နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း လေးဂိုးနဲ့အထက် ဂိုးသွင်းယူနိုင်ခဲ့ကြသူများ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ စံချိန်မှတ်တမ်းဝင်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အာရှသားတွေအနေနဲ့ အမြင့်ဆုံးဟက်ထရစ်သွင်းဂိုးတွေသာ ရယူနိုင်ခဲ့ပြီး ဆွန်ဟောင်မင်ကတော့ တစ်ပွဲတည်း လေးဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အာရှသားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်လိုပဲ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၄ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအများအပြားရှိနေခဲ့ပြီး ဆွန်ကတော့ ၂၈ ယောက်မြောက်ကစားသမား အဖြစ် စာရင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ပွဲတည်းလေးဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံးကစားသမားကတော့ နော့ဝှစ်ချ်တိုက်စစ်မှူး အီဖန်အက်ကိုကူ ဖြစ်ပြီး ၁၉၉၃ခုနှစ် စက်တင်ဘာလတုန်းက ကစားခဲ့တဲ့ အဲဗာတန် ပွဲမှာ  သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုး ၄ဂိုးအပါအဝင် နော့ဝှစ်ချ်အသင်းဟာ ၁-၅ ရလဒ်နဲ့ အဲဗာတန်အသင်းကို အနိုင်ရခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ပွဲတည်း ၄ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပေါင်း ၂၈ ဦးထိရှိခဲ့ပြီး SBOTOP ပရိသတ်တွေနဲ့ မစိမ်းတဲ့ နာမည်ကျော်ကစားသမား တွေလည်းဖြစ်ပါတယ်။

 

အန်ဒီကိုးလ်

တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ တိုက်စစ်မှူးကြီး အန်ဒီကိုးလ်ဟာ တစ်ပွဲတည်း ၄ဂိုးနဲ့ အထက်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပွဲနှစ်ပွဲရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မတ်လက ယူနိုက်တက်က အစ်ပ်ဆွစ်ချ်ကို ၉ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ၄ဂိုးသွင်းယူခဲ့ပြီး ၁၉၉၉ခုနှစ် သြဂုတ်လ မှာ နယူးကာဆယ်ဘက်ကို တစ်ဦးတည်း ၅ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

 

အလန်ရှီးယား

နယူးကာဆယ်အသင်းရဲ့ ဒိတ်ဒိတ်ကျဲတိုက်စစ်မှူးကြီး အလန်ရှီးယားဟာလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးတွေနဲ့ ပတ်သတ်လာရင် မပါမဖြစ်ဖော်ပြခံရလေ့ရှိသူဖြစ်ပါတယ်။ ရှီးယားဟာလည်း ၁၉၉၉ခုနှစ် စက်တင်ဘာလက ရှက်ဖီးလ်ဝမ်းနက်စ်ဒေးအသင်းဘက်ကို တစ်ဦးတည်း ၅ဂိုးသွင်းယူခဲ့သလို နယူးကာဆယ်အသင်းဟာလည်း ၈ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

 

ဒီမီထရီဘာဗာတော့ဗ့်

ဒီမီထရီဘာဗာတော့ဗ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေ ရဲ့အသဲစွဲကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး သူလည်းပဲ ၄ဂိုးနဲ့ အထက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲ ၂ပွဲရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တစ်ကြိမ် ၂၀၁၀ ခုနှစ်က ယူနိုက်တက်နဲ့ တစ်ကြိမ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်ဒီဇင်ဘာလက စပါးနဲ့ရက်ဒင်းတို့ ကစားတဲ့ ပွဲစဉ်မှာ ဘာဗာတော့ဗ့်အနေနဲ့ ၄ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာလက ဘလက်ဘန်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ သွင်းဂိုး ၅ဂိုးအထိရရှိခဲ့သလို ယူနိုက်တက်ဟာလည်း ၇-၁ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

ဂျာမိန်းဒီဖိုး

တော့တင်ဟမ်ဟော့စပါးနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးဟာလည်း တစ်ပွဲတည်း ၅ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဝီဂန်ကို ၉ဂိုး၁ဂိုးနဲ့ အကြီးအကျယ်ဆုံးနိုင်ပွဲရခဲ့တဲ့ စပါး အတွက် ရရှိတဲ့ သွင်းဂိုးတွေထဲက ၅ ဂိုးကတော့ ဒီဖိုးတစ်ဦးတည်းကပဲသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ဆာဂျီယိုအဂွဲရိုး

မန်ချက်စတာစီးတီးအသင်းရဲ့ ဂန္တဝင်ကစားသမားလို့ သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယို အဂွဲရိုးကတော့ တခြားစံချိန်ရှင်တွေအားလုံးထက် ပိုပြီးသာလွန်တယ်ဆိုတာကို သက်သေပြထားနိုင်ခဲ့ပါတယ်။ အဂွဲရိုးဟာ တစ်ပွဲတည်း ၄ဂိုးသွင်းခဲ့တဲ့ ပွဲနှစ်ပွဲရှိခဲ့ပြီး ၅ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲကတော့ တစ်ပွဲရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အောက်တိုဘာလက မန်စီးတီးတို့ တော့တင်ဟမ်ဟော့စပါးအသင်းကို ၄-၁ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်ကြိမ်၊ ၂၀၁၈ခုနှစ်က လက်စတာစီးတီးကို ၅-၁ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတစ်ကြိမ် တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်အောက်တိုဘာလက နယူးကာဆယ်ကို ၆-၁နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ တစ်ဦးတည်း၅ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘယ်သူမှလိုက်မမှီနိုင်တဲ့ ပရီးမီးယားလိဂ် မှတ်တမ်းကောင်းတစ်ရပ် စိုက်ထူနိုင်ခဲ့သူဖြစ်ပါတယ်။ တစ်ပွဲတည်း၄ဂိုးသွင်းယူနိုင်ခဲ့တဲ့ နာမည်ကျော်ကစားသမားတွေကတော့

  • ရော်ဘီဖောင်
  • ဗီယာလီ
  • ကလင်းစမန်း
  • မိုက်ကယ်အိုဝင်
  • အိုလီဂန်နာဆိုးလ်ရှား
  • ဂျင်မီဖလွိုက်
  • ဗီဒူကာ
  • သီဟာရီအွန်နရီ
  • ယာကူဘူ
  • လမ်းပတ်
  • အာရှာဗင်
  • ရော်ဘီကိန်း
  • ဝိန်းရူနီ
  • လူးဝစ်ဆာဟာ
  • ဒီဂျက်ကို
  • လူးဝစ်ဆွာရက်ဇ်
  • ဝိုင်ဂျ်နယ်လ်ဒမ်
  • ရိုမယ်လူကာကူ
  • မိုဟာမက်ဆာလာ
  • မီချယ်လီအန်တိုနီယို တို့ပဲ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်