နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို နိုးထဖို့ နှိုးဆွလိုက်တဲ့ အိုးထရက်ဖိုဒ့်က ပရီးမီးယားလိဂ် အိမ်မက်ဆိုး

မန်ချက်စတာယူနိုက်တက် ၁ – ၆ တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ ကမောက်ကမရလဒ် ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့တွေ့ဆုံမှုလည်း ပါဝင်ခဲ့ပါတယ်။ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ အဲ့ဒီ ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါးက အိမ်ရှင်တို့ကို ၁-၆ ရလဒ်နဲ့ ချေမှုန်းပြီး ပရီးမီးယားလိဂ် သမိုင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၆ဂိုး သွင်းယူနိုင်တဲ့ တတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ပြိုင်ဘက်အသင်းကို ၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲ ၃ ပွဲပဲသာရှိခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ၃ပွဲ စလုံးဟာ အောက်တိုဘာလ မှာပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဆောက်သမ်တန်ကို ၆-၃၊ ၂၀၁၁ ခုနှစ်မှာ မြို့ခံ ပြိုင်ဘက် မန်စီးတီးကို ၆-၁ တို့နဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
 

ပွဲမှတ်တမ်းနဲ့  အချက်အလက်များ

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ သလို ရှုံးပွဲ တွေကြောင့် ပရိသတ်တွေ အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရတယ် ဆိုပေမယ့် အခုတစ်ကြိမ် ရှုံးပွဲ ကတော့ ယူနိုက်တက် ပရိသတ်တွေ အတွက် ခံစားရအခက်ဆုံး အနာကျင်ရဆုံး ရှုံးပွဲတစ်ခု ဖြစ်ခဲ့မယ်လို့ ထင်ပါတယ်။ အရှေ့ပွဲစဉ်တွေမှာ ပဲလေ့စ်ကို ရှုံးပြီး ဘရိုက်တန်ကို အနိုင်ရထားလို့ အခြေအနေ အဆိုးရွားကြီး မဟုတ်ဘူးလို့ ထင်ခဲ့ကြပေမယ့် အခု ပွဲရလဒ်ကတော့ ယူနိုက်တက် အတွက် ပြုပြင် ပြောင်းလဲချိန်တန်ပြီ ဆိုတာ အချက်ပေးလိုက် သလိုပါပဲ။

ပွဲစဉ်အကြောင်း အကျဉ်းချုံး ဖော်ပြရမယ်ဆိုရင် ယူနိုက်တက်တို့ ဒီပွဲမှာ ၄-၂-၃-၁ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး အဓိက ကစားသမား အစုံအလင်နဲ့ စပါးကို ရင်ဆိုင်ခဲ့ပါတယ်။ ထူးခြားတာက နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အနေနဲ့ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ မာစီရယ်တို့လို တိုက်စစ် အားသန်တဲ့ ကစားသမားတွေကို အစုံအလင် ပွဲထုတ် ခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ စပါး တိုက်စစ် ဘယ်လောက် ထက်နေတယ် ဆိုတာကို ဆိုးလ်ရှား မေ့လျော့ နေခဲ့သလား ဆိုတာ စဉ်းစားစရာပါ။ စပါးဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာ အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာ ကို ၇-၂ နဲ့ ပူပူနွေးနွေး အနိုင်ရထားပြီး ပရီးမီယားလိဂ်ရဲ့ ကြောက်စရာ အကောင်းဆုံးတိုက်စစ် အတွဲတွေထဲက တစ်တွဲ ဖြစ်တဲ့ ဆွန်နဲ့ ကိန်းကိုလည်း နည်းပြ အိုလီဂန်နာဆိုးလ်ရှား အနေနဲ့ မဖြစ်မနေ ထည့်တွက်ခဲ့သင့်ပါတယ်။ စပါးကတော့ သူတို့ရဲ့ ကစားကွက်အတိုင်း ၄-၃-၃ နဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပြီး တစ်သင်းလုံး ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ် လို့ ဆိုရမှာပါ။ ပွဲအစ ၂ မိနစ်မှာတင် ယူနိုက်တက်တို့ ပင်နယ်တီစရပြီး ဖာနန်ဒက်စ်က ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ ယူနိုက်တက် ပရိသတ်တွေ ပျော်ရွှင်ခဲ့ကြရပေမယ့် အပျော်တွေက ကြာကြာမခံခဲ့ပါဘူး။ နောက်ထပ် ၂ မိနစ် အကြာကစလို့ ယူနိုက်တက် ပရိသတ်တွေ အတွက် ပွဲချိန်တိုင်းဟာ ရင်နင့်စရာ ဖြစ်ခဲ့ ရပါတယ်။ စပါးအတွက် ချေပဂိုးကို ဒွန်ဘီလီက သွင်းယူပေးခဲ့ပြီး နောက်ထပ် ၃မိနစ်အကြာမှာ ဆွန်ဟောင်မင် က ဦးဆောင်ဂိုး ထပ်မံ သွင်းယူ ပေးသွားခဲ့ ပြန်ပါတယ်။ စပါးရဲ့ ဦးဆောင်တာ ခံလိုက်ရတဲ့ အချိန်မှာ ယူနိုက်တက်ရဲ့ ကစားပုံ သိသိသာသာ ဆိုးရွားသွားခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ ပါးပါးနပ်နပ် မရှိတဲ့အပြင် မရင့်ကျက်သေးတဲ့ တိုက်စစ်မှူး မာစီရယ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ ရပါတယ်။ အဲ့နောက်မှာတော့ တစ်ယောက်လျော့ ယူနိုက်တက်တို့ အိမ်ကွင်းမှာ စပါးပြုသမျှ နုခဲ့ရပြီး ကိန်းက မိနစ် ၃၀ မှ တတိယမြောက် ဦးဆောင်ဂိုး၊ ၃၇ မိနစ်မှာ ဆွန်ဟောင်မင်က  စတုတ္ထဂိုး၊ ၅၁ မိနစ်မှာ နောက်ခံလူ အော်ရီရာက  ပဉ္စမဂိုးနဲ့ ၇၉ မိနစ် မှာတော့ ကိန်းကပဲ ပင်နယ်တီကနေ တစ်ဆင့် ဆဌမမြောက်ဂိုး သွင်းယူ သွားခဲ့လို့ ပွဲအပြီးမှာ ၁-၆ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပရီးမီယားလိဂ်ရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်အတွဲတွေ ထဲကတစ်တွဲ ဖြစ်တဲ့ ဆွန်နဲ့ ကိန်း
၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ရမှတ် ၇မှတ်နဲ့ အမှတ်‌ပေးဇယား အဆင့် ၆ နေရာမှာရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒီပွဲကို တော့တင်ဟမ်ဟော့စပါးတို့ အရမ်းကောင်းလွန်းလို့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ပါးနပ်လို့ သွင်းဂိုးတွေ အများကြီးနဲ့ အနိုင်ရခဲ့တာပါ။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် ကစားသမား အကုန် လုံး ကိုယ့်တာဝန်ကိုယ်ကျေခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ အမှားတစ်ခုလုပ်တိုင်း သွင်းဂိုးတစ်ဂိုး အမိအရယူနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ဒီပွဲမှာ အနိုင်ရသွားတဲ့ စပါးကို ဘာမှသိပ်ပြောစရာမရှိသလို အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ပိုပြီးတောင် ပြောစရာ မရှိပါဘူး။ နည်းပြဆိုးလ်ရှားရဲ့ ပွဲအပေါ်ချဉ်းကပ်မှု မှားယွင်းခဲ့တာကစလို့ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု မရှိတာ၊ ပရော်ဖက်ရှင်နယ်ကျကျ မကစားနိုင်ခဲ့ တာတွေကြောင့် သမိုင်းတွင်မယ့် ရှုံးပွဲတစ်ပွဲနဲ့ ထိုက်တန်ခဲ့တယ် လို့ပဲ မြင်မိပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင် ရာသီအစ ၃ပွဲပဲ ကစားရသေးလို့ အချိန်မှီနိုင်သေးတယ် ဆိုပေမယ့် ထိရောက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိုင်ရင် နောင်ရေး ကတော့ ရင်လေးစရာပါပဲ။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီး ၁ပွဲနိုင်၊ ၂ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အဆင့် ၁၆နေရာထိ ရောက်ရှိနေတာက စိုးရိမ်စရာမဟုတ်ပေမယ့် ပေးဂိုး ၁၁ ဂိုးထိရှိနေတာကတော့ အသင်းကြီး တစ်သင်းအတွက် မဖြစ်သင့်တဲ့ အခြေအနေ တစ်ခုပါ။ ဂိုးကွာခြားချက် -၆ဂိုး အထိရှိနေတဲ့ ယူနိုက်တက်ရဲ့ နောက်မှာ ဝက်စ်ဘရွန်းနဲ့ ဖူလ်ဟမ်ပဲ ရှိပါတော့တယ်။ စပါးကတော့ အခုပွဲအနိုင်ရခဲ့လို့ ၄ပွဲကစား ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ရမှတ် ၇မှတ်နဲ့ အမှတ်‌ပေးဇယား အဆင့် ၆ နေရာအထိ တက်လှမ်းလာ နိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

နေးရှင်းလိဂ်ပွဲစဉ်တွေ ရှိလာလို့ လာမယ့် ရက်သတ္တပတ်ထဲမှာ ဥရောပအမှတ်ပေးပြိုင်ပွဲတွေ အားလုံး ရပ်နား ထားမှာပါ။ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာတော့ ယူနိုက်တက်တို့ နယူးကာဆယ် အိမ်ကွင်းမှာ ပရီးမီယားလိဂ် ပွဲစဉ် သွားရောက် ကစားရဖို့ရှိပြီး ၂၁ရက်နေ့မှာတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ၁၈ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်၊ ၂၃ ရက်နေ့မှာ အဲလ်အေအက်စ်ကေနဲ့ ယူရိုပါလိဂ် ကစားရဖို့ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်