပြီး ဥရောပဖလားပြိုင်ပွဲ ဝင်ခွင့်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး ဝုဗ်တို့ ကစားပုံပျက်သွားခဲ့တာ ဒီရာသီအဖွင့်ပွဲစဉ်တွေ အထိပါပဲ။ နောက်ပြီး ဒိုဟာတီ နဲ့ ဂျော့တာလို ကစားသမားကောင်း တွေကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး တစ်ဖက်မှာတော့ ဖေဘီယိုဆေးလ်ဗား၊ ပိုဒန့်စ်၊ နလ်ဆင်ဆီမီဒိုတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့ပေမယ့် ခြေစွမ်းကတော့ အားရစရာ အနေအထားမှာမရှိသေးပါဘူး။ ၂၀၂၀ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့် နောက် ၃ရက်အကြာမှာကစားတဲ့ ခရာဘောင်ဖလားမှာ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးကို အိမ်ကွင်းမှာစရှုံးပါတယ်။ အဲ့ဒီနောက် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားခဲ့ပြီး အိမ်ကွင်းမှာ ပဲ ၁-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ဝက်စ်ဟမ်းနဲ့ အဝေးကွင်း ပွဲစဉ်မှာလည်း ၄ဂိုးပြတ်နဲ့ ရှံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့ ဖူလ်ဟမ်ကို နီတိုရဲ့ သွင်းဂိုး ၁ဂိုးတည်းနဲ့ အနိုင်ရပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်ထားနိုင်ခဲ့ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ ခုနှစ် ၂၀၁၇ ခုနှစ်အထိ ချန်ပီယံရှစ်မှာ ၁၀ ကြိမ်တွေ့ဆုံထားခဲ့ပါတယ်။ ဝုဗ်က ၅ကြိမ်အနိုင်ရပြီး လိဒ်စ်ယူနိုက်တက်ကတော့ ၄ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၁ပွဲပဲရှိခဲ့ပြီး ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေများလေ့ ရှိပါတယ်။ လိဒ်စ်မှာ ဘမ်းဖို့ဒ်၊ ကော်စတာ၊ ဂျက်ဟဲရစ်ဆင်၊ ကယ်ဗင်ဖီးလစ်၊ ကလစ်ချ်၊ လီယမ်ကူပါး၊ စတူးဝပ်ဒါးလက်စ်၊ လုခ်အိုင်လင်း တို့လို ကစားသမားကောင်းတွေအပြင်  ရာဖင်ဟာ၊ လော်ရန်တေး၊  ရိုဒရီ၊ ရော့ဘင်ကော့ချ် တို့လို ကစားသမားတွေ ကို ထပ်မံ ခေါ်ယူထားတာကြောင့် နည်းပြဘီရာဆာရဲ့ အသင်းဟာ တော်တော်လေး အင်အားတောင့်တင်း နေပါ တယ်။ ဝုဗ်မှာတော့ တိုက်စစ်က ဂျင်မီနက်ဇ် ဦးဆောင်ပြီး အဒမ်မာထရာအိုရေး၊ နီတို၊ ရူဘင် နားဗင်စ်၊ ဆီမီဒို၊ ကိုဒီ တို့ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို ပေါ်တူဂီ ဂိုးသမားကြီး ရူအီပက်ထရီစီယို လည်း လက်စွမ်းပြနေလို့ ခြေစွမ်းတက်နေတဲ့ လိဒ်စ်ယူနိုက်တက်ကို အကောင်းဆုံးရင်ဆိုင်နိုင်မှာပါ။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိဒ်စ်ယူနိုက်တက် vs ဝုဗ် အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၄၂ဆ
အောက်တိုဘာလ ၂၀ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က  ၂.၄၅ဆ၊ ဧည့်သည်ဘက်က ၂.၈၉ ဆနဲ့ သရေအတွက် ၃.၁၅ဆ ကြေး ဖွင့်ထား ပါတယ်။ လိဒ်စ်တို့ နာမည်ကျော် နည်းပြကြီး ဘီရာဆာ လက်ထက်မှာ တောက်လျောက် ခြေမှန်နေခဲ့ တာ ဟာ ချန်ပီယံရှစ်ကနေ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲအထိပါပဲ။ အသင်းကြီးတွေနဲ့ တွေ့ဆုံ ချိန်တွေမှာတောင် ရှိန်မနေပဲ ပြန်ပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ သက်သေလည်း ပြထားခဲ့ပြီးပါပြီ။ ဧည့်သည် ဝုဗ်တို့ မနှစ်ကခြေစွမ်းကောင်းသလောက် ဒီနှစ်မှာတော့ ဘယ်လိုမှကို အားရစရာမရှိသေးပါဘူး။ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန် ရှာတွေ့ခဲ့တယ်ဆိုပေမယ့် တစ်ဦးချင်းမှာရော အသင်းလိုက်ကစားပုံရော ကောင်းနေတဲ့ လိဒ်စ်ယူနိုက်တက် အဝေးကွင်းမှာ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နှစ်သင်းပေါင်းသွင်းဂိုးအများနဲ့ လိဒ်စ်ယူနိုက်တက်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်