နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အားရစရာ ခြေစွမ်း မရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တဲ့ အမြောက်တပ်သားများ

အာဆင်နယ် ၂ – ၁ ရှက်ဖီးလ်ယူနိုက်တက်

စူပါဆန်းဒေးရဲ့ အစောပိုင်း ပွဲစဉ်တစ်ပွဲမှာတော့ အာဆင်နယ်က ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။ ပြိုင်ဘက် ရှက်ဖီးလ်ယူနိုက်တက် ကတော့ ၄ ပွဲကစားပြီးချိန်မှာ ၄ပွဲစလုံး ရှုံးနိမ့်ပြီး အဆင့် ၁၉ နေရာမှာ ရပ်တည်နေသလို ပထမဦးဆုံး နိုင်ပွဲရရှိဖို့ အတွက် ရုံးကန်နေရဆဲ ဖြစ်ပါတယ်။

 

ပွဲမှတ်တမ်း နဲ့  အချက်အလက်များ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ အာဆင်နယ် ကတော့ အခုပွဲမှာ ခြေစွမ်း ကျဆင်းနဲ့ ရှက်ဖီးလ်ယူနိုက်တက် ကို အနိုင်ကစားပြီး ကျိန်းသေပေါက် ၃ မှတ်အပြည့်ရဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ နည်းပြအာတေးတား အနေနဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲတချို့ပြုလုပ်ပြီး ကွင်းလယ်က ရှာကာ နေရာမှာ အယ်နန်နီ နဲ့ ဆယ်ဘာရော့စ်တို့ကို တွဲပေးပြီး တိုက်စစ်မှာ လာကာဇက်ကို အနားပေးခဲ့သလို လူငယ်တိုက်စစ်မှုး အန်ကတ်တီယာ့ကို အထောင် ကစားစေခဲ့ပါတယ်။ တောင်ပံနှစ်ဖက်မှာ ဝီလျံ၊ အော်ဘာမီယန်၊ ဆာကာနဲ့ ဘယ်လာရင်တို့က တောင်ပံခံစစ်ကစားစေပြီး ဒေးဗစ်လုဇ်၊ ဂါဘရီရယ် နဲ့ တီယာနေး တို့ကိုတော့ ခံစစ်မှာ အထိုင် ကစားစေခဲ့ပါတယ်။

 

၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ဧည့်သည် ရှက်ဖီးလ်ယူနိုက်တက်ကတော့ ၃-၄-၃ ကစားကွက်ကို အသုံးပြုလာခဲ့ပါတယ်။ အဓိကကစားသမားတွေ ဖြစ်တဲ့ ဂိုးဒရစ်ခ်၊ လောင်းစတွမ်း၊ ဘက်ရှမ်း၊ ရမ်းစ်ဒေးလ်တို့နဲ့ ပွဲထွက်လာပြီး ဒီရာသီ ပရီးမီးယားလိဂ်အတွက် ပထမဆုံး ရမှတ် နဲ့သွင်းဂိုးရရှိဖို့ ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်း ရုံးကန်ရလေ့ရှိတဲ့ အာဆင်နယ်တို့ အိမ်ကွင်း အန်းမရိတ်စ်မှာ ကစားခဲ့ရပေမယ့်လည်း ဓားသွားတို့ရဲ့ ဂိုးပေါက်ကို ဒီတစ်ကြိမ်မှာလည်း ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ် နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ဲပြီး ဘောလုံးက  ကွင်းလယ်မှာပဲ အပျက်များခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ဖြစ်နေခဲ့တဲ့ အတွက် မီခယ်အာတေးတား အနေနဲ့ ကစားပုံ ပြောင်းလဲလိုက်ပြီး ရှက်ဖီးလ်ယူနိုက်တက် နောက်တန်းကို ပိုပြီးအလုပ်ပေးဖို့ တိုက်စစ်က အန်ကတ်တီးယားနေရာမှာ နစ်ကလပ်စ် ပေပေကို လူစားလဲခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်တိုက်စစ် အသက်ဝင်လာခဲ့ပြီး တောင်ပံက ဟက်တာဘယ်လာရင် ရဲ့ဖြတ်တင်ပေးပို့မှုကို လူငယ်ကစားသမား ဆာကာက ၆၁ မိနစ်မှာ ခေါင်းတိုက်အဆုံးသတ်ပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာ ၆၄ မိနစ်မှာလည်း ဘယ်လာရင်ရဲ့ ဖန်တီးပေးပို့မှုကနေပဲ နစ်ကလပ်စ်ပေပေ က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရှက်ဖီးလ်ယူနိုက်တက်က ပြန်လည်ဖိအားပေးခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ ကျော်မှာတော့ တိုက်စစ်မှူး မက်ဂိုးဒရစ်ခ်က ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားခဲ့ပါတယ်။ ဒီဂိုးကတော့ ရှက်ဖီးလ်ယူနိုက်တက် အတွက် အခုရာသီအတွက် ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိလို့ ၂-၁ ရလဒ်နဲ့ ပဲပွဲပြီးဆုံးခဲ့ပြီး အာဆင်နယ်တို့ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီရာသီ ပရီးမီးယားလိဂ်အတွက် ပထမဆုံး ရမှတ် နဲ့သွင်းဂိုးရရှိဖို့ ပြင်ဆင် လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းလုံးဝပျောက်ဆုံးနေပြီး နိုင်ပွဲရဖို့ရုံးကန်နေရတဲ့ ရှက်ဖီးလ်ယူနိုက်တက်

ဒီနေ့ပွဲအတွက် အလှည့်အပြောင်းကတော့ အာဆင်နယ်နည်းပြ အာတေးတားရဲ့ လူစားလဲလှယ်မှု ဖြစ်ပြီး ကျန်ခဲ့တဲ့ ပွဲတွေတုန်းက တောက်လျောက် ခြေစွမ်းမပြနိုင်တဲ့ ပေပေ အနေနဲ့ အခုပွဲမှာတော့ ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့သလို ဆာကာသွင်းယူခဲ့တဲ့ ပထမဂိုးမှာလည်း ပါဝင်ပတ်သတ်ခဲ့ပါတယ်။ ဟက်တာ ဘယ်လာရင် ကတော့ ဖန်တီးမှု နှစ်ကြိမ်စလုံး ပြုလုပ်နိုင် ခဲ့ပေမယ့် ပထမဂိုးသွင်းတဲ့ လူငယ်ကစားသမားလေး ဘူကာယို ဆာကာက သွင်းဂိုး တစ်ဂိုးအပြင် ဘောလုံးပေးပို့တိကျမှု ၈၃ ရာခိုင်နှုန်း၊ ပြိုင်ဘက်နောက်တန်းကို ဖြတ်ကျော်မှု ၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့လို့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ တတိယပွဲစဉ်အပြီးမှာလည်း အသင်းခေါင်းဆောင် အော်ဘာမီယန် ဂိုးမသွင်းနိုင်ခဲ့လို့ ၃ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အာတေးတားရဲ့ နည်းစနစ်ပိုင်းနဲ့ တစ်ခါတစ်ရံမှာ အံမဝင်တဲ့ ဝီလျံကတော့ ဒုတိယပိုင်း ပေပေ လူစားဝင်လာချိန်မှာ ပုံစံကောင်း ပြသနိုင်ခဲ့သလို ကျန်ကစားသမားတွေဖြစ်တဲ့ ဆယ်ဘာယော့စ်၊ ဂါဘရီရယ်၊ တီယာနီ၊ ဒေးဗစ်လုဇ်တို့ကတော့ ခြေစွမ်းကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ခြေစွမ်းကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ နေရာစုံက ကစားသမားတွေ အားလုံးနီးပါးဟာ ပုံမှန်ထက်နိမ့်ကျတဲ့ စွမ်းဆောင်ရည်သာရှိခဲ့တာကြောင့် နည်းပြ ခရစ်ဝိုလ်ဒါအနေနဲ့ လာမယ့် ပွဲစဉ်တွေ အတွက် ဖိအားတွေ များသထက်များ လာခဲ့ပြီလို့လည်း ဆိုရမှာပါ။

 

လာမယ့်ပွဲစဉ်များ

လာမယ့် ရက်သတ္တပတ် မှာတော့ ပရီးမီယားလိဂ် အမှတ်ပေးပွဲစဉ်တွေ ရပ်နားပြီး နေးရှင်းလိဂ် ပွဲစဉ်တွေ ကစားဖို့ ရှိနေတာကြောင့် နှစ်သင်းစလုံး အနားရနေမှာလည်း ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ မှာတော့ ရှက်ဖီးလ်ယူနိုက်တက်က ဖူလ်ဟမ်နဲ့တွေ့ဆုံနေပြီး ဒီရာသီအတွက် ပထမဦးဆုံး ရမှတ် ရှာတွေ့ဖို့ အခြေအနေ ကောင်းနေပါတယ်။ အာဆင်နယ်ကတော့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေလို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်